ပယ်လူ
လူစည်ကားတဲ့ ... လမ်းဆုံတစ်ခုမှာ စစ်သားဟောင်း
ဒုက္ခိတ တစ်ယောက်ဟာ ဂျိုင်းဒေါက်ကို အားပြုလျှက် ပန်းရောင်းနေခဲ့တယ်..။
အခါလွန်မိုးရဲ့..တဖွဲဖွဲ ရွာချနေသည့် ကြားမှာ ကားတွေ တစ်စီးပြီး တစ်စီးကို ပန်းတွေ
လိုက်ရောင်းနေပေမယ့် ထိုစစ်သားဆီက ပန်းကို
ဘယ်သူမှ မဝယ်ခဲ့ကြပါဘူး..။
စစ်သားဆိုရင် ရွံရှာတဲ့ အကြည့်နဲ့ အားလုံးက
မသတီသလိုကြည့်သွားကြတယ်..။
တိုင်းပြည်တွက်..ကျည်ဆန်တွေ ဗုံးဆံတွေကြားမှာ
ပြေးလွှားရင်း ဒုက္ခိတ ဖြစ်ခဲ့တဲ့ စစ်သားကြီးဟာ
လူတွေက သူ့အပေါ် ရွံရှာသလို ကြည့်သွားတော့
ဝမ်းနည်း နာကျင်ခဲ့ရတယ် မိုးနဲ့အတူ သူမျက်ဝန်းအိမ်မှာ မျက်ရည်ဥတွေ ခိုတွဲနေခဲ့တယ်..။
`` ဟုတ်ပါတယ်..ငါက မင်းတို့ရွံရှာ စစ်သားပါ ´´
`` ဒါပေမယ့်..ငါ ရောင်းတဲ့ ပန်းလေးတော့ ဝယ်ကြပါနော် ´´
`` အခုချိန်ဆို..နာမကျန်းဖြစ်နေတဲ့ မိန်းမရယ်
အဖေပြန်လာကို စောင့်နေမယ့် ငါ့ကလေးတွေရယ် ´´
`` ဒါပေမယ့်..ငါ အိမ်ပြန်လို့မရသေးဘူး ငါ ပန်းတွေကုန်မှ ဖြစ်မှာပါ ´´
`` ငါ့ကို..မုန်းကြပါ ငါ့ကိုရွံကြပါ ´´
`` ငါရောင်းတဲ့..ပန်းလေးတော့ ဝယ်ကြပါအုံး ´´
`` ဒီပန်းလေးတွေကုန်မှ ငါ့မိသားစု ထမင်းစားရမှာ
မလို့ပါ ´´
Credit : Original Writer
အောင်မြင့်မြတ်(Myanmar Youths)
Post a Comment