Header Ads

အရပ်ရှည်တဲ့ကောင်လေးတွေကိုချစ်ရခြင်း၏အားသာချက်

၁။ လူဘုံအလယ်မှာ ဝံ့ကြွားစေတယ်

လူအများရှေ့ရောက်လို့ မိမိချစ်သူပါလို့ မိတ်ဆက်ပေးလိုက်တာနဲ့ အားလုံးက 

မော့ကြည့်နေရပြီး အားလုံးရှေ့မှာ ဝံ့ဝံ့ကြွားကြွား ဖြစ်စေတာဟာ အရပ်ရှည်တဲ့ 

ချစ်သူကောင်လေးတွေ ကြောင့်ပါ။


၂။ လိုက်ဖက်တယ်

ထုံးစံအရ ပြောရရင် မိန်းကလေးက ယောင်္ကျားလေးထက် ရှည်နေရင် 

ကြည့်မရကောင်းဘူး။ ယောင်္ကျားလေးက မိန်းကလေးထက် အရပ်ရှည်နေ

မှသာ လိုက်ဖက်တယ်လို့ ဆိုနိုင်ခြင်း ဖြစ်ပါတယ်။


၃။ တစ်ခုခုဆိုရင် အားကိုးလို့ ရတယ်

မိန်းကလေး အနေနဲ့ တစ်ခုခုကို မမှီတာ ဖြစ်ဖြစ်၊ အကူအညီလိုတာ ဖြစ်ဖြစ် 

အရပ်ရှည်တဲ့ အတွက်ကြောင့် အားကိုးလို့ရပါတယ်။ အမြင့်မှ မိမိမမှီတဲ့ 

အရာတွေကို လှမ်းယူခိုင်းလို့ ရတယ်။


၎။ အလွယ်တကူ ရင်ခွင်ထဲ တိုးဝေ့နေလို့ရတယ်

မိမိချစ်သူက အရပ်ရှည်တော့ မတ်တပ်ရပ်နေရင်းတောင် သူရဲ့ ရင်ခွင်ထဲ 

အလွယ်တကူ တိုးဝေ့နေလို့ ရပါတယ်။ ဒါကလည်း အရပ်ရှည်တဲ့ ကောင်လေး

တွေရဲ့ အားသားချက် တစ်မျိုးပါ။


၅။ ခန့်ညားတယ်

အက်ျီတွေ ဝတ်ရင်လည်း ရှည်ထွက်နေတာတို့ မတော်တာတို့ သိပ်မရှိလို့ 

အရပ်ရှည်ရှည်နဲ့ ခန့်ခန့်ညားညား ဖြစ်စေပါတယ်။ ဒါကြောင့် လူဘုံအလယ်မှာ 

မိမိချစ်သူဟာ ပေါ်လွင်နေပါလိမ့်မယ်။


Credit - pyittinehtaung.com







အောင်မြင့်မြတ်(Myanmar Youths)

No comments