Header Ads

ထို့ကြောင့် ကျွန်မမောင့်ကိုအလွန်ချစ်သည်

လူကုံတန်သားဖြစ်သော မောင်နှင့်ပန်းချီနှင့် လက်ထပ်သောအခါတွင် မောင့်မိဘများက မောင့်ကို စွန့်ပယ်ခဲ့ကြသည်။ ချစ်၍ယူထားသောဇနီးသည်မို့ မောင်က အမြဲ ကို အလိုလိုက်ခဲ့သည်။ တစ်နေ့တာလုံး အလုပ်သွား ညနေမှ ဟင်းချက်စရာဈေးကို ကိုယ်တိုင်ဝင်ကာ ပြန်လာတက်သော မောင်သည် အိမ်ပေါက်ဝရောက်၍ ဇနီးသည်မျက်နှာကို မြင်ရလျှင်အမောပြေနေပြီတဲ့(ပန်းချီကိုယ့်ဘာသာထင်တာကိုပြောတာပါ. . .). .

.မောင်နှင့် ပန်းချီနေခဲ့သည့်အိမ်လေးက ခဲပြာရောင်နုနုသုတ်ထားသည့် သစ်သားအိမ်လေး အရှေ့တွင် သံဇကာကြဲကြဲများကို တပ်ဆင်ထားသည်. . .မောင်က ပန်းချီကို မေးဖူးသည် ချမ်းသာသည့်မောင်ကို ယူခဲ့ပြီး ယခုလို ချို့ချို့တဲ့တဲ့နေရတာ မောင့်ကိုစိတ်မနာဖူးလားတဲ့. . .ကျွန်မဘ၀ဟာ မောင်ရှိနေရင် ပြည့်စုံပါတယ်မောင်. . .ပန်းချီတို့က အိမ်၏တစ်ဖက်ခြမ်း မောင်နှင့်ဆွေမျိုးမကင်းသော အပျိုကြီးက အိမ်၏တစ်ဖက်ခြမ်းတွင် (၂)ခန့်ကန့်ကာနေခြင်းဖြစ်သည်။

မောင်သည် ပန်းချီကိုအပြင်မထွက်ခိုင်း၊ အလုပ်မလုပ်ခိုင်းခဲ့သောကြောင့် မောင့်မိဘဆွေမျိုးများက ပန်းချီကို ကြည့်မရပါ. . .အတူနေ အပျိုကြီးကတော့ မောင်မရှိလျှင် ပန်းချီကို နည်းမျိုးစုံနှင့် ပြသနာရှာတက်သော်လည်း မောင့်ကို ချစ်သည့်အတွက် ပန်ချီသည်းခံနိုင်ခဲ့ပါသည်. . .မောင့်မျက်နှာ တစ်ရွာထင်ကာ နေခဲ့ရသူမို့ ပန်းချီကို မွေးစဉ်တည်းက ယောင်္ကျားတစ်မျက်နှာသာ ကြည့်မည့် သမီးဆိုသည့် နိမိတ်စကားကြောင့် ပန်းချီဆွေမျိုးများကလည်း မောင်နှင့်ညားစဉ်တည်းက ပန်းချီကို အသက်ရှိသည်ဟု သဘောမထားကြပါ. . .ဒါပေမယ့် မောင်ရှိလျှင်ပင် ပန်းချီဘ၀ပြည့်စုံခဲ့ပါသည်. . .ဘုရားဆုပန်ယောင်္ကျားဟု တင်စားရလောက်အောင် မောင်သည် ရိုးသားအေးချမ်းလွန်းသည်. . .မောင်ကတော့ ပန်းချီကို အရာရာကို မပွင့်မလင်း မြိုသိပ်တက်သော မိန်းကလေးဟု အပြစ်တင်လေ့ရှိသည်. . .ဘာပဲလိုချင်လိုချင် မောင့်ကိုပွင့်ပွင့်လင်းလင်းပြောလေ ဇနီးလေးရယ် မင်းမှမပြောတာ မောင်က ဘယ်လိုသိမှာလည်းဟု မောင်ဆူသော အခါတွင် မျက်ရည်ကျရုံမှလွဲ၍ ဘာပြန်ပြောရမယ်မှန်းမသိသော ဇနီးသည်ဖြစ်ခဲ့သည်. . .ပန်းချီမောင့်ကို တစ်ခါမှ မပူဆာတက်ခဲ့. . .မလိုချင်လို့ မပူစာသည်ဆိုသည်ထက် မောင့်အပေါ်အပူမပေးချင်၍ မြိုသိပ်မိသည်ကများသည်. . .မယားကို အိမ်ထဲအလှကြည့်နေသည့် ယောက်ျားဟု မောင့်ကို ကွယ်ရာတွင် ပါတ်ဝန်းကျင်မှကဲ့ရဲ့ကြသည်လား. . .မောင့်ကိုအပူမပေးချင်သောကြောင့် တစ်ခါတစ်ရံကိုယ့်အားကိုယ်ကိုးသော ပန်းချီသည်မောင်မရှိချိန်ဆိုလျှင် အလွန်ပြဿသနာတက်လေ့ရှိသည် . . .မောင် မရှိရင် ရေခပ်တောင်မထွက်နဲ့ ဟု မောင် မှာလေ့ရှိသည်. . .

မောင်သာ လူ့ဘ၀မှာမင်းနဲ့အတူရှိမနေဖူးဆိုရင် မင်းဘယ်လိုနေမလည်းလို့ မောင်သိပ်သိချင်တာပဲဟု ပန်းချီကို မောင်က မကြာခဏပြောလေ့ရှိသည်. . .ကျွန်မမောင့်ကိုလွမ်းရင်းနဲ့ တစ်သက်လုံး ဂေါတမမြတ်စွာဘုရားရှင်ရဲ့ ယသော်ဓရာရဲ့ ကိကိမင်းသမီးတော်လို ဗြဟ္မာစရိယအကျင့်ကို ကျင့်နေမှာပေါ့မောင်ရယ်. . .မောင့်ကို လွမ်းနေရင်းနဲ့ပေါ့နော် . . .

ပန်းချီထင်ပါတယ် တကယ်လို့များ မောင်မရှိတဲ့ဘ၀မှာသာဆိုရင် မောင့်ကိုလွမ်းလွန်းလို့ ပန်းချီရင်ဘတ်ထဲ နေလိုမီးလို ပူနေမယ်ထင်တယ်ဟု ကျွန်မပြောတော့ မောင်က မယုံသလိုပြုံးတက်သည်. . .

စီးတဲ့ရေ ဆယ်တဲ့ကန်သင်းမို့ အပြင်ထွက်ကာ အလုပ်မလုပ်သော်လည်း  မောင့်ကို စိတ်ချမ်းသာအောင်တော့ နေလေ့ရှိသည်။

မှတ်မှတ်ရရ. . .

ရက်တစ်ရက်၏ ညနေတွင် မောင်သည် သူကြားခဲ့သော သတင်းတစ်ခုကို အတည်ပြုရန်အလောတကြီးပြန်လာခဲ့သည်။ အိမ်ပေါက်ဝတွင် အပေါ်သို့မတက်နိုင်သော မောင့်ပုံစံသည် ရေးကြီးသုတ်ပြာဖြစ်နေခဲ့သည်. . .မောင့်ကိုမှန်မှန်ပြောစမ်း ဇနီးလေး. . .ဒီအိမ်က ငှားနေတာမဟုတ်ပဲ မောင်တို့ပိုက်ဆံနဲ့ ၀ယ်ထားတာဆိုဟုတ်လားဟု မောင်အလောတကြီးမေးသည်. . .ကျွန်မက ဟုတ်တယ်ဟု ပြောမှ မောင်သည်အမောပြေသွားသည့်ပုံဖြင့် သူဝယ်လာသည့် ဟင်းစားထုတ်ကိုယူကာမီးဖိုချောင်ထဲသို့ဝင်သွားလေသည်။ ပန်းချီမသိလိုက်မိသည်က မောင်စိတ်ကိုဖြစ်ပါသည်. . .အပူမကပ်တက်သော ပန်းချီကို မောင်က သူ့ကိုအားမကိုးသူဟု မြင်တက်သည်. . .မောင့်ကို ၀န်လျှော့စေချင်၍ မောင်မရှိတုန်း စီးပွားရေးလုပ်မိသော ပန်းချီကို မောင်က ဖောက်ပြန်နေမလားဟု တွေးတက်သည်. . .မောင့်ကိုမြင်သည်နှင့် အချိန်ပြည့် အနားကပ်နေသော ပန်းချီကို မောင်မရှိလျှင် မည်သူနှင့် အဲလိုနေမလည်းဟု မောင်တွေးနေတက်သည်ကို ပန်းချီမသိနိုင်ခဲ့ခြင်းဖြစ်သည်. . .နှစ်ပေါင်းများစွာကြာသောအခါ၏ တစ်ခုသောညတွင် မောင်သည် "ထိုစဉ်တုန်းက မောင်နဲ့ပန်းချီနေထိုင်ရာအိမ်လေးကို ပန်းချီက ငှားနေသည်ဟု ညာခဲ့မိသည့်အတွက် မောင့်ရင်ထဲမှာ အလွန်ဝမ်းနည်းခဲ့ရဖူးသည်" ဟုဝန်ခံခဲ့လေသည်. . .ပြီးတော့ ပန်းချီတို့ပိုင်တာဟု သိသည့်နေ့က  မောင် အရမ်းကို အားငယ်မိသည်တဲ့လေ. . .

ပန်းချီမမအပျိုကြီးသည် မေမေ့ကို သူမ၏ကိုယ်ပိုင်ပိုက်ဆံအား တခြားသူထံမှ ရသည်ဟုဆိုကာ အတိုးညာယူပြီး ပိုက်ဆံချေးထားသည်. . .တစ်လတစ်လ ကိုယ့်သမီးကိုယ်အတိုးပေးရန် အပူကြီးနေသော မေမေ့ကို မြင်သောအခါတွင်မှ မောင့်ခံစားချက်ကို ပန်းချီ နားလည်နိုင်သွားသည်. . .ပန်းချီလုပ်ရပ်က ခင်ပွန်းသည်ဖြစ်သော မောင့်ကို မည်မျှ သောကရောက်ကာ ၀မ်းနည်းနာကျင်ခဲ့ရမလည်းနော်. . .ပန်းချီအမှားကြီးမှားခဲ့ဖူးသည်ပဲ. . .တကယ်တော့ ဇနီးသည်မို့ အိမ်တွင် ပိုက်ဆံစုပြီးသား နှင့် ၀င်ငွေပိုရအောင် ကြံမိသော ပန်းချီအကြံကို မောင့်အမျိုးတွေသိသောအခါ မောင်ဘယ်လိုနေမလည်း. . .

မောင်တစ်ခါက ပန်းချီကို (၂)လနီးပါးခန့်ကြာအောင် သူ့မိခင်အိမ်သွားမည်ဟုဆိုကာ ပြန်မလာပဲ ပစ်ထားခဲ့ဖူးသည်. . .ထိုနေ့က ပန်းချီရင်ဘတ်တွင် ဒဏ်ရာရခဲ့သည်. . .ထိုစဉ်က မောင့်ကို စိတ်နာနာနှင့် ကျိန်ခဲ့မိဖူးသည်. . .ဇနီးထက် မိခင်ကို ပိုချစ်တဲ့မောင့်ကို ဘ၀အဆက်ဆက်မောင့်နဲ့မောင့်မေမေရဲ့ရင်ကို ခွဲနိုင်တဲ့သူဖြစ်ရပါစေလို့ပေါ့. . .မောင်ပြန်သိတော့ မောင်ကအတောမသတ်အောင်ရယ်တော့သည်. . .မင်းလေးကိုယ့်ကို ရင်ခွဲမယ်ဆိုရင် ဘယ်လိုပုံစံမျိုးလေးလည်းလို့ စောင့်ကြည့်ချင်တယ် ပန်းချီရယ်တဲ့. . .

ပန်းချီမှာတော့ ထိုကိစ္စကိုသတိရတိုင်း သမီးစိတ်ဆိုးတုန်းပြောတာမို့ ဗွေမယူပါနဲ့ မြတ်စွာဘုရားဟု ဘုရားအဆူဆူရှေ့အခါခါဆုတောင်းရသော အလုပ်ကြီးတစ်ခု တိုးလာခဲ့သည်. . .

ထို့ကြောင့် ပန်းချီ မိုးတွေရွာတိုင်း မျက်ရည်စို့အောင် မောင့်ကိုလွမ်းတက်ပါသည်. . .

မောင့်ကို ပန်းချီ က ခင်ပွန်းသည်လေးဟုခေါ်လေ့ရှိသည်. . .အချွဲလွန်သွားသောအခါ ခင်ပွန်းသည်လေးက "ထင်ပွန်းတယ်လေး" ဖြစ်ဖြစ်သွားတက်သည်. . . "ထင်ပွန်းတယ်=လင်" ဟု ပန်းချီကို နောက်တက်သေးသည်. . .ထို့ကြောင့် ကျွန်မခေါ်တိုင်းမောင်က ပြုံးလေ့ရှိသည်. . .ချွဲတာနည်းနည်းလွန်နေတယ်ဟုလည်း စတက်ပါသည်. . .

မောင့်အမျိုးအပျိုကြီးကတော့ ပန်းချီကို မျက်စောင်းခဲကာကြည့်ပါတော့သည်။ သူရောပန်းချီရော အိမ်ငှားဆိုပြီး သူ့ဆီက အိမ်လခကို တစ်ဖက်တစ်လမ်းက ညာညာယူခဲ့မိသည့်အတွက် ပန်းချီကို စိတ်ခုသွားပုံရကာ သူမဖက်အခြမ်းတွင် ရှိသော အခန်းထဲသို့ စောင့်ကြီးအောင့်ကြီးဝင်သွားလေသည်။

ကျွန်မမီးဖိုချောင်ထဲသို့ ၀င်ကာကြည့်လိုက်တော့ မောင်ဝယ်လာသည်က ငါးကြင်းအသားတုံးတွေ အသားချည်းသက်သက်ဝယ်လာသည့် ငါးကြင်းအလယ်သား(၃)ပိုင်းသည် (၃၀)သား(၂၅)ကျပ်သားလောက်ရှိမည်ထင်သည်။ ကျွန်မမောင့်ကို ငါးကြင်းချက်ပေးဖို့တွေးရင်း   မောင်က ငါးကြင်းကို အဖြူထည်အကြော်ကို ကြိုက်တာလား. . .ပဲငါးပြာရည်နဲ့ကြက်သွန်နီနှိုင်းချင်းလေးနဲ့ ပြန်နှပ်တာကို ကြိုက်တာလား. . .

ဒါမှမဟုတ် အချဉ်ဆီပြန်ကြိုက်တာလားမောင်. . .


ref'တိမ်ပန်းချီ

No comments