Header Ads
မြန်​မာလူငယ်​သတင်းစုံ သက်​ငယ်​မုဒိမ်းမှုပ​ပျောက်​​ရေး ပညာ​ပေး​ဆောင်းပါး/ဝတ္ထုတိုပြိုင်​ပွဲ ပြိုင်​ပွဲဝင်​ ​ဝတ္ထုတို ,[စုန်း]
❆ ဆိတ်​လက်​များမှ ​ဝေး​စေချင်​ ❆
တစ်​​နေ့
ဈေးမှဆိုင်​ကယ်​ဖြင့်​ပြန်​လာခိုက်​အိမ်​ထဲသို့ပင်​မဝင်​ရ​သေးအသံတစ်​သံကိုခြံပြင်​မှပင်​ကြား​နေရသည်​။နှစ်​​ယောက်​သံမဟုတ်​။တ​စ်​​ယောက်​တည်းအသံ....
"ဘယ်​မိမဆုးံမ၊က​လေကဝ​တွေကလုပ်​သွားတယ်​မသိဘူး။ဒါသက်​သက်​ဖျက်​စီးသွားတာ"
မ​နေသာ​တော့။ဆိုင်​ကယ်​ကို​ဖြေးညင်းစွာအိမ်​​ရှေ့မှာရပ်​။အသံလာရာပန်းအိုး​တွေထား​သော​နေရာသို့သုတ်​​ခြေတင်​သွားကြည့်​မိသည်​။ဆိုင်​ကယ်​​ရှေ့ခြင်းမှသားငါးများပင်​လှည့်​မကြည့်​အား။တွေ့ပါပြီ။အသံရှင်​ကအခြားမဟုတ်​။ကျွန်​မ၏နှစ်​​ယောက်​မရှိ​သော်​အပျိုကြီး​ဒေါ်နန်းဇာနွယ်​....
"ဘာဖြစ်​တာလဲ"
"​တွေ့လား။ပန်းဖူး​တွေကို​ခြွေသွားတာ။အခုကပန်​ဖို့လည်းမဟုတ်​။အဖူး​တွေကိုမှ​ရွေးဖျက်​စီးသွားတာ"
ခေါင်းရင်းဘက်​ခြံနှင့်​ကပ်​လျှက်​တွင်​တန်းစီစိုက်​ထား​သော်​နှင်းဆီအိုးများမှအဖူးများကိုလက်​သဲဖြင့်​ဆိတ်​ကစားသွားခြင်းဖြစ်​သည်​။ခြံကသစ်​ပြားများဖြင့်​ခန့်​ကျဲကျဲ​လေးကာထား​တော့လက်​နှင့်​နိုက်​၍ရသည်​။လူကြီး​တော့မဟုတ်​တန်​ရာ။က​လေးများသာဖြစ်​မည်​။
"ပန်းအိုး​တွေ​နေရာ​ရွေ့လိုက်​​လေ။ဒါဆိုလက်​နိုက်​လို့မမှီ​တော့ဘူး​ပေါ့"
"ဘာသိလို့်​လဲ။အိမ်​ထဲကအိုး​တွေလည်းတခါတ​လေထိတယ်​ဟဲ့။ခြံကမလုံ​တော့တိုးဝင်​ပြီးလက်​ကမြင်းသွားတာ"
ပါးစပ်​ကသာ​ပြော​နေတယ်​လက်​ကပန်းပင်​​ရေ​လောင်းမပျက်​။ကျွန်​မလည်း​မနန်း​ရေ​လောင်း​နေ​သော​ရေပန်းမှ​ရေပွားများကို​ငေးကြည့်​​နေစဉ်​​ဘေးအိမ်​မှအသံတစ်​သံ.....
"အမ​လေး​နော်​။ဒီ​နေ့သတင်းစာထဲသက်​ငယ်​မုဒိမ်းပါလာပြန်​ပြီ"
ဘေးအိမ်​က​ပြောသံတစ်​စွန်းတစ်​စ၊မနန်းရဲ့နှုတ်​ကပွစိပွစိ၊သက်​ငယ်​မုဒိမ်း၊တဝက်​တပျက်​အဆိတ်​ခံထားရ​သောပုံပျက်​ပန်းပျက်​ပန်းဖူး​လေးများ။အားလုးံအာရုံထဲတွင်​ရစ်​သိုင်းလို့အ​တွေးများကဟိုးဆယ်​စုနှစ်​​ကျော်​များဆီသို့....။
~~~~~~~~~~~~
အချိန်​က၂၀၀၅ဝန်းကျင်​၊ကျွန်​မတို့မြို့ကြီး​ပေါ်သို့မ​ပြောင်းလာ​သေးမိကာလ၊က​လေးဘဝအရွယ်​တွင်​ဖြစ်​သည်​။ကျွန်​မတို့​နေ​သောမြို့ငယ်​​လေးသည်​အလွန်​စည်​ကား​သောဆိပ်​ကမ်းရှိရာမြို့တစ်​မြို့။ရွာ​တွေဘက်​မှမြို့များသို့တက်​လိုလျှင်​ကျွန်​မတို့မြို့ငယ်​မှတဆင့်​သွားရသည်​။မြို့ငယ်​တွင်​(၁)ရပ်​ကွက်​၊(၂)ရပ်​ကွက်​၊(၃)ရပ်​ကွက်​၊စသဖြင့်​ရှိရာကျမတို့​နေ​သောရပ်​ကွက်​သည်​ဆိပ်​ကမ်းနှင့်​အနီးဆုးံ၊လူအစည်​ကားဆုးံရပ်​ကွက်​တခုဖြစ်​သည်​။လှေများသည်​မြို့သို့်​တစ်​​နေ့တ​ခေါက်​တက်​သည်​။
"အမ​လေး။ကျွန်​မသမီးအဖြစ်​ကိုကြည့်​ပါဦး။လူမဆန်​လိုက်​တာ။အဟင့်​အဟင့်​အီးဟီးအီး"
ကျွန်​မတို့လမ်းမှ​ရေစက်​ပိုင်​ရှင်​​ဒေါ်သိန်း​မေ၏​အော်​ဟစ်​ငိုသံနှင့်​အတူသူ့သမီးဂျပုမကို​ပွေ့ချီကာလမ်းမဘက်​သို့​ပြေးလာသည်​။လူအုံကြီးကလည်းအ​နောက်​တွင်​ဘာဖြစ်​တာလဲဟုတမျိုး၊​ဆေးရုံမြန်​မြန်​ပို့ဆိုတာကတဖုံအသံ​တွေအသံ​တွေကများစွာ။ထိုထဲတွင်​ကျွန်​မအပါအဝင်​။ဘာလဲဘာလဲ​ပေါ့။ဂျပုမကို​သေချာကြည့်​မိ​တော့သူ့​ဘောင်းဘီဖြူဖြူပါးပါး​လေးတွင်​အနီကွက်​အနီကွက်​​သွေးများ။
      ဂျပုမ၊ဂျပုမဆိုတာကကျွန်​မတို့နှင့်​ရွယ်​တူအသက်​တူ၊ဆိုး​ဖော်​ဆိုးဖက်​၊​ဆော့​ဖော်​​ဆော့ဖက်​သူငယ်​ချင်း။သူငယ်​ချင်းရဲဖြစ်​အင်​​ကြောင့်​ကျွန်​မလည်း​အော်​ဟစ်​ငို​နေ​သော​ဒေါ်သိန်း​မေကိုလူကြီးဂိုက်​ဖမ်းကာအကျိုးအ​ကြောင်း​မေးဖို့်​အသွား.....
"ဘယ်​လဲသဲသဲ"
"​ဒေါ်သိန်း​မေကိုသွား​မေးမို့၊ဂျပုမဘာဖြစ်​တယ်​သိဘူး။ငို​နေတယ်​။အားကြီးငို​နေတာဘဲ"
"နင့်​နဲ့ဘာဆိုင်​လို့လဲ။သွားစမ်း။အိမ်​ထဲသွား​နေ။က​လေးက​လေးလိုမ​နေဘူး။တအားစပ်​စုတာဘဲ"
       ကျမ​ကြောက်​​ရတဲ့ဦး​လေးရဲ့​အော်​​ငေါက်​စကားတစ်​ခွန်းကကျမ​ခြေလှမ်းများကို​နောက်​သို့ပြန်​လှည့်​​စေခဲ့သည်​။ထို​နေ့ကထို့အဖြစ်​အပျက်​အ​ကြောင်းစုံကိုမသိခဲ့ရ​ပေမယ့်​။နောက်​​နေ့များတွင်​​တော့.....
အဖြစ်​အပျက်​ကဒီလို။
ဂျပုမတ​စ်​​ယောက်​တည်း​ရေစက်​​စောင့်​ခိုင်းရာကစတင်​ခြင်းဖြစ်​သည်​။ခါတိုင်းလည်း​စောင့်​ခိုင်း​နေကြ။ရေကဖြည့်​ထားပြီးသား။ရေလာဝယ်​သူ၊​ရေလာချိုးသူများအားပိုက်​ဆံ​ကောက်​​ပေးရုံသာဖြစ်​သည်​။က​လေးပီပီtvတစ်​လုးံနှင့်​လွှတ်​ထားလိုက်​လို့က​တော့အကြိုက်​​ပေါ့​လေ။မသာမာသူလူယုတ်​မာကလည်းက​လေးတ​ယောက်​တည်းရှိ​နေတုန်း​ရေလာဝယ်​သူ၊​ရေလာချိုးသူများလည်းမရှိခိုက်​သူ့အကွက်​ထဲဝင်​သွားခြင်းသာဖြစ်​မည်​။
~~~~~~~~~~~~
"ကဲ...မနန်း​ရေ...။ညီမ​လေးဟင်းသွားချက်​​တော့မယ်​။ငါး​တွေဒီအတိုင်းထားခဲ့ရတာ။အိမ်​​နောက်​​တောင်​သွားမထားခဲ့ရဘူး"
"​အေ​အေညီမ​လေး။မနန်းလည်း​ရေ​လောင်းလို့ပြီးပါပြီ။တို့ညီအမ​တွေအတူတူချက်​တာ​ပေါ့။ဟိုအကုသိုလ်​သာမဝင်​ရင်​​ရေ​လောင်းပြီးတာကြာ​ပေါ့"
"​ပြောမ​နေပါနဲ့​တော့မနန်းရယ်​။ကိုယ့်​ဘက်​ကလည်းပြင်​စရာရှိတာပြင်​၊ထိန်းစရာရှိတာထိန်းရမှာမှတ်​လား။ဟင်းချက်​ပြီးမှပန်းအိုး​တွေဒီဘက်​​ရွေ့ရ​အောင်​။ခြံကို​တော့​နောက်​​နေ့မှလူ​ခေါ်ပြီးပြင်​ခိုင်းရမယ်​"
အဖူး​လေးတချို့​တော့သွားရှာပြီ​။နောက်​ပန်းဖူးများလက်​ဆိတ်​မထိဖို့ကာစရာရှိတာကာ၊မထားသင့်​တဲ့​နေရာမှာမထားဖို့....
ပန်းဖူးပန်းနု
ဆိတ်​ကာပြု
ဒီလက်​​တော်​​တော်​ရိုင်း ။
မပွင့်​မီဖူး
ဒီပန်းဦး
သမီးငယ်​နှင့်​နှိုင်း ။
ကာကာကွယ်​မယ်
ဝန်းကျင်​ဝယ်
ကိုယ်​ချင်းစာသူတိုင်း ။
ဝန်းရံတွဲလက်
မြဲ​စေလျှက်
ပန်းပွင့်​ရနံ့သိုင်း ။      ။
                စုန်း
ကိုယ်​တိုင်​​ရေး မည်​သည့်​​နေရာမှမပို့ဖူးပါ​ကြောင်း
ပြိုင်​ပွဲဝင်​ ​ပေးပို့​သောစာမူကို မူရင်းအတိုင်းသာ​ဖော်​ပြပါသည်​။
No comments