ညှောင်
အနှီကြောင်လေးများဆိုလျှင် ပတ်ဝန်းကျင်နှင့် ပနံသင့်လှသည်။ ပြတင်းပေါက်အပြင်ဘက် ရောက် နေလျှင်ပင် အတွင်းဘက်သို့ မြူးထူးစွာ ခုန်ဝင်ခုန်ထွက်လုပ် တတ်ကြသည့် ကြောင်လေးတွေ။ ဂရီဂေါ်လို အပယ်ခံကောင်မျိုးဘဝ လားလားမှ မရောက်ဖူးသကဲ့သို့ သူ့လိုအကောင်မျိုးကို ဖုတ်လေတဲ့ ငါးပိ ရှိလေသည်မမှတ်သည့် အလား။ အဲဒီသန့်ရှင်းရေး မိန်းမ မှာ ကြောက်လန့်တတ်သည့်ရောဂါ စွဲကပ်နေပုံရသည်။ နေရာပေးမခံ ရသည့်သူ့ဘဝ လူလူသူသူဖြစ် အောင် ဘဝအလှည့်အပြောင်း တစ်ခုလိုနေပုံရသည်။
ဂရီဂေါ် အငတ်ငတ်အပြတ် ပြတ်ဖြစ်နေသည်။ စားဖွယ်သောက် ဖွယ်များ ပြင်ဆင်တည်ခင်းထား ရာနေရာကို ဖြတ်သွားခွင့်ကြုံပါမှ တဖဲ့တရွဲ့စားရသည်။ စားစရာ တစ်ခုခုမျိုမချမီ ပြန်ထွေးထုတ်ရ သည်က အကြိမ်ကြိမ်။ ပထမတော့ သူနေရသည့် အခန်းအနေအထား ကြောင့် ကြေကွဲဝမ်းနည်းနေ၍ဟု သူထင်သည်။ သူရသင့်ရထိုက်ခံ စားထိုက်သည်များမရ၍ဟု ထင်မိ သည်။ ကြောင်တေလေ ကြောင် ဝင်စားအကောင်အနေဖြင့် သူ၏ မူလဘူတဘဝ ဆုံးရှုံးခဲ့၍ဟု သူ ထင်မိသည်။
ဒါတွေဒါတွေကြောင့် သူမစားနိုင်မသောက်နိုင် ဖြစ်နေ သည့်ဘဝဟု ထင်မိသည်။ ဒါပေသိ နောက်ပိုင်းတွင် သူနေရသည့် နေရာနှင့် ကျင့်သားရလာသည်။ သူဖြစ်ရာဘဝနှင့် သဟဇာတဖြစ် လာသည်။ သူ့မိသားစုတစ်ခုလုံးနှင့် အဲဟို သန့်ရှင်းရေးမိန်းမတို့က သူတို့အသုံးမလိုသမျှ ဗြုတ်စဗျင်း တောင်းပစ္စည်းမှန်သမျှ သူ့အခန်း တွင်း တစ်ထည့်တည်း ထည့်သည်။ သူစဉ်းစားမိသလောက် အခန်းပို ထွက်အောင်လုပ်ပြီး ငှားစားမည် ထင်သည်။ သူ့အတွေးမှန်သည်။
လူသုံးယောက်ကို အငှားချထား လိုက်ပြီပဲ။ အမယ်…ထိုလူကြီး လူကောင်းသုံးယောက်လုံး မုတ်ဆိတ်မွေး ဗရပျစ်ကြီးတွေနဲ့ သူတံခါးကြားမှာ ချောင်းကြည့်စဉ် မြင်ရသည်။ဗရပျစ်ကြီးတွေနဲ့ပေမဲ့ သပ်သပ်ရပ်ရပ် ကိုက်ညှိထား သည်။ သူတို့နေပုံထိုင်ပုံက သပ်ရပ် သန့်ရှင်းစွာနေမည့်ပုံ တစ်အိမ်လုံး ဧည့်ခန်းကအစ မီးဖိုချောင်အထိ ရှင်းလင်းနေမှ ကြိုက်သည်။ ရှုပ်ရှုပ် ထွေးထွေး ပစ္စည်းပစ္စယများကို သူတို့မကြိုက်တတ်၊ ဒါတင်လားဆို တော့ မဟုတ်၊ သူတို့ပိုင် ပရိဘောဂ များကို သယ်ချလာကြသေးသည်။ သူတို့ပစ္စည်းတွေကြောင့် အိမ်တွင် နဂိုရှိနေသည့်ပစ္စည်းများ အပို အရှုပ်ထုပ်တွေ ဖြစ်ကုန်သည်။ နေရာ မလောက်၍ ဟိုထိုးထည့်ရ၊ ဒီထိုးထည့်ရ ဖြစ်ကုန်သည်။ ဒီပစ္စည်းတွေက ရောင်းလို့လည်း မရသလို လွှင့်ပစ်ဖို့ကလည်း ခက် သကိုး။
နောက်ဆုံးတော့ ဂရီဂေါ့် အခန်းထဲသို့ စုပြုံရောက်လာကြ သည်။ မီးဖိုပြာကအစ အမိုက် သရိုက်အဆုံး သူ့အခန်းထဲ မတိမ်း မစောင်းဗိန်းဗောင်းတီး ဝင်ရောက် လာကြသည်။ ဒီကြားထဲ အဲဟို သန့်ရှင်းရေးမိန်းမက တစ်မျိုး၊ လောလောဆယ် အသုံးမဝင်ဟု ထင်သည့်အရာများကို သူ့အခန်း ထဲ လာထည့်သည်။ (ဒင်းလာလာ ထည့်မှန်း ဒင်းလက်ကြီးကို ဂရီဂေါ် မြင်ရ၍တော်သေးသည်) အဲ… အချိန်ခါသင့်သည့် တစ်ချိန်ချိန်တွင် တော့ သူ့အခန်းထဲကဟာတွေကို စွန့်ပစ်ကောင်းပါရဲ့ဟု သူတွေးမိ သည်။ သို့ပေသိ ယူဖြစ်ဖို့ဝေးစွ၊ လာလာထည့်သည့် ပစ္စည်းအဖုံဖုံ က များသည်ထက် များ၍လာသည်။
သူ့တစ်နေရာစာကိုပင် အဲဒါတွေကို ဖယ်ရှားနေရာယူနေရသည်။ ပထမတော့ ဒါတွေကို ဖယ်ထုတ် နေရတာကိုက အလုပ်ကြီးတစ်ခု မဖယ်လျှင်လည်း သူနေရာမရှိ။ နောက်ပိုင်းတွင်တော့ အဲလိုဖယ် ထုတ်ရတာကို သူသာယာလာမိ သည်။ တစ်နေရာစာ ကုတ်ကုတ် ကတ်ကတ်ဖယ်ထုတ်ပြီးလျှင် သူ သေ ချင်ပက်ကျိ မောပန်းသွားတတ် သည်။ ပြီး … ကုလားသေ ကုလားမော အိပ်ပျော်သွားတတ် သည်။ ကောင်းလေစွ။ အိမ်ငှားတွေ က ညနေစာကို သူ့နေရာသူ ယူစားတတ်သဖြင့် ဧည့်ခန်းတံခါး မှာ အမြဲတမ်း ပိတ်ထားသလောက် ဖြစ်နေသည်။
တံခါးပိတ်ထားပေမဲ့ ဂရီဂေါ်အတွက် ပြဿနာမရှိ။ တံခါးဖွင့်သည်နှင့် အိမ်သားများ မသိအောင် လှစ်ခနဲဝင်နိုင်ပေမယ့် သူ့အခန်းမှောင်မှောင်ထဲမှာပဲ နေတတ်သည်။ အဲ… တစ်နေ့ သန့်ရှင်းရေးဟာမကြီးအပြန် ဧည့်ခန်းတံခါးက ဟဟလေးကျန်ခဲ့ သည်။ အိမ်ငှားသကောင့်သားကြီး တွေ ညနေပြန်လာပြီး မီးတွေထွန်း တော့လည်း ဒီအတိုင်း ဟတတ။ ကိုယ်တော်ကြီးတွေက တစ်ချိန်က ဂရီဂေါ့်အမေအဖေ အစ်မနှင့် သူကိုယ်တိုင် ထိုင်ခဲ့သည့် ကုလား ထိုင်များပေါ်တွင် အကျထိုင်ပြီး ခေါက်ထားသည့် လက်သုတ်ပဝါ တွေကိုဖြန့်၊ ဓားတွေ၊ ခက်ရင်းတွေ ထုတ် အလုပ်ရှုပ်နေကြသည်။ ကြည့်ရင်း ဂရီဂေါ့်မိခင်က အသား ဟင်းတစ်ပွဲ လာချသည်။ မရှေး မနှောင်းမှာပင် သူ့ညီမတော်က အာလူးများ မောက်လျှံနေသည့် ပန်းကန်ကြီးတစ်ချပ် လာချသည်။
စားစရာများက အငွေ့တထောင်း ထောင်းနှင့်။ ကိုယ်တော်ကြီးတွေက တည်ခင်းထားသည်များကို မစားမီ သူတို့ရှေ့က ပန်းကန်ပေါ် ကိုယ်ကို ကိုင်းလိုက်ကြသည်။ မသုံးဆောင်မီ ဘာတွေများပါလိမ့်ဟု စူးစမ်းသည့် ပုံစံ။ သူတို့အထဲမှ ဦးစီးခေါင်း ဆောင်ဖြစ်ပုံရသည့် အလယ်မှာ ထိုင်နေသည့် လူကြီးက ပန်းကန် ထဲမှ အသားကို လှီးကြည့်သည်။ နူးနပ်ခြင်း ရှိမရှိ။ မနူးသေးပါက ပြန်ချက်ပေးရမည့် အသွင်၊ ဖဲ့ကြည့် ပြီး သူကျေနပ်သွားသည်။ ဘေးမှာ ရပ်နေသည့် ဂရီဂေါ့်အမေနှင့်ညီမ ခုမှသက်ပြင်းချနိုင်ကြသည်။ အပြုံး ယဲ့ယဲ့ဖြင့်။
အိမ်သားတွေကတော့ မီးဖို ထဲမှာ စားကြသည်။ ဂရီဂေါ့်အဖေ က မီးဖိုခန်းထဲမဝင်မီ အဖုံးနှင့် ပန်းကန်စောက်ကြီးကိုင်၍ ထိုသူ တွေ စားသောက်နေရာသို့ ဝင်လာ သည်။ အိမ်ငှားများက ရုတ်ခနဲ မတ်တတ်ရပ်ပြီး တစ်စုံတစ်ခုကို ရေရွတ်ကြသည်။ မကြာခင် သူ့အဖေ ပြန်ထွက်သွားချိန်မှာ တော့ ပြန်ထိုင်ပြီး စကားတစ်ခွန်းမှ မဆိုဘဲ ညစာကို ဆက်လွေးကြ တော့သည်။ သူတို့စားသောက်နေ စဉ် ထွက်လာသည့်အသံတွေက ဂရီဂေါ်အတွက် ထူးဆန်းနေသည်။ အစာကို သူတို့မျိုချနေသည့်အသံ ကို အတိုင်းသားကြားရသည်။ သူတို့ကိုကြည့်၍ လူသားတွေအနေ ဖြင့် သူတို့၏သွားများ၊ လျှာများကို သာမက လည်ပင်းစွမ်းရည်ကို လည်း အပြည့်အဝသုံးရန်လိုအပ် ကြောင်း ဂရီဂေါ်တွေးမိသည်။
”အင်း … သူတို့ကိုကြည့်ပြီး ငါလည်း ဆာလာပြီ၊ ဒင်းတို့တစ်တွေ ပျတ်ပျတ်နဲ့ မျိုဆို့နေသလောက် ငါကတော့ သေလုမတတ် ဆာ လိုက်တာ”
ဂရီဂေါ်မြည်တမ်းမိ သည်။ ထိုစဉ်ထိုအခိုက် မီးဖိုခန်းထဲ မှတယောသံညင်းညံညံက ဝေစည် ထွက်ပေါ်လာသည်။ သည်အချိန် သည်ကာလမှာ သည်လို အသံမျိုး မကြားဖူးသလောက်ဟု သူတွေးမိ သည်။ အိမ်ငှားကြီးတွေကတော့ သူတို့ညစာကို လက်စသတ်နေကြ ပြီဖြစ်သည်။ အလယ်ကလူကြီးက သတင်းစာတစ်စောင်ကို ဆွဲထုတ် လိုက်ပြီး ကျန်သူနှစ်ဦးက ပြနေ သည်။ သုံးဦးစလုံး ဇိမ်နှင့်မှီထိုင်သူ ထိုင်ပြီး သတင်းစာဖတ်သူ ဖတ်၊ ဆေးလိပ်ဖွာသူဖွာနျှင့်။ တယောသံ စထွက်စဉ် သူတို့အားလုံး အာရုံ စိုက်ကြသည်။ အားလုံး နေရာမှထ ကာ မီးဖိုခန်းအနား ခြေဖျားထောက် သွားကာ ထရံနား နားကပ်၍ နားထောင်ခဲ့ကြသည်။ မီးဖိုထဲမှ ဂရီဂေါ့်ဖခင်၏ အပြောကို သူတို့ ကြားမိလောက်သည်။
”ဟေ့ အိမ် ငှားတွေ တယောသံကို မကြိုက် လောက်ဘူးထင်တယ်”
ဟုဆိုလိုက် သည်နှင့် အလယ်မှာထိုင်သည့် လူကြီးက….
”မိန်းမချောမိန်းမလှလေး အခန်းထဲလာပြီး တယောထိုးတာ လောက်ကောင်းတာ ဘာရှိဦးမှာ လဲဗျာ” ဟုပန်ပြောသည်။ဂရီဂေါ့် အဖေက..
”ကျေးဇူးမောင်ရင် ကျေးဇူး”
ဟု တုံ့ပြန်သည်။ တယော ကို သူကိုယ်တိုင်ထိုးနေသည့် အလား။ လူကြီးသုံးယောက်က သူ့နေရာသူ ပြန်ထိုင်သည်။ ဂရီဂေါ့်အဖေက ဂီတနုတ်(စ်) စာရွက်တင်စဉ် အမေက ဂီတနုတ် (စ်)စာရွက်၊ ညီမက တယောကိုင်၍ အသီးသီးအသက အခန်းတွင်းဝင် လာသည်။ ညီမဖြစ်သူဂရီတီက တယောထိုးဖြေဖျော်ဖို့ တည်ငြိမ်စွာ ပြင်ဆင်သည်။ မိဘနှစ်ပါးကတော့ သူတို့တစ်သက် တစ်ခါဖူးမျှ အိမ် မငှားဖူးသည့်အတွက် အိမ်ငှားတွေ ကို လောကွတ်ပိုနေသည်။
သူတို့ နေရာတွင် သူတို့မထိုင်ဝံ့။ လောက ဝတ်ပိုပိုနှင့် ယဉ်ကျေးပျူငှာပြနေ ကြသည်။ ဂရီဂေါ်ဖခင်က သူ့အင်္ကျီ ကြယ်သီးနှစ်လုံးကြားကို ကိုင်၍ နံရံကိုမီနေသည်။ သူ့မိခင်ကတော့ ကျေးဇူးရှင် အိမ်ငှားတစ်ဦး ထိုးပေး သည့် ကုလားထိုင်တွင် ထိုင်သည်။ သူတို့သုံးဦးထဲမှ တစ်ဦး တစ်ဦး ထိုင်လိုလျှင် ရုတ်ချည်းထပေးလို့ ရအောင် ခုံဘေးစွန်းထောင့်တွင် ထိုင်သည်။ ဂရီဂေါ့်ညီမက တယောကို ထိုးသည်။ သူ့အဖေ ရော၊ အမေကပါ သမီးလက်သွား သည့်အတိုင်း စည်း ချက်လိုက်နေ သည်။ ဂရီဂေါ်ကို ဂီတကဖမ်းစား လိုက်သည်။ မဝံ့မရဲဖြင့် ရှေ့တိုး ကြည့်သည်။ သူ့အာရုံက ဧည့်ခန်း ထဲ စူးစူးနစ်နစ်ရောက်နေပြီဖြစ် သည်။ တစ်ပါးသူကို ထည့်မတွက် တတ်သည့် သူ့ဝသီကို သူတွေးမိ သည်။
အရင်ကဆိုလျှင် သူတို့ ယခုလို ဆိုတီးနေပါက သူတို့ကို ချီးမွမ်းကောင်း ချီးမွမ်းမိမည်ဖြစ် သည်။ ယခုလိုအချိန်မျိုးတွင် သူ ဘာကြောင့် ပုန်းကွယ်နေရသည့် အကြောင်းကို တွေးမိကောင်း တွေးမိမည်ဖြစ်သည်။ ပုန်းရှောင်နေ မည့်အစား ဘွားခနဲထွက်ကာ မိသားစုနှင့်အတူ ရှိနေသင့်သည်ဟု သူ ယူဆကောင်းယူဆနိုင်မည် ဖြစ် သည်။ ဒါပေမဲ့ သူနေသည့်အခန်း တစ်ခုလုံး ဖုန်တွေချည်း။ သူ့တစ် ကိုယ်လုံးလည်း ဖုန်အလိမ်းလိမ်း ကပ်၍ သူစိတ်ထင်တိုင်း မလုပ်နိုင်။ သူ့တစ်ကိုယ်လုံးတွင်မက သူစား သည့်အစာထဲတွင်ပင် ဖုန်တွေ အပြည့်။ သူလုပ်နေကျ ကြမ်းကိုပင် မကုတ်ခြစ်နိုင်၊ ဖုန်များကြောင့် ခါတိုင်းလို လဲလျောင်းမနေနိုင်။ ခုအချိန်တွင်တော့ တဖိတ်ဖိတ် အရောင်တောက်နေသည့် ဧည့်ခန်း ကြမ်းပြင်ရှိရာသို့ လာရာတွင်မူ သူ့မှာ နောက်တွန့်စိတ်မရှိ၊ သူ ထွက်လာသည်ကို ဘယ်သူမှ ဂရု မပြုမိ၊ မိသားတစ်စုလုံး တယောသံ ၏ ဖမ်းစားခြင်းကို ခံနေရသည်။
ဘောင်းဘီအိတ်ထဲ လက်နှိုက်လျက် သားက ကိုရွှေအိမ်ငှားများက သူ့ ညီမနားကပ်လျက် ရှိနေသည်။ ဂရီတီကြည့်နေသည့် ဂီတနုတ်(စ်) များကို ကြည့်ချင်စိတ်ဖြစ်နိုင်သော် လည်း သူမပုံက အနေခက်နေ သည့်အသွင်ပီး… အသံတိုးတိုး တိုးတိုးပြော၍ ပြတင်းပေါက်နား ကပ်သွားကြပြန်သည်။ ဂရီဂေါ့် ဖခင်က စိုးရိမ်မကင်းသည့်ပုံဖြင့် လှမ်းကြည့်သည်။
တယောသံသာ သာက ရင်းတို့၏စိတ်အာရုံကို မဖမ်းစားနိုင်သည်ကတော့ သေချာ သည်။ ယဉ်ကျေးမှုအရ တိတ်ဆိတ် ငြိမ်သက်စွာ နားထောင်နေကြပုံရ သည်။ ဆိုးသည်လည်း မပြော၊ ကောင်းသည်လည်းမဆိုဘဲ သည်း ခံနားဆင်ပေးနေပုံရသည်။ ဆေး ပြင်းလိပ်ကြီးများကို အငွေ့တ ထောင်းထောင်းထအောင်ဖွာလိုက် ဆေးလိပ်ငွေ့များကို နှာခေါင်းထဲမှ ထုတ်လိုက် လုပ်နေပုံက သူတို့ စိတ်ဘဝင်မကျဖြစ်နေသည်ကို ပြဆိုနေသည်။ မည်သို့ဆိုစေ ဂရီဂေါ့်ညီမတော် ဂရီတီကတော့ လက်စွမ်းပြမြဲပြလျက်။ သူ့မျက်နှာ တစ်စောင်းပုံကို ဂရီဂေါ်ဖျတ်ခနဲ မြင်လိုက်ရသည်။ ဧည့်သည်အိမ် ငှားများကို ဝမ်းနည်းစွာ ငေးကြည့် နေသည့်အသွင်။ ဂရီဂေါ်ရှေ့ထပ် တိုးလိုက်သည်။ ညီမဖြစ်သူ သူ့ကို သတိထားမိလိုထားမိငြား သူ့ကိုယ် နှင့်ကြမ်း ပြားပြားဝပ်ကပ်နေလိုက် သည်။
တိရစ္ဆာန်တစ်ကောင် လုံး လုံးလျားလျားဖြစ်နေသူ သူ့ကို ဂီတက ဖမ်းစားနိုင်မည်လားဟု လည်း တွေးလိုက်မိသည်။ သူ့အတွေးထဲတွင် သူ့အိပ်မက်ထဲက ကြောင်များ၏ မနှစ်မြို့ဖွယ် စီစီညံ သီချင်းသံများနှင့် ကြောင်ဖားကြီး ဂျိုးဇက်ကေ၏ ကြောင် ၇ ကောင် ၏ ဂီတသံကို ကြားယောင်လာမိ သည်။ ကြောင်တေေ လကြောင်ဖား တို့၏ ဂီတသံကို သူ့စိတ်က မသိ လိုက်ဘဲ ခွန်အားတစ်ရပ်အဖြစ် ယူဆမိသည်က သူ တိရစ္ဆာန် တစ်ကောင်သာ ဖြစ်နေသည်ကို ဖော်ပြနေသည်။ တယောထိုးနေ သည့် ဂရီတီ၏အင်္ကျီစကို ကုတ် ဆွဲနိုင်ရန် သူ့ရှေ့မှောက်တွင် ဂရီဂေါ် ပြားပြားဝပ်နေရာယူလိုက် သည်။
တစ်နည်းဖြင့် သူ့ညီမကို သူ့အခန်းထဲ တယောလာတီးရန် နှင့် ယခင်ကလို သူ့ကို ယုယပိုက် ထွေးရန် မျှော်လင့်မိသည်။ တယောသံကို သူ စိတ်ဝင်စား တန်ဖိုးထားသလောက် အခန်းတွင်း ရှိ ဘယ်သူ့ဘယ်သူမျှ စိတ်မဝင် စား တန်ဖိုးမထား၊ ပေယျာလကန် လုပ်နေကြသည်။ သူ ဒီအိမ်တွင် ခိုကပ်နေသမျှ ကာလပတ်လုံး သူ့ညီမကို သူ့အနားရှိစေချင်သည်။ သူ၏ စုတ်တီးစုတ်ချာ ကြောက် စရာအသွင်က သူ့မိသားစုအားကိုး စရာဟု သူ ခံစားမိသည်။ သူ့အခန်း ရှိ တံခါးပေါက်များမှ မည်သည့် ရန်သူမှ မဝင်ရောက်နိုင်အောင် သူ မာန်ဖီနိုင်သည်။ ကုတ်ခြစ်နိုင် သည်ဟု ကြွားရရား တွေးမိသည်။
ညီမဂရီတီ သူ့အပါးမှ တစ်ဖဝါး မခွာစေရ၊ အို… မဟုတ်သေး၊ သူ့သဘောနှင့်သူ ဂရီဂေါ်အနား မှာ နေပေးမည်ပဲ။ သူ့တွေးလုံးများ က စီရရီ။ သူ ဂရီဂေါ့် အနားမှာ ရှိလျှင် ဆိုဖာခုံတစ်ခုပေါ် ထိုင်ချင် ထိုင်ပေလိမ့်မည်။ ပြီးတော့ … သူပြောတာနားထောင်ရန် အောက် ငုံ့၍ သူ့နားရွက်ကို ဂရီဂေါ့်နား ကပ်ချင် ကပ်လာမည်ဖြစ်သည်။ ထိုသို့ကပ်လာလျှင် ဂရီဂေါ်ပြောပြ မည်က ညီမဂရီတီကို သူမ အလုပ် လုပ်ရာ မော်ကွန်းတိုက်ပြန်ပို့ပေး မည့်အကြောင်း မောင်နှမချင်း ပွင့်ပွင့်လင်းလင်း ပြောလိုက်မည် ဖြစ်သည်။ သူသာ ယခုလို အဟိတ် တိရစ္ဆာန်တစ်ကောင်သာဖြစ်မနေ လျှင် ထိုအကြောင်းကို လာမည့် ခရစ္စမတ်မတိုင်မီ အများသိအောင် ပြောလိုက်မည်ဖြစ်သည်။
ပြောမယ့် သာပြောရ ခရစ္စမတ်က ပြီးခဲ့လေ ပြီလား သူမသိ။ ပြီးပြီး မပြီးပြီး ဒါကို အရေးလုပ်မပြောချင်၊ ဂရီ ဂေါ် သူ့ညီမအပေါ်ထားသည့် စေတနာကို ပြောပြလျှင် ညီမဂရီတီ ၏ ဝမ်းသာဝမ်းနည်း မျက်ရည်များ ပင်လည်ရှာမည်က မုချ။ သူမလက် တွေကို မြှောက်၍ လည်ပင်းကို ၅၂၈ သင်္ကေတဖြင့် နမ်းကောင်း နမ်းမိမည်ဖြစ်သည်။ ဂရီတီအလုပ် လုပ်ကတည်းက အလုပ်သမားနှင့် တူအောင် ဖဲကြိုး သို့မဟုတ် ကော်လာမတပ်ခဲ့ရသည့် လည် ပင်း။
”ဦးလေးဆမ်(မ)ဆာ”
ဂရီ ဂေါ့်ဖခင်ကို အိမ်ငှားထဲမှ တစ် ယောက်က ခေါ်သည်။ ပြီးတော့ ကြမ်းပေါ်တွင် ဝပ်နေသည့် ဂရီ ဂေါ့်ကို လက်ညှိုးထိုးပြရုံကလွဲ၍ မည်သည့်စကားမှ မဆို၊ တယောသံ ရုတ်ချည်းတိတ်သွားသည်။ အလယ်ကလူက ခေါင်းတခါခါနှင့် ဂရီဂေါ်ကို ငုံ့ကြည့်လိုက်သည်၊ သူ့ကိုမောင်းထုတ်ရမည့်အစား ဂရီဂေါ့် အဖေက အိမ်ငှားများရှေ့ ရုတ်ရုတ်ရက်ရက် မလုပ်လိုသည့် အသွင်ရှိသည်။ သူတို့အားလုံးပုံစံ က လုံးလုံးလျားလျား ကသိ ကအောင့်ဖြစ်သည့်ပုံမဟုတ်၊ ဂရီ ဂေါ့်ခန္ဓာကိုယ်အရွယ်အစားက ဧည့်ခန်းရှိ ကုလားထိုင်အကြီးကြီး များတွင်ပင် မဆန့်ချင်၊ ထိုင်မိလျှင် အဲဒီကုလားထိုင်ကို ကုတ်ခြစ်ဆုတ် ဖြဲမိမည်ဖြစ် သည်။ စင်စစ် ဂရီဂေါ် ၏ ဧရာမကိုယ်ခန္ဓာကြီးက တယောသံထက် အဆိုပါအိမ်ငှား လူကြီးမင်းများကို ဖမ်းစားနိုင်သည့် အသွင်ရှိသည်။ ဂရီဂေါ့်အဖေက အိမ်ငှားများအနားသို့ ကပ်သွားပြီး ကိုယ့်အခန်းကိုယ်ပြန်ကြဖို့ ပြော သည်။ ဂရီဂေါ့်ကို ပြက်ပြက်ထင် ထင် မမြင်ရအောင် သူတို့ရှေ့တွင် သူ့ကိုယ်လုံးနှင့် ကွယ်ကာ ပြော သည်ကိုး၊ ဂရီဂေါ့်ဖခင်လုပ်ပုံ ကြောင့် သူတို့တကယ်စိတ်ဆိုးသွား ပုံရသည်။
သူ့ဖခင်၏လုပ်ပုံကြောင့် စိတ်ဆိုးခြင်းလား ဒါမှမဟုတ် ဂရီဂေါ်လိုကောင်မျိုးနှင့် တစ်မိုး အောက်ထဲနေရသည်ကို အသိ မပေး၍ စိတ်ဆိုးခြင်းလား မဆို နိုင်။ သူတို့၏မုတ်ဆိတ်ရှည်ကြီး တွေတသတ်သတ်နှင့် ဂရီဂေါ် အဖေဆီက ဖြေရှင်းချက်တောင်း သည်၊ လက်တမြှောက်မြှောက်၊ မုတ်ဆိတ်တသတ်သတ်နှင့် ပြီးတော့ သူတို့အခန်း သူတို့ဝင် သွားကြသည်။ ပြီးတော့ တယော ထိုးနေတုန်းကတည်းက စိတ်ဝင် စားမခံရသည့် ဂရီတီအပေါ် သူတို့ ၏စိတ်ဝင်စားမှု ကြက်ပျောက် ငှက်ပျောက်ဖြစ်သွားသည်။ ဂရီတီ က ဂီတနုတ်(စ်)များကို စေ့စေ့ကြည့် ရင်း ခွန်အားမဲ့နေတဲ့လက်က တယောထိုးတံပေါ် တင်လျက်သား၊ တယောမထိုးပေမဲ့ ထိုးနေဘိသကဲ့ သို့ ဂရီတီက တယောကို သူ့အမေ ပေါင်ပေါ်တွင် တင်လိုက်သည်။ အသက်လုရှူနေရသည့်အမေ၊ ကုလားထိုင်ပေါ်တွင် ထိုင်နေသည့် အမေ့ပေါင်ပေါ်တွင် တင်လိုက် ခြင်း၊ သူမကို ကြည့်ရင်း ဂရီဂေါ် ကိုယ်တိုင် မောပန်းသလို ခံစားရ သည်။ ညီမဂရီတီ၏ လည်ပတ်နှင့် သူ့အဖေ၏ ချည်ခင်ကြောင့် ဂရီဂေါ် ချောင်းတဟွတ်ဟွတ် ဆိုး သည်။ နှာတရှီးရှီးချေသည်။ ပြီး တော့ အိမ်ငှားများရှိရာ အခန်း တွင်းသို့ ပြေးဝင်သွားမိသည်။
ဂရီ ဂေါ်ဖခင်အပေါ် မကျေလည်မှုက ထိုသူသုံးဦး တစ်ဦးနှင့်တစ်ဦး ပိုမို စည်းလုံးလာသည့်အသွင်ရှိသည်။ သူတို့အိပ်ရာပေါ်ရှိ ခေါင်းအုံးနှင့် အိပ်ရာခင်းများမှာ ဂရီတီလက်ရာ ဟု မပြောဘဲသိရအောင် သပ်ရပ် သန့်ရှင်း၍နေသည်ကို ဂရီဂေါ် တွေ့လိုက်ရသည်။ အိမ်ငှားများ အိမ်ပြန်မရောက်မီ ဂရီတီက သပ် ရပ်စွာ ခင်းကျင်းထားပုံရသည်။ အိမ်ငှားကို ပစားမပေးလိုသည့် ဂရီဂေါ်အဖေ၏ ခေါင်းမာမှုကို ဂရီတီက ဖြေလျော့ပေးလိုက်ခြင်း ဖြစ်သည်။ ဂရီဂေါ်အဖေက တံခါး ကို ငှားထားသည့် အခန်းတံခါးကို တပုတ်ထဲပုတ်နေသည်။ ခေါင်း ဆောင်ဖြစ်သူ အလယ်လူက တဒုံး ဒုံးခြေဆောင့်၍ တံခါးအဖွင့် ဂရီ ဂေါ်ဖခင့်က ရပ်လျက်သား။
”ကျွန်တော်ပြောပါ့မယ်။ ဒီအခန်းနဲ့ ဒီမိသားစုရဲ့ ကျက်သရေ မရှိတဲ့အခြေအနေကြောင့် ဒီအခန်း ဆက်မငှားတော့တဲ့အပြင် နေခဲ့တဲ့ ရက်အတွက် အဖိုးအခတစ်စုံတစ် ရာ ကိုလည်း မပေးနိုင်ပါဘူး။ ဒါ့အပြင် တစ်ခုခုအရေးယူ ဆောင် ရွက်မယ်၊ မဆောင်ရွက်ဘူးဆိုတာ ကိုလည်း စဉ်းစားနေပါတယ်။ ဒါကလွယ်ပါတယ်”..
ဦးစီးခေါင်း ဆောင်အလယ်လူ အိမ်ငှားက လက်ကလေး တမြှောက်မြှောက် ဖြင့် ဆိုသည်။ သူ့အပြောကိုရပ် လိုက်ပြီး ဂရီဂေါ်အဖေပြန်ပြော မည်ကို ငံ့လင့်သည်။ ကျန်အိမ်ငှား ၂ ဦးကလည်း သူ့အဖော် လမ်းစဉ် ကို လိုက်သည်။
”ကျွန်တော်တို့ လည်း ဒီအတိုင်း သတိပေးပါတယ်”
ပြောပြောဆိုဆို ၃ ဦးလုံး အခန်း အတွင်းသို့ ဝင်သွားကြပြီး တံခါးကို ဒုန်းခနဲပိတ်ကာ သော့ချလိုက် သည်။ မလောက်လေး မလောက်စား ကြောင်တစ်ေ ကာင်ဖြစ်နေ ကြောင်းက သူတစ်ပါးစော်ကားမှု ကို တန်းတူရည်တူ မတုံ့ပြန်နိုင်ဟု ဂရီဂေါ် တွေးမိသည်။ ကြောင် ဖားကြီးတစ်ကောင်ပင် ဖြစ်လင့် ကစား ဒင်းတို့ကို တူတူတန်တန်မတုံ့ ပြန်နိုင်ဟုလည်း တွေးမိသည်။ သူ့အဖေက ကုလားထိုင်ရှိရာသို့ လျှောက်သွားပြီး သူ့ခန္ဓာကိုယ်ကို ဝုန်းခနဲပစ်ထိုင်လိုက်သည်။ ညနေ တိုင်း လုပ်တတ်သည့် တခေါခေါနှင့် အိပ်မည့်ပုံ၊ သို့ပေမဲ့ ခေါင်းတခါခါ လည်တခါခါနှင့်သူ့ပုံက ယင်းသို့ အိပ်မည့်ပုံမဟုတ်။…
အိမ်ငှားများ သူ့ကို သတိပြုမိသွားသည့်နေရာ မှာပင် ဂရီဂေါ် မလှုပ်မရှားဝပ်၍ နေသည်။ သူ့ကို အရင်ကလို ပြန်ချစ်ပြန်တွယ်တာလာအောင် သူ့ညီမဂရီတီကို စည်းရုံးမည့် အစီအစဉ်ပျက်သွားသဖြင့် ဂရီဂေါ် စိတ်ပျက်မိသည်။ သေလုမတတ် ဆာလောင် မွတ်သိပ်မှုကလည်း သူ့ကို နေရာမှမရွှေ့နိုင်အောင် လုပ်ထားသည်။ ဖြစ်သမျှကိစ္စ အချိန်မရွေးသူ့ အပေါ်ပုံကျလာ မှာ ဂရီဂေါ် အလွန်ပင်ကြောက် သည်။ ဘာပဲ ဖြစ်ဖြစ် သူစောင့်မည်။ စောင့်ရ မည်။ သူ့အမေပေါင်ပေါ်က တယောလျောကျသည်ကို သူမည် သို့မျှ မဖြစ်မိ။ လျောကျပြီး ကြမ်း ပေါ်အရောက် တယောက တဒင် ဒင်မြည်သေးသည်။
”အဖေနဲ့ အမေ၊ ဒီကိစ္စ ဒီလိုမဖြစ်စေရဘူး။ အဖေတို့ နားလည်ချင်မှ နားလည် လိမ့်မယ်။ ဒါပေမဲ့ ကျွန်မ နားလည် တယ်။ ဟောဒီ နှာတချေချေ ချောင်းတဟွတ်ဟွတ်နဲ့ သူ့အခန်း နဲ့တောင် မဆံ့တော့တဲ့ ဟောဒီ ပြိတ္တာကောင်ကြီးရှေ့မှာ ကျွန်မ မောင်နာမည်ကို ဘယ်တော့မှ မပြောတော့ဘူး။ ဒီကောင်ကို ဒီမှာ မနေနိုင်အောင် မောင်းထုတ်ရ မယ်။ လူပီပီသသ သူ့ကို စောင့် ရှောက်ပြီးပြီ။ သည်းခံပြီးပြီ။ ဒီလို လုပ်လို့ ဘယ်သူ့ဘယ်သူကမှ ကျွန်မတို့ကို တစိုးတစိကဲ့ရဲ့ ကြမှာ မဟုတ်ဘူး။ အဖေတို့ရဲ့”..
စားပွဲကို ပုတ်၍ ဂရီဂေါ်ညီမ ဂရီတီကပြော သည်။
”သမီးပြောတာ မှန်တယ်။ သွေးထွက်အောင်ကို မှန်တယ်”
ဂရီဂေါ်အဖေက ထောက်ခံသည်။ အမေကတော့ အသက်ဝအောင် လုရှူနေရသဖြင့် မည်သို့မျှဝင် မပြော၊ ဖုန်မှုန့်များနှင့် အမှိုက် များက သူအသက်ရှူခက်အောင် လုပ်သည်ကိုး။ ဂရီတီက သူ့အမေ နားသွား ပြီး နဖူးနှစ်ဖက်ကိုညှပ်၍ ကိုင်သည်။ ဂရီတီပြောစကားက သူ့အဖေကို တိုက်ရိုက်ရိုက်ခတ် သွားသည်။ စားပွဲပေါ်က ပန်းကန် များအကြား သူ့ဦးထုပ်ကို ကစား နေသည်။ ပြီးတော့ မတုန်မလှုပ် ကျောက်ရုပ်ဖြစ်နေသည့် ဂရီဂေါ် ကို ကွက်ကြည့်ကွက်ကြည့်လုပ် သည်။
”ကဲ..ဒီအကောင်စုတ်ကို မောင်းထုတ်ကြစို့ရဲ့”
ဂရီဂေါ်ညီမ က သူ့အဖေကို ပြတ်သားစွာဆို သည်။ အမေကတော့ အသက်ရှူ မဝသဖြင့် ဘာကိုမျှ နားမထောင် နိုင်။
”ဒီအကောင်က အမေတို့ နှစ်ယောက်လုံးကို သတ်နေတာ။ အဲဒီဟာကို ကြိုမြင်နေရတယ်။ ကျွန်မတို့လို လူတွေဟာ အလုပ်ကို တစ်နေကုန်ပင်ပင်ပန်းပန်းလုပ်ရ တယ်။ အိမ်ပြန်လာရင် အေးအေး ဆေးဆေးနေရမယ့်အစား ဒီလို မဆုံးနိုင်တဲ့ ဒုက္ခကိုဘယ်သည်းခံ နိုင်ပါ့မလဲ။ လူသားစင်စင် အစ်ကို ဖြစ်တဲ့သူက ပျောက်ချင်းမလှ ပျောက်သွား ပြီး သူ့နေရာမှာ ဘယ် ကမှန်းမသိ ကျေးဇူးကန်းအတ္တ ဘောကြီးရောက်နေတာ ကျွန်မ ဘယ်နည်းနဲ့မှ သည်းမခံနိုင်ဘူး’..
ဂရီတီက ဆက်သည်။ ပြောလည်း ပြော၊ ငိုလည်းငိုနှင့် သူ့မျက်ရည် တွေက သူ့အမေပါးပေါ် တဖြုတ် ဖြုတ်ကျသည်။ သူ့အမေပါးပေါ်က မျက်ရည်တွေကို သုတ်ပေးသည်။
”ကဲ…သမီး၊ ဒီတော့ အဖေတို့ ဘာများလုပ်သင့်လဲ”
ဂရီဂေါ့်အဖေ က ဆိုသည်။ ညီမဂရီတီက ပခုံးကို တွန့်လိုက်ရင်း အရင်က ယုံစားခဲ့ သမျှ ပျောက်ပျက်သွားသည့်ဟန် လုပ်ပြသည်။
”သမီးရယ်… သူ အဖေတို့ကို နားလည်ခဲ့ရင်”..
တရှုံ့ ရှုံ့ငိုနေသည့် ဂရီတီကိုကြည့်ရင်း ဂရီဂေါ့်အဖေက ဆိုသည်။ ဒီကိစ္စ ကို မစဉ်းစားလျှင် မဖြစ်တော့မည့် အသွင်နှင့် ဆိုလိုက်ခြင်း။
”သူ အဖေတို့ကို နားလည်ခဲ့ရင်”..
သမီး ဖြစ်သူ၏ တုံ့ပြန်မှုကို သိသိကြီးနှင့် စောင့်ရင်း ဂရီဂေါ်အဖေကဆို သည်။
” သူ နားလည်ပေးမယ်ဆိုရင် သူ ဒီမှာနေလို့ရအောင် သူနဲ့အဖေ တို့ ညှိယူကြတာပေါ့ … ဒါပေမဲ့”…
ဂရီဂေါ်အဖေ စကားမဆုံးမီ ဂရီတီ အသံက ပေါ်လာသည်။ ”သူ့ကို မောင်းထုတ်လိုက်ဖို့ပဲ ရှိတာအဖေ ရဲ့၊ အဲဒါ ဂရီဂေါ်ပါလားဆိုတဲ့ အတွေးကို အဖေဖျောက်ပစ်ဖို့ လိုတယ်နော်၊ သူ့ကို ဂရီဂေါ်လို့ ယုံခဲ့တာကြာခဲ့ပြီ၊ အဲဒီယုံခဲ့လို့ မဖြစ်သင့်တာတွေ ဖြစ်ခဲ့ရပြီ အဖေ၊ အဲဒါ ဘယ်လိုလုပ် ဂရီဂေါ် ဖြစ်နိုင်မှာလဲ။ သူသာ ဂရီဂေါ်ဆိုရင် အဲလိုငတုံးငအ စုတ်တီးစုတ်ပြတ် ကြောင်တစ်ကောင်နဲ့ လူယဉ်ကျေး တွေနေထိုင်တဲ့ လူ့လောကနဲ့ ဘယ် လိုမှ မအပ်စပ်ဘူးဆိုတာ သူသိရ မှာ၊ သူ့လောက သူ့ဘုံကို သူ့ဘာ သာသူ သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ပြန်ကိုပြန်သွားရမှာ၊ မဖြစ်နိုင်တာ ကိုသိရင် နေချင်တောင်မှ ကိုယ့် အရပ်နဲ့ကိုယ်ဇာတ်ဆီ ပြန်ရမှာ အဖေ၊ ကျွန်မတို့မှာ အစ်ကိုတို့၊ မောင်တို့မရှိတော့ပေမဲ့ သူ့ကိုသတိ ရလို့ ဒီအကောင်ကို မောင်တစ် ယောက်အဖြစ် လက်ခံထားခဲ့တာ အဖေရဲ့၊ ဒါပေမဲ့ ဒီတိရစ္ဆာန်က ကျွန်မတို့ကို ဒုက္ခပေးတယ်၊ အိမ် ငှားတွေကို မောင်းထုတ်တယ်၊ ဒီတစ်တိုက်လုံးကို သူ့အိမ်သူ့ရာလို သိမ်းပိုက်ပြီး ကျွန်မတို့ကို နောက် ဖေးလမ်းကြားထဲ ကန်ထုတ်တယ်…
“အဖေ၊ ကဲ… အခုအဖြစ်ကိုပဲ ကြည့်၊ အခုလည်း သူ ကျွန်မတို့ကို စိမ်းစိမ်းကြီး ကြည့်နေပြန်ပြီ”
ဂရီတီ ငိုချလိုက်ပြန်သည်။ ပြောပြ နိုင်စွမ်းမရှိအောင် ကြောက်သည့် စိတ် ဂရီဂေါ်အပေါ် လွှမ်းလာ သည်။ ဂရီတီ သူ့အမေထံမှ ခုန်ထ ပြီး သူ့အမေ ခုလိုဆောင့်တွန်းသည် ဂရီဂေါ်နှင့်အတူနေရမည့်အစား သူ့အမေကို စတေးမည့်အသွင်ဖြင့်။ ပြီးတော့ သူ့လုပ်ရပ်ကို အထိတ် တလန့်ကြည့်နေသည့် သူ့အဖေဆီ ပြေးသွားသည်။ ဂရီတီတစ်စုံတစ်ခု လုပ်မည်ကိုကြောက်၍ ဂရီဂေါ် အဖေ လက်ကားရားခြေကားရား ဖြင့် ကာကွယ်သည်။
ဂရီဂေါ်က တော့ ပြဿနာရှာရန် စိတ်မကူး၊ သူ့ညီမလုပ်ပုံကိုသာ ငေးကြည့်နေ သည်၊ သူ့အခန်းထဲဝင်ရန် ဂရီဂေါ် သူ့ကိုယ်ကို လှည့်လိုက်သည်။ နောက်လှည့်လိုက်သဖြင့် ချည်ခင် ကြီးရစ်ထားသည့် ခေါင်းကိုငဲ့၍ နောက်ကို လှည့်မကြည့်နိုင်၊ လှည့် မည်လုပ်တိုင်း သူ့ခေါင်းနှင့်ကြမ်း သွားသွားဆောင့်သည်။ ကြမ်းနှင့် ခေါင်းမရိုက်အောင် သူမလုပ်နိုင်၊ ဒါပေမဲ့ ရစ်ပတ်နေသည့်ချည်ခင် က အနည်းငယ်လျော့လာသလိုရှိ သည်။ သူ နောက်သို့စောင်းငဲ့ကြည့် လိုက်သည်။ သူလှည့်ကြည့်လိုက် သူပြင်လိုက်သည်က တစ်အိမ်သား လုံး သူ့ကိုတိတ်ဆိတ်ကရုဏာသက် စွာဖြင့် ကြည့်နေကြသည့်အကြည့်။ သူ့အမေကတော့ ကုလားထိုင်ပေါ် မှာ အမောဖြေ သည့်ပုံစံဖြင့် ခြေပစ်လက်ပစ်ထိုင်နေသည်။ အဖေနှင့်ညီမက ယှဉ်၍ထိုင်နေ သည်။ ဂရီတီက သူ့အဖေလည်ပင်း ကို ဖက်လျက်။
”အင်း … ခု ငါ့လည်ပင်း ငါလှည့်လို့ရလာပြီ”
ဂရီဂေါ်သူ့ကိုယ်သူ ပြောသည်။ သူ့လည်ပင်းကို တခါခါလုပ်သည်။ သူ့ကိုယ်ကိုခါသဖြင့် သူ့အမွေးများ က အမေ့ထံလွင့်ပျံသွားပြီး အမေ ချောင်းဆိုးတော့ သည်။ ဘယ်သူက မျှမပြောဘဲ သူခေါင်းလှည့်၍ ရလျှင်ရချင်း တံခါးရှိရာသို့ ဂရီဂေါ် သွားသည်။ သူနေခဲ့သည့်အခန်းကို အဝေးကြီးမှာ ရှိသလိုလိုမြင်ရ သည်။ သူ့အခန်းနှင့်သူ ဝေးကွာ သွားသည်ကို အံ့သြတကြီး ခံစားရ သည်။ အရင်က သူ့အခန်းတံခါး နှင့် အိမ်တံခါးအကွာအဝေးနှင့် ယခုအကွာအဝေး တူတူဖြစ်သော် လည်း ယခုတစ်ကြိမ်တွင်မူ ဝေးကွာသွားသလို ခံစားမိသည်။
ဒါ သူ့ရဲ့အားနည်းချက်ပေလား မဆိုနိုင်၊ သူ့ကို ဘာပြောပြော သူ့ကြောင့် ငိုငို၊ မည်သည်ကိုမျှ အမှုမထား ဂရီဂေါ် ခြေကုန်သုတ် ထွက်လာခဲ့သည်။ တံခါးဝမှာ နောက်သို့ သူ လည်ပြန်ကြည့်မိ လိုက်သည်။ လည်ပြန်လွတ်လွတ် ကျွတ်ကျွတ်ကြီးတော့ မဟုတ်၊ လည်ပတ်ကြီးက သူ့လည်ပင်းတွင် စွပ်လျက်သား ရှိနေသေးသည်။ သူမြင်လိုက်သည်က ဘာမှမပြောင်း လဲ၊ သူ့ညီမဂရီတီ မတ်တတ်ရပ်နေ သည်ကလွဲ၍ အရင်အတိုင်း၊ သူ့နောက်ဆုံးအကြည့်က မောပန်း စွာဖြင့် အိပ်ပျော်နေရှာသည့် သူ့အမေဆီ ရောက်သွားသည်။ သူအပြင် လုံးလုံးလျားလျား မရောက်သေးမီ တံခါးက ပိတ်သွား ပြီး ကန့်လန့်ထိုးသံကြားလိုက်ရ သည်။ သူ့ညီမဂရီတီ ပိတ်လိုက် တာပဲဖြစ်ရမည်။
”ရှိပါစေတော့ လေ” သူ တွေးမိသည်”…..။။
ရွှန်းတင့်
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
Post a Comment