Header Ads

ချစ်သူကိုခဏခဏစိတ်ဒါဏ်ရာ ရအောင်မလုပ်မိကြပါစေနဲ့

စိတ်ဆိုးပြီး အော်ဟစ်သောင်းကျန်း တတ်တဲ့သား ကို တစ်နေ့တော့ အဖေဖြစ်သူကစကားခေါ်ပြောတယ် ။ " သား မင်းစိတ်ဆိုးတဲ့အခါတိုင်း အော်ဟစ်သောင်းကျန်း နေမယ့်အစား စိတ်တစ်ခါဆိုးတိုင်း ပြတင်းပေါက်ကို သံမှိုတစ်ချက်စီ ရိုက် ၊ ဟုတ်ပြီလား "
အစကတော့ အဖေရဲ့  ပြောစကားကိုသားက သဘောမပေါက်ခဲ့ဘူး ။
ဒီလိုနဲ့ ကောင်လေးဟာ စိတ်ဆိုးတိုင်း ပြတင်းပေါက်ကို သံမှို တစ်ချက်ရိုက်တယ် ။ စိတ်ဆိုးတိုင်း အမြဲရိုက်တယ် ။ ကောင်လေး စိတ်ဆိုးပြေလာတဲ့ နေ့ရောက်တော့အဖေဖြစ်သူက ခေါ်ပြီး ရိုက်ခဲ့တဲ့ သံမှိုတွေကို တစ်ခုချင်းစီ ဆွဲထုတ်ပြတယ် ။
" သားဒီမှာတွေ့လား ၊ မင်းကတော့ အခု စိတ်ဆိုးပြေသွား ပေမယ့် ပြတင်းပေါက်လေးမှာ တော့သံမှိုရာလေးတွေ ကျန်ခဲ့တယ် ။ အကောင်း ပကတိအတိုင်း မဖြစ်တော့ဘူး "

ဒီလိုပါပဲ ချစ်သူသမီးရည်းစားရယ်လို့ ဖြစ်လာပြီဆိုရင် စိတ်ဆိုး စိတ်ကောက်တာ တွေအနည်းငယ်ရှိကြမှာပါပဲ ။ ဒါပေမယ့် အကြိမ်ရေများလာအောင် ကိုယ့်ချစ်သူကိုစိတ်ဆိုးအောင် ၊ စိတ်ဆင်းရဲအောင် လုပ်နေမယ်ဆိုရင်တော့ ခုနကပြောတဲ့ ပြတင်းပေါက်လေးလိုပေါ့ ။ ကိုယ်ကတောင်းပန်လို့ ချစ်သူက စိတ်ဆိုးပြေသွားပေမယ့် အကြိမ်ရေများတဲ့အခါ အရင်လို အကောင်းပကတိ အတိုင်းတော့ ဘယ်ဖြစ်နိုင်ပါ တော့မလဲ ။ ဒါကြောင့် ကိုယ်ချစ်တဲ့ သူကို စိတ်ဒါဏ်ရာတွေ ထပ်ခါထပ်ခါ မပေးမိအောင် ဆင်ခြင်နိုင်ပါစေလို့ အကြုံပြုလိုက်ရပါတယ် ။

ခွန်နေ - Khun Nay

No comments