Header Ads

ဖတ်ကြည့်စေချင်တယ်



" တစ်ခါက အရမ်းဆင်းရဲတဲ့ လင်မယား ၂ယောက်ရှိတယ်...
တနေ့မှာတော့ မိန်းမဖြစ်သူက သူ့ယောက်ျား အလုပ်သွားကာနီးမှာ
" ..သူ့ဆံပင်တွေ အရမ်းကိုရှည်လွန်းနေပြီဖြစ်လို့
ရှင်းလင်းဖို့ ဘီး ကောင်းကောင်းလေးတစ်ချောင်းလောက် ၀ယ်လာခဲ့ပေးပါလား " လို့ ပူဆာတယ်။
မိန်းမရဲ့စကားကိုကြားတော့ ယောက်ျားဖြစ်သူက အရမ်းကိုဝမ်းနည်းသွားတယ်.......
" ငါ့အတွက် မရှိမဖြစ်လိုအပ်တဲ့နာရီလေးကြိုးပြတ်နေခဲ့တာကိုလဲဖို့အတွက်တောင်
ငါ့မှာ ပိုက်ဆံ အလုံအလောက်မရှိပါဘူး မိန်းမရယ်" လို့ ပြန်ပြောတယ်..
ဒါနဲ့ မိန်းမကလည်း ဇွတ်အတင်း မပူဆာခဲ့ဘူး..
ယောက်ျားလည်းသူ့အလုပ်ကိုထွက်သွားခဲ့တယ်..

ညနေအလုပ်က အပြန်မှာတော့
သူ့ရဲ့ကြိုးပြတ်နေတဲ့ နာရီလေးကို နာရီဆိုင်တစ်ခုမှာ ၀င်ရောင်းခဲ့ပြီး
သူ့မိန်းမအတွက် ဘီးလှလှလေးကိုဝယ်လို့ အိမ်ကိုပြန်လာခဲ့လိုက်တယ်..
အိမ်လည်းရောက်တော့...
ဆံပင်တွေကို တိုကပ်နေအောင် ညှပ်ထားတဲ့သူ့မိန်းမကို လက်ထဲမှာ နာရီအသစ်လေးတစ်လုံး ကိုင်လျှက်သားနဲ့ အရမ်းကို အံ့အားသင့်စွာပဲ တွေ့လိုက်ရလို့
မိန်းမဖြစ်သူကလည်း ဆံပင်တွေကိုရောင်းပြီး သူ့အတွက်နာရီ အသစ်လေးတစ်လုံး ၀ယ်ထားတယ်ဆိုတာကို သူနားလည်လိုက်တယ်။
အဲ့ဒီအချိန်မှာပဲ လင်မယား နှစ်ယောက်တယောက်အဖြစ်ကို တယောက်ကြည့်ရင်း ၂ဦးလုံး မျက်ရည်တွေ ကျလာခဲ့ပါတော့တယ်..
အဲ့ဒီမျက်ရည်တွေဟာ...
ချို့ချို့တဲ့တဲ့ကြားကနေ တယောက်အတွက် တယောက်ကဝယ်လာတဲ့
လက်ဆောင်တွေက အသုံးမဝင်တော့လို့ ကျလာတဲ့မျက်ရည်တွေ မဟုတ်ပဲ
အချင်းချင်းတစ်ဦးပေါ် တစ်ဦးထားရှိတဲ့ မေတ္တာကို ခံစားမိတာကြောင့်
ကျလာတဲ့ မျက်ရည်တွေပဲ ဖြစ်ခဲ့တယ်..........
တကယ်တော့ အချစ်ဆိုတာ တစ်ယောက်ရဲ့လိုအင်ကို တစ်ယောက်က ဖြည့်ဆည်းပေးရင်း
ကိုယ်ချစ်ရတဲ့လူကို စိတ်ချမ်းသာစေခြင်းပဲ မဟုတ်လား...?
================================

နာမည်ကြီးစာရေးဆရာ O. Henry ရေးခဲ့တဲ့ ဇာတ်လမ်းလေးကို
အဆင်ပြေသလို ဘာသာပြန်ခဲ့တာပါ။

Ingyin Htay Aung


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments