တောင်ပြာတန်းက ချစ်သက်သေ
တာင်ပြာတန်း က အချစ်သက်သေ
-----------------------------------------------
သူမ ဒီကို လာစဉ်က ရည်ရွယ်ချတ် နှစ်ခု နဲ့ ..........
ပထမ ရည်ရွယ် ချတ် က ဘူတန်မြို့ ရဲ့ နမည်ကျော် Taktsang ဘုံကျောင်းကြီး ကို ကိုယ်တိုင်ကိုယ်ကျ တွေ့ချင်မြင်ချင် လို့
ဒုတိယ ရည်ရွယ်ချတ် ကတော့ သူ့ကို တွေ့ဖို့
သူကို စတွေ့တုန်း က Oxford တက္ကသိုလ် မှာ ........ အုပ်ထိမ်းသူကြီး ဂေါဘုသ် က မိတ်ဆတ်ပေးလို့ သူ့ကို စသိခဲ့ရတယ် ။
သူ့နမည် က အဲရစ် ...... မိုက်ကယ်အဲရစ် .......:: ။
အဲ့ဒီတုန်း က မိုက်ကယ်ရဲ့ နစ်လိုဖွယ်အပြုံး နဲ့ တိတ်တခိုး ခိုးကည့်ပုံလေးတွေ ကို သူမ သဘောကျခဲ့တယ် ။
မိုက်ကယ် က သမိုင်းမေဂျာ က ဒီထက် ပိုပြီး တိတိကျကျပြောရမယ်ဆိုရင် အရှေ့တိုင်းက ဘူတန်ဒေသ ရဲ့ သမိုင်းကြောင်း ကိုလေ့လာဖို့ ဝါသနာကြီးသူ တယောက် ။
သူမ ကတော့ နိုင်ငံရေးဝါဒ နဲ့ အတွေးခေါ် မေဂျာ ကပေါ့ .,.....။
နှစ်ယောက်လုံး က လျှောက်တဲ့လမ်းခြင် မတူကြပေမယ့် ရင်ထဲမှာ တူညီနေတာက
သူက သူမ ကို စိတ်ဝင်စားသလို သူမ ကလည်း သူ့ကို စိတ်ဝင်စားနေခဲ့တယ် ။
ဒီလိုနဲ့ ...... လူငယ်သဘာဝအလျောက် တက္ကသိုလ်ကျောင်းတော်ကြီး ရဲ့ အရိပ်အာဝါသအောက် မှာ နှစ်ယောက်သား မေတ္တာမျှ ခဲ့ကြတယ် ။
ကျောင်းပြီးလို့ ဘဝရုန်းကန်းရေးအတွက် လုပ်ငန်းခွင်ကိုယ်စီဝင်ကြတဲ့အချိန် မှာ သူမ က ကုလသမ္မဂ မှာ အလုပ်ရခဲ့ပြီး ........ မိုက်ကယ် ကတော့ သူစိတ်ဝင်စား ခဲ့တဲ့ ဘူတန်ဒေသ မှာ
တော်ဝင်မျိုးနွယ်ကို စာသင်ကြားပေး ဖို့ တာဝန် ကျခဲ့တယ် ။
တနယ်စီခွဲရလို့ လူချင်းဝေး နေကြပေမယ့် ..... စာပေးစာယူလုပ်ခြင်းဖြင့် နှလုံးသားခြင်း နီးခဲ့ကြတယ် ။
ဒီလိုနဲ့ သူမခွင့်ရက်ရှည်ရတဲ့ အခါမှာတော့ သူ့ဆီကို အလည်လာဖို မိုက်ကယ် က သူမ ကို ဖိတ်ခဲ့ တယ် ။
သူမ မျက်နှာပြင်ပေါ်ကို လေးပြေလေး တချက်ဖြတ်သန်းလိုက်တော့ မှဘဲ သူမ အတွေးလွန်နေတာ ကို သတိရတော့တယ် ။
လက်မှာပတ်ထားတယ့် နာရီ ကို ငုံ့ကြည့်မိချိန်မှာတော့ ..... သက်ပြင်းရှည်ကြီး ချမိလိုက်တယ် ။
ချိန်ထားတဲ့ အချိန်ရောက်ဖို့ ဆယ်မိနှစ်လောက် လိုသေးသည့်အတွက် သက်ပြင်းခနခနချရင်း ခေါက်တွန်ခေါက်ပြန် လမ်းလျှောက်နေမိတယ် ။
ချိန်းထားတဲ့ နေရာ ကို စောရေညက်နေခဲ့မိတာ သူမ မှားပြီလို့ ထင်နေခဲ့တယ် ။
သူမ သည် အချိန် ကို တန်ဖိုးထားသည် ။ ထို့ကြာင့် ချိန်းဆိုမှုတိုင်း ဘယ်တော့ မှ နောက်မကျတတ် ။
ထိုအခိုက် တစုံတယောက် က သူမ မျက်လုံးနှစ်ဖက် ကိုခပ်ဖွဖွအုပ်လိုက်သည် ။
ရင်ထဲတွင်နွေးသွားကာ ........
'' မိုက်ကယ် ...! ကျမ က ရှင်မလာလို့ ပြန်တော့မလို " ဟု ရယ်သွမ်းကာ စနောက် လိုက်သည် ။
ပိတ်ထားသော လက်ကလေး ကို ကသာအယာပြန်ရုတ် ၍
'' ဟင် ....... စု ရယ် ချိန်းထားတဲ့ အချိန် ရောက်ဖို့ ငါးမိနှစ်တောင်လိုသေးတာ
တကယ်ဆို ကို ကတောင်စောရောက်နေသေးတယ် ...,, ။ အဟား ....... ။
ချစ်သူနှစ်ဦး ခုလို မရယ်မောရတာ တော်တော်ကြာပြီ ..... ဒီလိုနဲ့ သူတိုနှစ်ဦး လက်ချင်းချိတ်လို့ ဘူတန်မြို့လေး အနှံ့ ခြေရာတွေ ထပ်အောင် လျှောက်လည်ခဲ့ကြတယ် ။
စု လာခဲ့စဉ် ရက်တွေ မှာ မိုက်ကယ် က သူ့ခံစား ချက်တွေကို ပိုပြီးနားလည် လာတယ် ။
သူ ........ အရှေ့တိုင်းအလှ ဘူတန် ထက် အရှေ့တိုင်းသူ ဆန်တဲ့ စု့ ကို ရှေ့တန်းတင်တတ်လာပြီလေ ....... ။
ခံစားချက်တွေ မျိုသိပ်မထားနိုင်တော့တဲ့ အဆုံး ....... တစ်ရက် မှာတော့ နှင်းတွေဖုံးနေတဲ့ တောင်ထိပ်တနေရာ မှာ သူမ ကို လက်ထပ်ခွင့် တောင်းလိုက်တယ် ။
ထို့အခါ ........ စု တယောက် အရမ်းကို တည်တည်ကြီး ဖြစ်သွားတယ် ။
စုတယောက် တခါမှ သည်လောက်ကြီး မတည်သွား ဖူးတော့ သူ လန့်လဲ လန့်သွားခဲ့တယ် ။
စု့ ရဲ့ မျတ်ဝန်း တွေ က မိုက်ကယ် ကို့ ကြည့်နေရာကနေ ဟိုးးးးးးအဝေးတနေရာက နိုင်ငံငယ်လေးတခု ဆီ ကို အကြည့်တွေ လွှဲပြစ်လိုက်တယ် ။
" မိုက်ကယ် ရှင် ကျမ ကို လက်ထပ်ရင် ဝမ်းနည်းရလိမ့်မယ် ။ ကျမ ဘဝ က ဟိုအဝေးတနေရာက ပြည်သူတွေ အတွက် ဖြစစေရလိမ့်မယ် လို့ ကျမ ငယ်စဉ်ကထဲ ကခံယူခဲ့ဘူးတယ် ။
ဒီဆုံးဖြတ်ချတ် ကို ကျမ ပြင်မှာ မဟုတ်ဘူး ။ ကျမနိုင်ငံ ကပြည်သူတွေ ပြီးရင် ရှင်က ကျမဘဝ ရဲ့ အရေးကြီးဆုံးနေရာ မှာ ရှိနေပါလိမ့်မယ် ။
ကျမ ပြည်သူတွေ ကျမ ကို လိုအပ်ချိန် မှာ ရှင့်ကို ခွဲသွားရလိမ့်မယ် ...... ။
ဒါကိုရှင်လက်ခံ နိုင်ပါ့မလား မိုက်ကယ် ။
ကောင်းပါပြီ ......... စု ။ ကိုယ်ကျေကျေနပ်နပ်ကြီး လက်ခံ ပါတယ် ။
ဒီလိုနဲ့ ...... နောက်တနှစ်အကြာ မှာဘဲ သူတို့နှစ်ယောက် လန်ဒန်မြို့ က တရားရုံးတခု မှာ လက်ထပ်ခဲ့ကြတယ် ။
စုနဲ့ နေခဲ့ရတဲ့ ရက်တွေတိုင်က မိုက်ကယ် အတွက် ပျော်စရာပါဘဲ ....... ။
သားနှစ်ယောက် ထွန်းကားခဲ့ပြီးနောက်ပိုင်း မိသားစု က အရင်ကထက် ပိုပြီး သိုက်သိုက်ဝန်းဝန်း နဲ့ ပျော်စရာကောင်းလာခဲ့တယ် ။
ဒါပေမယ့် ...... သူတို့အိမ်ထောင်သက်တမ်း ဆယ့်ခြောက်နှစ်စွန်းစွန်းပြည့်တဲ့ နေ့တနေ့ရဲ့ ညနေခင်းအချိန်မှာ နိုင်ငံခြား မှ ဖုန်းတစ်လုံး ဝင်လာခဲ့တယ် ။
စု ဧ။် မိခင်ကြီး လေဖြတ်သွားတဲ့ အကြောင်းကို ကြားလိုက်ရတယ် ....... ။
ကြားကြားချင်းဘဲ စု က မိုက်ကယ် ကို အမေ့ထံ သို့ လိုက်သွားမည့် အကြောင်း ၊ တစ်ပတ် နှစ်ပတ် ဆို ပြန်လာ နိုင်လိမ့်မည် ဟုထင်ကြောင်း တဖွဖွ ပြောဆိုကာ အမိနိုင်ငံ ကို ထွက်ခွာ သွားခဲ့သည် ။
ဇနီး ဖြစ်သူနှင့် နှစ်ပတ်တောင် မခွဲနိုင် မခွာရက်သော်လည်း ခင်ပွန်းကောင်းပီသသော မိုက်ကယ် သည် သူကိုယ်တိုင် အဝတ်ကူထည့်ပေး လက်မှတ်ဝယ် လေဆိပ်ထိ ကောင်းမောင်း ကာ စု့ ကို လိုက်ပို့ခဲ့သည် ။
ပျော်စရာကောင်းတယ့် မိုက်ကယ် တို့မိသားစု လေး ပြိုကွဲဖို့ အကြောင်းဖန်လာခဲ့ပြီ ..... ။
မိုက်ကယ်စိုးရိမ်သည့်ကိစ္စတွေ တကယ်ဖြစ်လာခဲ့ပြီ ....... ။
စုပြန်မလာ သည်မှာ လအတော်ကြာပြီ ဖြစ်သည် ။
စု ဧ။် တကိုယ်ကောင်းမဆန်သည့် စိတ် နှင့် လက်ရှိ သူမနိုင်ငံဧ။် အခြေနေ ပြဿနာ အားလုံး ကို ချိန်ဆ ပြီး မိုက်ကယ် သဘောပေါက်ခဲ့ ဖို့ကောင်းသည် ။ သို့သော်လည်း ........
သူက ချစ်နေသူ ဆိုတော့ ဒါတွေ ကို မတွက်မိခဲ့ ...... ။
နေ့စဉ်နေတိုင်း စုမိန့်ခွန်းပြောကြားသည့် သတင်းတို့ကို သူမြင်နေရသည် ။
တဖက်မှာလည်း ဇနီးအတွက် ဂုဏ်ယူမိသလို ..... တဖက်မှာလည်း အမျိုးမည် မဖော်ပြတတ်သော ဝမ်းနည်းတမ်းတမှုသည် အားပြိုင်လျှက် ရှိသည် ။
တမနတ်ခင်း တခု မှာတော့ စု တယေညက် နေအိမ်အကျယ်ချုပ် အချခံလိုက်ပြီ ဟူသော သတင်းဆိုးကြီး ကို မိုက်ကယ်ကြားလိုက်ရသော အခါ အရုပ်ကြိုးပြတ် လဲကြသွားခဲ့သည် ။
ထိုအချိန် မှ စ၍ သူ သူမ နှင့် အဆတ်အသွယ်ပြတ်တောက်သွားခဲ့သည် ။
အချစ်ကြီးသူ မိုက်ကယ် အဖို့ မဖြစ် ဖြစ်သည့် နည်းဖြင့် စု သတင်း ကို စုံစမ်းခဲ့သည် ။
စုအိမ်အနီး မှ ဖြတ်သွားသူတိုင်း ထိုအိမ်အတွင်း မှ စန္ဒယားသံ ကြားပါ က သူ့ထံဆတ်သွယ်ပေးကြပါရန် သတင်းလွှင့် ခဲ့ ရသည် အထိ ပင် ဖြစ်လာခဲ့သည် ။
သူ့စကားကြားရသူတိုင်း မိုက်ကယ့် ကို ဂရုဏာ သက်ခဲ့ရသည် ။
သို့သော်လည်း စု သတင်းလေး တယေညက်ယောက် က ကြားလို့ သူ့ထံအကြောင်းကြားလိုက်တိုင်း မိုက်ကယ် စိတ်အေးခဲ့ရသည် ပင် ........ ။
မိုက်ကယ့် အတွက် အလွမ်းဖြေစရာတွေ ကတော့ ဖုန်းလာသည့် နေ့ က စုနောက်ဆုံးဖတ်ခဲ့သည် စာအုပ် ကို တယုတယဖြင့် သူ့ အိမ် က ဘီရိုထဲ ထည့်ကာ သူဘာသာသူမြင်အောင် ပြထားသည် ။
ဇနီးဖြစ်သူ ရရှိထားသော ဆုတံဆိပ် အမျိုးမျိုး ကိုလည်း ဘီရိုစင်နှင့် အပြည့် မွမ်းမံ ကာ ဇနီးဖြစ်သူ ပုံရိပ် ကို အိမ်တွင်ပြန်လည်ဖော်ယူ မိသည် ။
ဤသို့ ....... အချစ်ကြီးတတ်သူ မိုက်ကယ်သည် စုနှင့်တွေ ချင်လွန်းသော်လည်း ပြည်ဝင်ခွင့် အခက်အခဲကြောင့် ငါးကြိမ်သာ လူခြင်းတွေ့ခွင့် ရခဲ့သည် ။
လွမ်းလွန်းလှသောဇနီး ကို ဖတ်၍ပင်ငိုချင်သော်လည်း ယောင်္ကျားတယောက် ဧ။် သိက္ခာ က တားထားတာ က တကြောင်း ဇနီးဖြစ်သူကို မျတ်နာမပျတ်စေလိုသည် က တကြောင်း ထိုအကြောင်းတရားပေါင်းမြောက်များစွာကြောင့် တွေ့ခွင့်ရသည့် ငါးကြိမ်လုံးကို ရဲဝင့်ရွှင်ပြစွာဖြင့် ဖြတ်သန်း ခဲ့ကြသည် ။
သူ့တွင် ကင်ဆာရောဂါ ရှိသည် ဟူသော သတင်း ကို ကြားရချိန်မှာ ကိုယ်နားကိုယ် ကို မယုံနိုင်အောင် ဖြစ်ခဲ့ရတယ် ။ မိုက်ကယ်အဖို့တော့ ကမ္ဘာပျတ်သွား သလို ပါဘဲ .......။
မကြာခင် မှာ လူ့လောကကြီး ထဲကနေ အပြီးပိုင် ထွက်ခွာရတော့မယ့် သေမိန့်ကျပြီးသား ဖြစ်တဲ့ မိုက်ကယ် ဟာ နောက်ဆုံးအနေနဲ့ သူ့ရဲ့ ချစ်လှစွာသောအိမ်သူသက်ထားဇနီးမယား ကို နှုတ်ဆတ် စကား ပြောခြင် နေမိတယ် ။
သူ့ဆန္ဒတွေ ပြည့်ဝဖို့အတွက် ပြည်ဝင်ခွင့် ဗီဇာအကြိမ်သုံးဆယ်ကျော်အောင်လျှောက်ထားခဲ့တယ်
နှလုံးသားမရှိတဲ့ စစ်အစိုးရ ကတော့ လျှောက်လာသမျှ ဗီဇာ တိုင်းကို ပျယ်ချပစ်ခဲ့တယ် ။
နောက်ဆုံး မှာတော့ ......မိုက်ကယ်တယောက် စု ကို တွေ့ဖို့ ဘယ်နည်း နဲ့ မှ မဖြစ်နိုင်တော့ဘူးဆို တာ နားလည်ခဲ့ပြီ ။
စုရဲ့ နှုတ်ဆတ်စကားတွေ ပါးလိုက်တယ့် အသံဖိုင်တခုလန်ဒန် ကို ပေးခွင့် ရခဲ့ပါတယ် ။
အသံဖိုင်လေး လန်ဒန် မြို့ ကို ရောက်လာခဲ့ပါတယ် ။
ရုပ်မမြင် ရပေမယ့်လည်း စု အသံလေး ကို ကြားရရုံ နဲ့တင် သေပျော်ပါပြီ ဆိုတဲ့အချစ်သမားကြီးမိုက်ကယ် တယောက် နောက်ဆုံးခရီး ကို သူ့ရဲ့ဇနီး အသံလေးတွေ ကို ထပ်ခါထပ်ခါ နားထောင် နေရင်း ပျော်နေလိမ့်မယ်လို ထင်ခဲ့ မိပေမယ့်
အသံဖိုင်လေး လန်ဒန် မယောက်ခင် မှာဘဲ မိုက်ကယ်ဟာ လူ့လောကကြီးထဲ ကနေ အပြီးအပိုင်စွန့်ခွာသွားခဲ့ပါပြီ ။
သူငယ်ချင်းများအားလုံး လေ့လာဖတ်ရှု့နိုင်ဖို့အတွက်
ဝေမျှပါတယ်
REF;အကြင်နာလွမ်းငယ်
အောင်မြင့်မြတ်
Post a Comment