Header Ads

ေနၾကာပန္းေလးတစ္ပြင့္လိုျပံဳးပါ


<<< Zawgyi Version >>>


နင့္ကို ပထမဆံုး အႀကိမ္ေတြ႔ေတာ့ နင္ေသးငယ္လိုက္တာလို႔ ငါထင္မိတယ္။ တစ္ေယာက္တည္း အထီးက်န္က်န္ ခ်ံဳပုတ္ျမက္႐ိုင္းေတြၾကားမွာ နင္ရပ္ေနခဲ့တယ္။


“နင့္ကို ဂ႐ုစိုက္မယ့္သူ မ႐ွိဘူးလား” 


လို႔ နင့္ေ႐ွ႕မွာ ငါထိုင္ခ်ၿပီး မ်က္လံုးေလး မွိတ္တုတ္မွိတ္တုတ္နဲ႔ ေမးတယ္။ နင္ ဘာမွျပန္မေျပာဘူး… အသံမထြက္ဘဲ ေခါင္းငံု႔ထားတယ္။

နင့္ရဲ႕ အေလ်ာ့မေပးတဲ့ ရင္ခုန္သံကို ငါၾကားမိလိုက္သလိုပဲ။


“အခ်ိန္က နင့္ကို ေဖ်ာက္ဖ်က္သြားႏိုင္တယ္ သိလား” 


လို႔ ငါေျပာလည္း နင့္ဘက္က အသံမထြက္ခဲ့ဘူး။ ခါးကို နင္မတ္မတ္ရပ္ထားတယ္။ သက္ျပင္းတစ္ခ်က္ခ်ၿပီး ေနရာကေန ငါထြက္လာခဲ့တယ္။ နင့္ကိုငါေနာက္ထပ္တစ္ေခါက္ ေတြ႔ရမယ္လို႔ေတာ့ မထင္ခဲ့ဘူး။ ဒါေပမယ့္ ငါမွားသြားတယ္… လအနည္းငယ္ အၾကာမွာ ဒုတိယအႀကိမ္ နင့္ကို ငါေတြ႔ျပန္တယ္။ မားမားမတ္မတ္ျဖစ္ေနတဲ့ နင့္ကိုေတြ႔ေတာ့ ငါအံ့ၾသသြားတယ္။ နင့္အနား ငါေလွ်ာက္သြားတယ္။ နင့္အရပ္က ငါ့ေလာက္နီးနီးျဖစ္ေနခဲ့ၿပီ။


“နင္ သန္မာလာလိုက္တာ” 


လို႔ ငါေျပာတယ္။ ေနေရာင္ျခည္ကို နင္ေမာ့ၾကည့္တယ္။ ငါ့ကိုစကားျပန္မေျပာဘဲ နင္ၿပံဳးတယ္။ နင့္မ်က္ႏွာေပၚမွာ ႐ွင္သန္ျခင္းရဲ႕ဝင့္ၾကြားမႈေတြ ထင္ဟပ္ေနတယ္။ 


“ဒါဟာ ငါေတြ႔ဖူးသမွ်အၿပံဳးေတြထဲမွာ အေတာက္ပဆံုးပဲ” 


လို႔ ငါေျပာတယ္။ နင္ပို ေတာက္ေတာက္ပပ ၿပံဳးတယ္။ အဲဒီအၿပံဳးထဲမွာ ေမာ္ၾကြားဘဝင္ျမင့္ ဟန္မပါဘူး။ ႐ိုး႐ိုး႐ွင္း႐ွင္းေလးပဲ။


“နင္ အသက္႐ွင္ခဲ့တာပဲေနာ္.. ၾကည့္စမ္း က်န္းမာလိုက္တဲ့႐ုပ္ခႏၶာနဲ႔” 


နင့္ကိုၾကည့္ၿပီး ငါေျပာျဖစ္တယ္။ နင္ၿပံဳးၿမဲၿပံဳးေနတယ္။ အခ်ိန္ရဲ႕မတူညီတဲ့တန္ဖိုးေတြ ငါ့ကို နင္သက္ေသျပ ေနသလိုပဲ။


“အခ်ိန္က နင့္ကိုေမြးဖြားတယ္၊ အခ်ိန္က နင့္ကို ဖန္တီးတယ္၊ အခ်ိန္ကပဲ နင့္ကိုဖ်က္ဆီးလိမ့္မယ္” 


လို႔ ငါတည္တည္ၿငိမ္ၿငိမ္ေျပာတယ္။ နင္ ေနာင္တမရစြာ ၿပံဳးေနၿမဲပဲ။ နင္တစ္ခ်ိန္လံုး ၾကည့္ေနတဲ့ ေနရာကို ငါေမာ့ၾကည့္ လိုက္တယ္။ အဲဒီေနရာက ေနေရာင္ျခည္ျဖာ ထြက္ရာေနရာေပါ့။ အခ်ိန္ရဲ႕ မ်က္ျမင္သက္ေသ ေနမင္းပဲျဖစ္တယ္။


“ဘယ္သူကမွ အခ်ိန္ေနာက္အမီမလိုက္ႏိုင္ဘူး” 


အဲဒီစကားကို ငါခ်န္ရစ္ၿပီး ညေနဆည္းဆာ အခ်ိန္ေလာက္မွာ နင့္ဆီကေန ငါထြက္လာခဲ့တယ္။ ေနေရာင္ျခည္ေနာက္ နင္ဇဲြမေလ်ာ့စတမ္း လိုက္ေနတုန္းပဲ။ နင့္ရင္ထဲက ယံုၾကည္ခ်က္ကို ငါနားမလည္ႏိုင္တာ လည္းျဖစ္ခဲ့မွာေပါ့။ နင္က ငါ့ကိုအၿမဲအံ့ၾသမႈေတြ ေပးတယ္။ ေနာက္ဆံုးတစ္ႀကိမ္ နင့္ကိုေတြ႔ေတာ့ နင္ဟာ ငါေတြးထင္တာထက္ ပိုအုိစာေနခဲ့တယ္။


“ၾကည့္ဦးေလ.. အခ်ိန္ကို နင္ဘာမွ မတတ္ႏိုင္ခဲ့ဘူး မဟုတ္လား” 


အကူညီမဲ့စြာငါေျပာတယ္။ နင့္ခါးေတြ အရင္လို မေထာင္မတ္ေတာ့ဘူး။ တစ္ကိုယ္လံုးလည္း အေကာင္းပကတိ မဟုတ္ေတာ့ဘူး။ နင့္ကို ငါဆိတ္ဆိတ္ၿငိမ္ၿငိမ္ ၾကည့္ေနမိတယ္။ ေခါင္းကို နင္ခက္ခက္ခဲခဲ ေထာင္မတ္ထားတယ္။ အသံမထြက္ဘဲ ေနမင္းႀကီးကို အဲဒီေနေရာင္ျခည္ကို ေမာ့ၾကည့္ေနတုန္းဘဲ။ နင့္မ်က္ဝန္းအိမ္မွာေတာ့ မ်က္ရည္ေတြျပည့္ေနခဲ့တယ္။ အဲဒီအခ်ိန္မွာပဲ.. အဲဒီတခဏမွာပဲ… ငါ တုန္လႈပ္မိတယ္… နင္ ၿပံဳးေနပါလား…. စိတ္ေက်နပ္မႈအျပည့္၊ စဲြမက္ဖြယ္အၾကည့္နဲ႔ နင္ထြက္ခြာသြားတဲ့ အခ်ိန္ကို ငါေမ့မရႏိုင္ခဲ့ဘူး။ သိပ္မၾကာတဲ့အခ်ိန္မွာ နင္႐ွင္သန္ခဲ့တဲ့ေနရာဆီ ငါေရာက္လာခဲ့ျပန္တယ္။ နင္႐ွင္သန္ခဲ့တဲ့ ေနရာကို ငါေတြ႔ေတာ့ ငါ အံ့ၾသမွင္သက္သြား မိတယ္။ နင္႐ွိခဲ့တဲ့ေနရာမွာ ေနၾကာပန္းေတြ တစ္ခင္းလံုး ဖူးပြင့္ေနလိုက္တာ။ ေနေရာင္ေအာက္မွာ ေရႊေရာင္တစ္လက္လက္နဲ႔ သူတို႔ လန္းဆန္းေဝျဖာေနလိုက္တာ။ ဟိုးအရင္တုန္းက နင့္အတိုင္းပဲ သူတို႔ၿပံဳးေနလိုက္တာ။ 


နင္မွန္ပါတယ္… ဘဝရဲ႕အေတာမသတ္ျခင္းက အခ်ိန္အတြက္ အေကာင္းဆံုးေျဖ႐ွင္းခ်က္ေပါ့။ အခ်ိန္ကို ေျပာင္းလဲႏိုင္သည္ျဖစ္ေစ၊ မေျပာင္းလဲႏိုင္သည္ျဖစ္ေစ ႐ွင္သန္ေနခ်ိန္မွာ အခ်ိန္ကို တစ္စကၠန္႔၊ တစ္မိနစ္ ဖမ္းဆုပ္ၿပီး ဘဝအတြက္၊ ေတာက္ပမႈအတြက္ အခ်ိန္နဲ႔အမွ် အဓိပၸာယ္႐ွိတဲ့ အလုပ္ေတြ လုပ္ေဆာင္ေနဖို႔ပါပဲ။ ႏွစ္ေပါင္းမ်ားစြာၾကာလို႔ ငါေအာင္ျမင္ထင္႐ွား သြားတဲ့အခါ နင့္ကို ငါေက်းဇူးတင္ သတိရေနမွာပါ။ နင္ဟာ ေနၾကာပန္းေလးတစ္ပြင္ ့ဆိုေပမယ့္ ငါ့ကို နင္လို႔ၿပံဳး ေနတတ္ေအာင္ နင္သင္ေပးခဲ့လို႔ပါပဲ။


Credit - ႏိုင္းႏုိင္းစေန


ဘ၀ဇာတ္ခံုေပၚမွာ ေလွ်ာက္လွမ္းေနရင္း ႀကံဳေတြ႕ရႏိုင္တဲ့ အခ်စ္၊ အမုန္း၊ ခံစားခ်က္အစံုနဲ႕ပတ္သက္လို႕ ျပန္လည္ မွ်ေ၀ခဲ့ႏိုင္ပါတယ္။





< << Unicode Version >>>

နေကြာပန်းလေး တစ်ပွင့်လို ပြုံးပါ ..


နင့်ကို ပထမဆုံး အကြိမ်တွေ့တော့ နင်သေးငယ်လိုက်တာလို့ ငါထင်မိတယ်။ တစ်ယောက်တည်း အထီးကျန်ကျန် ချံုပုတ်မြက်ရိုင်းတွေကြားမှာ နင်ရပ်နေခဲ့တယ်။


“နင့်ကို ဂရုစိုက်မယ့်သူ မရှိဘူးလား” 


လို့ နင့်ရှေ့မှာ ငါထိုင်ချပြီး မျက်လုံးလေး မှိတ်တုတ်မှိတ်တုတ်နဲ့ မေးတယ်။ နင် ဘာမှပြန်မပြောဘူး… အသံမထွက်ဘဲ ခေါင်းငုံ့ထားတယ်။

နင့်ရဲ့ အလျော့မပေးတဲ့ ရင်ခုန်သံကို ငါကြားမိလိုက်သလိုပဲ။


“အချိန်က နင့်ကို ဖျောက်ဖျက်သွားနိုင်တယ် သိလား” 


လို့ ငါပြောလည်း နင့်ဘက်က အသံမထွက်ခဲ့ဘူး။ ခါးကို နင်မတ်မတ်ရပ်ထားတယ်။ သက်ပြင်းတစ်ချက်ချပြီး နေရာကနေ ငါထွက်လာခဲ့တယ်။ နင့်ကိုငါနောက်ထပ်တစ်ခေါက် တွေ့ရမယ်လို့တော့ မထင်ခဲ့ဘူး။ ဒါပေမယ့် ငါမှားသွားတယ်… လအနည်းငယ် အကြာမှာ ဒုတိယအကြိမ် နင့်ကို ငါတွေ့ပြန်တယ်။ မားမားမတ်မတ်ဖြစ်နေတဲ့ နင့်ကိုတွေ့တော့ ငါအံ့သြသွားတယ်။ နင့်အနား ငါလျှောက်သွားတယ်။ နင့်အရပ်က ငါ့လောက်နီးနီးဖြစ်နေခဲ့ပြီ။


“နင် သန်မာလာလိုက်တာ” 


လို့ ငါပြောတယ်။ နေရောင်ခြည်ကို နင်မော့ကြည့်တယ်။ ငါ့ကိုစကားပြန်မပြောဘဲ နင်ပြံုးတယ်။ နင့်မျက်နှာပေါ်မှာ ရှင်သန်ခြင်းရဲ့ဝင့်ကြွားမှုတွေ ထင်ဟပ်နေတယ်။ 


“ဒါဟာ ငါတွေ့ဖူးသမျှအပြံုးတွေထဲမှာ အတောက်ပဆုံးပဲ” 


လို့ ငါပြောတယ်။ နင်ပို တောက်တောက်ပပ ပြံုးတယ်။ အဲဒီအပြံုးထဲမှာ မော်ကြွားဘဝင်မြင့် ဟန်မပါဘူး။ ရိုးရိုးရှင်းရှင်းလေးပဲ။


“နင် အသက်ရှင်ခဲ့တာပဲနော်.. ကြည့်စမ်း ကျန်းမာလိုက်တဲ့ရုပ်ခန္ဓာနဲ့” 


နင့်ကိုကြည့်ပြီး ငါပြောဖြစ်တယ်။ နင်ပြံုးမြဲပြံုးနေတယ်။ အချိန်ရဲ့မတူညီတဲ့တန်ဖိုးတွေ ငါ့ကို နင်သက်သေပြ နေသလိုပဲ။


“အချိန်က နင့်ကိုမွေးဖွားတယ်၊ အချိန်က နင့်ကို ဖန်တီးတယ်၊ အချိန်ကပဲ နင့်ကိုဖျက်ဆီးလိမ့်မယ်” 


လို့ ငါတည်တည်ငြိမ်ငြိမ်ပြောတယ်။ နင် နောင်တမရစွာ ပြံုးနေမြဲပဲ။ နင်တစ်ချိန်လုံး ကြည့်နေတဲ့ နေရာကို ငါမော့ကြည့် လိုက်တယ်။ အဲဒီနေရာက နေရောင်ခြည်ဖြာ ထွက်ရာနေရာပေါ့။ အချိန်ရဲ့ မျက်မြင်သက်သေ နေမင်းပဲဖြစ်တယ်။


“ဘယ်သူကမှ အချိန်နောက်အမီမလိုက်နိုင်ဘူး” 


အဲဒီစကားကို ငါချန်ရစ်ပြီး ညနေဆည်းဆာ အချိန်လောက်မှာ နင့်ဆီကနေ ငါထွက်လာခဲ့တယ်။ နေရောင်ခြည်နောက် နင်ဇွဲမလျော့စတမ်း လိုက်နေတုန်းပဲ။ နင့်ရင်ထဲက ယုံကြည်ချက်ကို ငါနားမလည်နိုင်တာ လည်းဖြစ်ခဲ့မှာပေါ့။ နင်က ငါ့ကိုအမြဲအံ့သြမှုတွေ ပေးတယ်။ နောက်ဆုံးတစ်ကြိမ် နင့်ကိုတွေ့တော့ နင်ဟာ ငါတွေးထင်တာထက် ပိုအိုစာနေခဲ့တယ်။


“ကြည့်ဦးလေ.. အချိန်ကို နင်ဘာမှ မတတ်နိုင်ခဲ့ဘူး မဟုတ်လား” 


အကူညီမဲ့စွာငါပြောတယ်။ နင့်ခါးတွေ အရင်လို မထောင်မတ်တော့ဘူး။ တစ်ကိုယ်လုံးလည်း အကောင်းပကတိ မဟုတ်တော့ဘူး။ နင့်ကို ငါဆိတ်ဆိတ်ငြိမ်ငြိမ် ကြည့်နေမိတယ်။ ခေါင်းကို နင်ခက်ခက်ခဲခဲ ထောင်မတ်ထားတယ်။ အသံမထွက်ဘဲ နေမင်းကြီးကို အဲဒီနေရောင်ခြည်ကို မော့ကြည့်နေတုန်းဘဲ။ နင့်မျက်ဝန်းအိမ်မှာတော့ မျက်ရည်တွေပြည့်နေခဲ့တယ်။ အဲဒီအချိန်မှာပဲ.. အဲဒီတခဏမှာပဲ… ငါ တုန်လှုပ်မိတယ်… နင် ပြံုးနေပါလား…. စိတ်ကျေနပ်မှုအပြည့်၊ စွဲမက်ဖွယ်အကြည့်နဲ့ နင်ထွက်ခွာသွားတဲ့ အချိန်ကို ငါမေ့မရနိုင်ခဲ့ဘူး။ သိပ်မကြာတဲ့အချိန်မှာ နင်ရှင်သန်ခဲ့တဲ့နေရာဆီ ငါရောက်လာခဲ့ပြန်တယ်။ နင်ရှင်သန်ခဲ့တဲ့ နေရာကို ငါတွေ့တော့ ငါ အံ့သြမှင်သက်သွား မိတယ်။ နင်ရှိခဲ့တဲ့နေရာမှာ နေကြာပန်းတွေ တစ်ခင်းလုံး ဖူးပွင့်နေလိုက်တာ။ နေရောင်အောက်မှာ ရွှေရောင်တစ်လက်လက်နဲ့ သူတို့ လန်းဆန်းဝေဖြာနေလိုက်တာ။ ဟိုးအရင်တုန်းက နင့်အတိုင်းပဲ သူတို့ပြံုးနေလိုက်တာ။ 


နင်မှန်ပါတယ်… ဘဝရဲ့အတောမသတ်ခြင်းက အချိန်အတွက် အကောင်းဆုံးဖြေရှင်းချက်ပေါ့။ အချိန်ကို ပြောင်းလဲနိုင်သည်ဖြစ်စေ၊ မပြောင်းလဲနိုင်သည်ဖြစ်စေ ရှင်သန်နေချိန်မှာ အချိန်ကို တစ်စက္ကန့်၊ တစ်မိနစ် ဖမ်းဆုပ်ပြီး ဘဝအတွက်၊ တောက်ပမှုအတွက် အချိန်နဲ့အမျှ အဓိပ္ပာယ်ရှိတဲ့ အလုပ်တွေ လုပ်ဆောင်နေဖို့ပါပဲ။ နှစ်ပေါင်းများစွာကြာလို့ ငါအောင်မြင်ထင်ရှား သွားတဲ့အခါ နင့်ကို ငါကျေးဇူးတင် သတိရနေမှာပါ။ နင်ဟာ နေကြာပန်းလေးတစ်ပွင် ့ဆိုပေမယ့် ငါ့ကို နင်လို့ပြံုး နေတတ်အောင် နင်သင်ပေးခဲ့လို့ပါပဲ။


Credit - နိုင်းနိုင်းစနေ



ကြ်န္ေတာ္သိ၊ကြ်န္ေတာ္တတ္၍ ေရးသားျခင္းမဟုတ္ပါခင္ဗ်ာ။ ကြ်န္ေတာ္ေလ့လာမိသမွ်ကို စာဖတ္သူမ်ားျပန္လည္ေလ့လာမိေစရန္ ျပန္လည္မွ်ေဝျခင္းသာျဖစ္ပါသည္။ ကြ်န္ေတာ့္ပို႕စ္တစ္ခုခ်င္းစီအတြက္ မူရင္းေရးသားသူမ်ားကို အထူးေက်းဇူးဥပကာရတင္ရွိပါတယ္ခင္ဗ်ာ။ ေအာင္ျမင့္ျမတ္(Myanmar Youths) Ph-09256480246

No comments