ချိုခါးတစ်ခွက်,
မုသားမပါ လင်္ကာကမချောဘူးလား၊ မုသားမပါ ခရီးသွားရတာတောင်
မဖြောင့်သလိုပဲ၊ မှန်တာပြောရင် အဆင်မပြေတတ်ဘူးလို့ ပြောရမလို
ဖြစ်နေပြီနော်၊ ဘယ်လိုကြီးလဲ၊ ငါကမှားတာလား၊ သူကမှားတာလား၊
မှန်တာပြောရင် လက်မှတ်မှမထိုးတာ ဒီတော့လဲ အဆင်ပြေဖို့အတွက်
ပြောဖြစ်လိုက်တဲ့ မုသားတွေ အမျှလဲ မဝေရဲဘူးထင်ပါရဲ့။
အင်း သူ့အကျိုးမပျက်စီးရင် တော်တယ်ဆိုရမှာပဲ၊ white lie တွေအကြောင်း
အအေးသောက်ရင်း ဆွေးနွေးဘူးတယ်၊ ကိုယ်ကတော့ပြောမိတယ်၊
လိမ်ချင်လို့ လိမ်ရသူရယ် မလိမ်ချင်ပဲ မဖြစ်လို့ လိမ်ရသူရယ်
မလိမ်ချင်လို့ကိုး မလိမ်တဲ့သူရယ် ဒါပဲရှိမယ်။
သူငယ်ချင်းကပြောတယ်၊ မုသားအများဆုံးစားကောင်းတဲ့ အချိန်က
သမီးရည်းစားဘ၀တဲ့။ ကိုယ်လဲ မသိ၊ မှတ်ထားတာပဲရှိတယ်၊
လင်္ကာတွေချောဖို့ကတော့ သစ္စာပဲမြင်တယ်၊ ဗုဒ္ဓကတော့ မုသားပြောတဲ့
သူဟာ မလုပ်ရဲတဲ့ အပြစ်မရှိတော့ဘူးတဲ့၊ ပြီးတော့ မုသားစကားဟာ
လောကကြီးကို တိမ်းပါးချွတ်ချော်သွားစေတယ်တဲ့။
မောင်းနှင်းနေတဲ့ ရထား လမ်းချော်သွားသလိုမျိုး ထင်ပါတယ်၊ သံသရာ
ကံရထားမှောက်လောက်အောင်ထိကတော့ ရင်ပူစရာပဲ၊ ဒါပေမဲ့ မုးသားက
မိသားစု သူငယ်ချင်း အဲလို ချင်းပေါင်းများစွာကြားမှာ ရိုးရိုးယဉ်ယဉ်နဲ့
ဈေးကွက်ဝင်နေဆဲပါ၊ တကယ်တော့ မုသားဆိုတာ ချိုခါးကြီးပါ၊ ရဟန်း
တစ်ပါးအတွက်တော့ မုသားတွေကင်းမဲ့ရာဇုန်မှာ နေနေဝေးဝေး
ဝေးဝေးနေနေလေးပဲ ကောင်းပါတယ်။
Credit - ဘ၀ဇာတ်ခုံ
အောင်မြင့်မြတ်(Myanmar Youths)
Post a Comment