စစ်သားပီသသူများတိုက်ကြတဲ့စစ်ပွဲ (သို့မဟုတ်)မဲသဝေါစစ်ပွဲ
စစ်သားပီသသူများ တိုက်ကြတဲ့စစ်ပွဲ..
***************************
၁၉၈၈ အရေးအခင်းကာလအတွင်း မြန်မာနိုင်ငံအစိုးရအုပ်ချုပ်ရေးယန္တရားပျက်စီးနေချိန်ကာလအတွင်း ဗကပ ကွန်မြူနစ်တို့က ရှမ်းပြည်နယ်အရှေ့ပိုင်းမှ မိုင်းယန်းကို လည်းကောင်း၊ KNU တို့က မဲသဝေါကိုလည်းကောင်း တစ်ချိန်တည်း တစ်ပြိုင်တည်း ချိန်ကိုက်တိုက်ခိုက်ကြခြင်းဖြင့် မြန်မာ့စစ်သမိုင်းတွင် ရက်အရှည်ကြာဆုံး မဲသဝေါတိုက်ပွဲကြီးစတင်ဖြစ်ပွားလေသည်။
*****တိုက်ပွဲစတင်ဖြစ်ပွားခြင်း
၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့
မဲသဝေါစခန်းကြီးတစ်ခုလုံးအား ဒုဗိုလ်မှူးကြီး သီဟသူရကျော်ညွန့် ဦးစီးသည့် အမှတ်(၇၆)ခြေလျင်တပ်ရင်းက စခန်းထိန်းတာဝန်ယူထားရသည့်အချိန်ကာလ။
တပ်ရင်းတစ်ရင်းလုံးဆိုသော်လည်း တပ်ခွဲတစ်ခွဲမှာ ရှမ်းရွာသစ်ဆီသို့ ခရီးသွားနေရသဖြင့် ထိုအချိန်က မဲသဝေါ၌ တပ်ခွဲ ၄ ခွဲမျှသာရှိ၏။ ထိုတပ်ခွဲလေးခွဲအား မဲသဝေါစခန်းအသီးသီး၌ ဖြန့်ခွဲနေရာချထားရ၏။
စက်တင်ဘာ ၂၇ ရက်နေ့ နံနက်တွင် KNU အင်အား ၆၀၀ ခန့်သည် အံ့ကျော်ကုန်း၏ ရှေ့ကာ တပ်စုအား လက်နက်ကြီးပစ်ကူများဖြင့် တရစပ် ရုတ်တရက်အတင်းဝင်ရောက်တိုက်ခိုက်ကြတော့၏။
တစ်ချိန်တည်း တစ်ပြိုင်တည်းမှာပင် အင်အား ၁၀၀၀ ခန့်က ကဆာနလီကုန်းနှင့် မဲသဝေါပင်မစခန်းကြီးအား လက်နက်ကြီးပစ်ကူများနှင့် အတင်းဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။ KNU တို့သည် မြောက်ဘက်ရှိ ကုန်းများမှ ဝင်ရောက်တိုက်ခိုက်ကြသည်သာမက သောင်းရင်းမြစ်ကြောင်းကို အသုံးပြုပြီး စက်လှေများ၊ မော်တော်များဖြင့် တပ်များစေလွှတ်ကာ မဲသဝေါအား လေးဘက်လေးတန်မှ ဝိုင်းဝန်းတိုက်ခိုက်ကြလေသည်။ ၄င်းတို့၏ အင်အားများမှာ KNU တပ်မ(၁) ကွပ်ကဲမှုအောက်မှ အမာခံတပ်မဟာများသာမက မဒတ(အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု) တပ်ဖွဲ့များပါ ပါဝင်တိုက်ခိုက်ခြင်းဖြစ်လေရာ တိုက်ပွဲအစမှာပင် အင်အား ၂၀၀၀(၅၀၀၀ ခန့်ရှိသည်ဟုလည်းသိရသည်)ကျော်မျှ ရှိခဲ့လေသည်။
KNU တို့က သာလွန်အင်အားနှင့် အငိုက်ဖမ်းတိုက်ခိုက်သောကြောင့် ထိုနေ့မှာပင် အံ့ကျော်ကုန်း ၊ပွိုင့် ၉၆၂ ၊ကဆာနလီကုန်းနှင့် မဲသဝေါပင်မစခန်းကြီးတို့ ကျဆုံးသွားခဲ့ပြီး တပ်ရင်းမှူးနှင့် ရတခလရ ၇၆ အင်အားစုများမှာ မောရလီတောင်ကျောသို့ ခွာစစ်ဆင်ကာ ရန်သူကို ခုခံခဲ့ကြရ၏။
ဆုတ်ခွာသွားသော တပ်ဖွဲ့များအား KNU တပ်များက မောရလီတောင်ကျော၌ ဝိုင်းပတ်ပြီးတိုက်ခိုက်ကြပြန်၏။ လက်နက်ကြီးများကို မိုးသီးမိုးပေါက်ပမာ ပစ်ခတ်ကြ၏။ သို့ရာတွင် ခလရ ၇၆ ၏ ကြံ့ကြံ့ခိုင်သော စိတ်ဓါတ်ကြောင့် ရန်သူများ အကြိမ်ကြိမ်ကျားထိုးကြသော်လည်း ရှေ့တိုးမလာနိုင်ဘဲ နောက်ပြန်ဆုတ်သွားကြရသည်။ တိုက်ပွဲမှာ ပြင်းထန်လှ၍ နှစ်ဖက်စလုံး အကျအဆုံးများပြားလေသည်။
တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သီဟသူရကျော်ညွန့်မှာ ၁၉၈၆ စီစီဝန်တာပန်တိုက်ပွဲကြီး၌ သီဟသူရစွမ်းရည်ဘွဲ့ကိုရရှိထားသူဖြစ်ရာ အလွန်စိတ်ဓါတ်မာကျောသောတပ်မှူးကြီးဖြစ်ပြီး သူမသေဘဲ ဤမဲသဝေါဒေသမှ မိမိတပ်များ လုံးဝခွာမသွားစေရဟု စိတ်ပိုင်းဖြတ်ထားသူဖြစ်၏။
တိုက်ပွဲအလွန်ပြင်းထန်နေစဉ်ကာလ၌ လက်အောက်မှ ဆုတ်ခွာရန်အကြံပြုရာ ငါမသေဘဲ လုံးဝမဆုတ်ရဟု အပြတ်အမိန့်ပေးခဲ့သည်ဆို၏။
စစ်ကူလာခြင်း********
မဲသဝေါဒေသသို့ပထမဆုံးစစ်ကူအဖြစ် အမှတ် ၇၅ ခြေလျင်တပ်ရင်းမှ စစ်ကြောင်းတစ်ကြောင်းနှင့် တပ်ခွဲသုံးခွဲရောက်ရှိလာသည်။ KNU တို့ထုံးစံအတိုင်းစစ်ကူစစ်ကြောင်းများတက်မလာနိုင်စေရန်ပိတ်ဆို့ထားသော ပိတ်ဆို့ရေးအဖွဲ့များကို ဖြတ်ကျော်ကာ ရောက်ရှိလာခြင်းဖြစ်လေသည်။ ရန်သူအင်အားမှာ များပြားရကာ စစ်ကြောင်းတစ်ခုတိုးလာရုံမျှဖြင့် ရန်သူနှင့်ရေရှည်ရင်ဆိုင်ရန်မဖြစ်နိုင်ချေ။ ထိုမျှသာမက မဲသဝေါပင်မစခန်းကြီးကျခဲ့ပြီးဖြစ်၍ စုပုံရိက္ခာနှင့်ခဲယမ်းများ မီးလောင်ပျက်စီးသွားခြင်းကြောင့် မိမိတပ်များတွင် ရိက္ခာနှင့်ခဲယမ်းများပြတ်လပ်လာလေသည်။ တိုက်ပွဲကာလမှာလည်း အချိန်တစ်ပတ်ခန့်ကြာမြင့်လာပြီဖြစ်သည်။နောက်ထပ်တက်လာသောစစ်ကူကား
***တပ်ရင်း (၃) လာပြီ
ထိုနေ့ ည ၁၁ နာရီ. . . နှစ်ဖက်လုံးငြိမ်နေသည်. . . အမှောင်ရိပ်ကို ခို၍ လှုပ်လှုပ်သွားနေကျသည်. . . တချို့အသက်ကိုပင်ပြင်းပြင်း မရှုရဲ. . . . တွားသွားလိုက် ကြောင်သွားသွားလိုက်နှင့် သွားနေကျသည်. . . ထိုသူတို့ကား အမှတ် ၃ ခြေမြန်တပ်ရင်းပင်ဖြစ်သည်. . .
မောရလီသို့ ယနေ့ညမှ မရောက်လျင် မောရလီကျပြီဆိုတာ အမှတ် ၃ တပ်ရင်းမှုးသိသည်. . ထိုကြောင့် မိမိနေရာနှင့် ကိုက် ၆၀၀ လောက်သာရှိတော့တဲ့ မောရလီကြောကို အမှောင်ထုကွယ်ကာ မိမိကိုယ်တိုင်ဦးဆောင်ပြီး ကတုတ်ကျင်းမှထွက်ကာ တိတ်တဆိတ်ချီတက်ခြင်းဖြစ်သည်. .သို့သော်. . .
.
တပ်ရင်မှူးကြီးခြေထောက် မရဏမင်းခေါင်း ကိုနင်းမိသည်. . . . ဝုန်း. . . . .ဆိုသည် တိတ်ဆိတ်မှုကို ဖြိုခွင်းသည့် အသံကြီးနှင့်အတူ တပ်ရင်မှုးကြီး လေပေါ်မြောက်သွာသည်. . ပြန်ကျလာတော့ ခြေသလုံးမပါ. . .
ချက်ချင်းဆိုသလို မော်တာများ လက်နက်ကြီး လက်နက်ငယ်များ ထို နေရာသို စုပြုံကျလာသည်. . . မထူးတော့ ဒုတပ်ရင်းမှူး၏ အမိန့်သံထွက်လာသည်. . .
”ပြေး မောရလီထိပ် ရောက်အောင်ပြေးးးးး”
သူကိုယ်တိုင် တပ်ရင်းမှုးကိုထမ်းပြေးသည်. . . လက်နက်သေတ္တာများ ရိက္ခာများကို ရဲဘော်တွေ အနိုင်မနင်းဖြစ်နေသောလဲ မထားခဲ့ . . . ခလရ ၇၆ အတွက် ဆွဲပြေသည် ထမ်းပြေးသည်. . . လဲကျသူကျကုန်သည်. မိုင်းနင်းသူနင်းကုန်သည်. . နောက်ဆုံးမောရလီကျော်ထိပ်သို့ ရောက်ကျလေပြီ. . .
ခမရ ၃ ရောက်ချိန်တွင် ခလရ ၇၆ ၏ တိုက်ခိုက်နိုင်မှုအင်အားက တစ်ဝက်ပင်မရှိတော့. . .အလားတူပင် စစ်ကူရန်ရောက်လာသည် တပ်ရင်း ၂ ရင်းအင်အားမှာလဲ အယောက် ၃၀၀ ပင်မရှိတော့ပေ. . . .
ထိုအချိန်တွင် ရန်ကုန်ရှိ စစ်ဦးစီးချုပ်ရုံးခန်းနှင့် စစ်ဆင်ရေးရုံးများတွင် ဗိုလ်ချုပ်များ အရာရှိများ အလုပ်ရှုပ်နေသည်. . .မိုင်းယန်းရော မဲသဝေါရော တစ်ပြိုက်နက်ဖြစ်နေသဖြင့် တပ်ချထားရေး အကျပ်ရိုက်နေသည်. . . .နောက်ဆုံး အဖြေတစ်ခုထွက်လာသည်. . .
တပ်မ ၄၄ ခြေမြန်တပ်မ ဌာနချုပ်နှင့်အတူ ခမရ ၄။ ခမရ ၆။ ခမရ ၇။ ခလရ ၇၈။ခလရ ၈၀။ ခလရ ၈၁။ ခလရ ၈၂ တို့ အား မဲသဝေါအား ပြန်လည်ထိုးစစ်ဆင်းရန် ညွှန်ကြားလိုက်သည်. . .။
****သူလာပြီ
၁၉၈၈ နိုဝင်ဘာ ၂၇ တွင် ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမောင် ရုံးခန်းထဲသို့ လူတစ်ယောက်ဝင်လာသည်. . . ထိုသူကား အခြားမဟုတ် ကရင်ပိုင်ကြီးဟု ခေါ်ရလောက်အောင် ကရင်နယ်မြေ ကျွမ်းကျင်သူ စစ်ဆင်ရေး အထူးအဖွဲ့မှူး ဗိုလ်ချုပ် မောင်လှပင်ဖြစ်သည်. . .၃ နာရီခန့် တံခါးပိတ်ဆွေးနွေးပြီးနောက် ထို့နေညနေတွင် ဘားအံသို့ လေယာဉ်ဖြင့်သွားပြီး ၁၉၈၈ နိုဝင်ဘာ ၃၀ ရက်နေ့တွင် ရှေ့တန်းစစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်ကို ပွိုင့် ၈၆၅ ကုန်းတွင်တည်ပြီး ဗိုလ်ချုပ်မောင်လှကိုယ်တိုင် မဲသဝေါတန်ပြန်ထိုးစစ်ကို အနီးကပ်ပြီးကြီးကျပ်လေသည်. . .
စစ်ဆင်ရေးကွပ်ကဲမှူခန်းမသည် အရမ်းမကျယ်လှ မြေအနက် ၈ ပေတူးကာ သစ်လုံးများ ဖုံးထားပြီး အလင်းဝင်ပေါက် အနည်းငယ်ချန်ထားသည်။ထို ခန်းမအလယ်တွင် ခုံတန်းရှည်ကြီးတစ်ခုရှိပြီး ထိပ်တွင် ဗိုလ်ချုပ်မောင်လှထိုင်နေသည်။သူ့ဘေးတွင် တပ်မ ၄၄ တပ်မမှူး. .နည်းဗျူဟာမှူးများ. ယန္တာတပ်မှူးများ အမြောက်တပ်မှူးများ ခုံတန်းတစ်ဖက်ဆီတွင် ထိုင်နေကျသည်. . .
ဗိုလ်ချုပ် မောင်လှသည် နံရံတွင် ချိတ်ထားသော ဆီစိမ် မဲသဝေါမြေပုံအား မျက်တောင်မခတ်ကြည့်ပြီး အမှတ် ၃ ခေတ္တတပ်ရင်းမှူးအား စောင့်နေသည် . . .၁၅ မိနစ်ခန့်ကြာသော ခေတ္တတပ်ရင်းမှူးရောက်လာပြီ ရန်သူများအားဖောက်ထွက်ပြီး ၆ နာရီခန့် ခရီးနှင်လာရကြောင်း တင်ပြသည်. . .
ထိုနောက် စစ်ဆင်ရေး အစီအစဉ်ကို စတင်ပြောကြားရာ ကစထမှူးက ကနဦးထိုးစစ်ကို လက်ရှိ ခမရ ၃ ရင်ဆိုင်နေရသည့် ရန်သူများကို စတင်ထိုးစစ်ဆင်ပြီး လန်ကျသည်နှင့် တစ်ပြိုင်နက် နောက်မှ ထပ်ချက်မကွာ တိုက်ထုတ်ရမည်ဖြစ်ကြောင်း။ နောက်ပြီး အမြောက်တပ်များကလဲ ရန်သူများကို အမြောက်မိုးရွာပြီး ဦးနှိမ်ပစ်ခတ်ပေးမည်ဖြစ်ကြောင်း. . ကကကြည်းမှလဲ မိုင်းယန်းတိုက်ပွဲပြီးဆုံးပြီဖြစ်သဖြင့် မဲသဝေါစစ်ဆင်ရေးကို လိုသလောက် လက်နက်သုံးစွဲခွင့်ပြုကြောင်း။ တပ်မ ၄၄ နှင့် တပ်ရင်း ၇ ရင်းကလဲ မနေ့ညကတည်းက လှိုင်းဘွဲ့တွင် စုစည်းပြီး မဲသဝေါသို့ အပြင်းချီတက်လာကြောင်း ပြောပြီ စစ်ဆင်ရေး အစီအစဉ်ကို အသေးစိတ်မှာကြားပါတယ်. .
ထိုနောက် ယန္တယားတပ် ညွှန်ကြားရေးမှူးက အပြင်ဖက်တွင် အမြောက်တပ်ရင်းမှူး
စောင့်နေကြောင်း ပစ်မှတ်အတွက် အကဲကြည့် တပ်ခွဲတစ်ခွဲ ထည့်ပေးလိုက်မည်ဖြစ်ကြောင်း ပစ်မှတ်များ သတ်မှတ်ထားပေးရန်လိုအပ်ကြောင်း ပြောကြားပါတယ်. . .
နောက်ဆုံး ဗိုလ်ချုပ်မောင်လှက ” မဲသဝေါးက ပြန်မရလို့ မရဘူး မဲသဝေါ လုံးဝကျရင် ဖလူး မဲသဝေါ မာနေပလော ပေါင်းပြီး ကရင်ပြည်လွတ်လပ်ကြောင်း ကြေညာလိမ့်မယ် နိုင်ငံရေးပါတယ် နောက်ပြီး တပ်မှူးတွေအားလုံး ဒီတစ်ပွဲရှုံးရင် ခင်းဗျားတို့လဲ တာဝန်က ရပ်နား ကျုပ်လဲ နားမယ် ” ဟု ပြတ်သားစွာပြောကြားခဲ့သည်။
ဤသို့ဖြင့် တပ်ရင်း (၃)၏တန်ပြန်တိုက်စစ်နှင့်အတူ
တပ်မတော်နှင့် KNU တို့ လှံစွပ်ထိုး တိုက်ပွဲများ လက်တစ်ကမ်းတိုက်ပွဲများ ထွေးလုံးသတ်ပုတ်ပွဲများ ဖြစ်ပွားခဲ့ပြီး ၁၉၈၈ ဒီဇင်ဘာ ၂၇ တွင် တပ်မတော်သမိုင်းတွင် အရှည်ကြာဆုံး မဲသဝေါတိုက်ပွဲကြီးသည် ၈၅ ရက်အကြာတွင် ပြီးဆုံးပြီး မဲသဝေါဒေသတစ်ခုလုံး ပြန်လည်သိမ်းပိုက်ရှိခဲ့လေသည်။
တိုက်ပွဲကာလ သုံးလကျော် ကြာမြင့်ခဲ့ပြီး တိုက်ပွဲစဉ်တစ်ခုလုံး တိုက်ပွဲကြီး ၈၅ ကြိမ် တိုက်ပွဲငယ်၁၄၅ ကြိမ် နဲ့  အနီးကပ် လှံစွပ်ထိုးတိုက်ပွဲ ၄၇ ကြိမ် ဆင်နွှဲခဲ့ရပြီး တပ်မတော်ဘက်က အရာ ရှိ ၁၂ ဦး အပါအ၀င် ၂၄၂ ဦးကျဆုံး ခဲ့ရပါတယ်။ အရာရှိ ၄၉ ဦး အပါအ၀င် ၉၂၂ ဦး ဒဏ်ရာရ ရှိခဲ့ပါ တယ်။ ဒါဟာ တပ်မတော် အတွက်တော့ အမြဲတန်း သတိရနေတော့မယ့် ကိန်းဂဏန်း အရေအတွက် တစ်ခု လည်း ဖြစ်ပါတယ်။
ယခုအချိန်မှာတော့ တစ်ချိန်ကရန်သူတော်ဖြစ်ခဲ့သူများလည်း အလင်းပေါ်ရောက်ရှိပြီး နိုင်ငံတော်နှင့်ပူးပေါင်းဆောင်ရွက်နေကြပြီဖြစ်ပါသည်…..။
#Xeron
Ref : ဆရာသောင်းဝေဦး / online source.
Post a Comment