ရိုင်းတယ်ဆိုတာ ဆဲမှမဟုတ်ပါဘူး။
ဆေးလိပ်သောက်တာ အပြစ်မဟုတ်ဘူး။
ဒါပေမယ့် ဘေးမှာ လူတွေအများကြီးရှိရဲ့သားနဲ့
သောက်တာတော့ တော်တော်လေးရိုင်းပါတယ်။
ရထားပေါ်မှာ Busကားပေါ်မှာ ၃ယောက်ခုံကို
၂ယောက်ထိုင်တာ အပြစ်မဟုတ်ဘူး။ ဘေးမှာ
လူတစ်ယောက်လုံးမတ်တပ်ရပ်နေရဲ့သားနဲ့ပေပြီး
နေရာလေးတောင် မဝေမျှချင်တာ လူသားမဆန်
တာပါ။
သက်တူရွယ်တူကောင်မလေးကို ဘတ်စကားပေါ်
မှာ နေရာဖယ်မပေးတာ အပြစ်မဟုတ်သေးဘူး။
အဘိုးအဘွားအရွယ်နဲ့ ကိုယ်ဝန်သည်ကိုတော့
နေရာဖယ်ပေးပါ။
Facebook သုံးတာ အပြစ်မဟုတ်ဘူး။ ဂိမ်းဆော့
တာလည်း အပြစ်မဟုတ်ဘူး။ ဒါပေမယ့် ဘေးမှာ
လူတစ်ယောက်လုံး သင့်ကိုစကားပြောနေတာကို
သင့်မျက်လုံးက ဖုန်းမှာပဲဆိုရင်တော့ အရမ်းရိုင်း
ပါတယ်။
ဒူးပေါ်ပေါင်ပေါ် စကတ်တိုဝတ်တာ မရိုင်းပါဘူး။
ဒါပေမယ့် သွားမယ့်နေရာ၊ တွေ့မယ့်သူအပေါ်မူ
တည်ပြီးတောာ့ ချင့်ချိန်ဝတ်ပါ။
ဒီမိုကရေစီဆိုတာ ဝါးလုံးတစ်လုံးကို လမ်းမှာကြိုက်
သလောက်ရမ်းသွား၊ သူများခေါင်းမထိသ၍ ဒီမို
ကရေစီပါ။ သူများခေါင်းထိရင်တော့ ဒီမိုကရေစီ
မဟုတ်တော့ပါဘူး။
ရိုင်းတယ်ဆိုတာ ဆဲမှမဟုတ်ပါဘူး။ ယဉ်ယဉ်
ကျေးကျေးနဲ့ လွတ်လပ်နိုင်ကြပါစေ

Post a Comment