Header Ads

ဝေဒနာ နံနက်ခင်း




မောင့်အတွက် မနက်စာ အဖြစ် ထမင်းကြော်နှင့်ကန်စွန်း ရွက်ကြော်၊ ပြီးတော့ စားတော်ပဲ ပြုတ်ကို ပြင်ဆင်လိုက်သည်။

”မောင် စားလို့ရပြီ”

ကျွန်မက မောင့်ကို အသံမြှင့် ခေါ်ရင်း စားပြီးရင်သောက်ဖို့ ကော်ဖီဖျော်နေလိုက်သည်။ ထိုစဉ် မှာပဲ မောင်ရောက်လာပြီး ထမင်း စားပွဲမှာဝင်သည်။          အဆာပြေစား သည်။ မောင့်အတွက် မနက်ခင်းရုံး ဖွင့်ရက်တိုင်း သည်သို့ပြင်ဆင်ပေး နေကျတာဝန်ကျ ကျွန်မရဲ့တာဝန်။ မောင်နှင့်ညားပြီးကတည်းက  ကိုယ့်အိုးကိုယ့်အိမ်နှင့်ခွဲ၊ သားနှင့် သမီးရသည်အထိ အိမ်မှုကိစ္စတွေ က ကျွန်မရဲ့တာဝန်။ အရင်က မောင့်အပေါ်တွင်သာ တာဝန်ရှိခဲ့ သည်။ ယခုတော့ ရုံးတစ်ရုံးမှာ အလုပ်ဝင်နေသည့် သားကြီးနှင့် ကုမ္ပဏီတစ်ခုပါ အလုပ်ဝင်နေ သည့်သမီးအတွက်ပါ တာဝန်တွေ ကပိုလာသည်။ သို့သော် ကျွန်မ ပင်ပန်း သည်ဟု မညည်းညူခဲ့။ ညည်းညူစရာလည်းမလို။ မောင့် လစာပြီးတော့ သားနှင့်သမီးရဲ့ လစာတို့က ကျွန်မတို့ မိသားစုရဲ့ တည်ငြိမ်မှုကို ကျောထောက်    နောက်ခံပြုနေသည်မဟုတ်လား။ တွေးဆဲမှာပင် မောင်သည် ထမင်းစားပြီးလို့ ကော်ဖီသောက် နေပြီ။ ကျွန်မက ဆေးကြောသိမ်း ဆည်းနေဆဲမှာ ဖုန်းဝင်လာသည်။ မောင်က ဖုန်းကောက်ကိုင်ရင်း ပြောလာသည်။

”မေရေ…မေ့သူငယ်ချင်း မြမြကြူတဲ့၊ မေနဲ့ တွေ့ချင်လို့တဲ့ …ရော့”

”ဟုတ်ကဲ့”

အပြေးလာရင်း ဖုန်းခွက်ကို ကောက်ကိုင်သည်။ ဘာတွေ အရေးကြီးပြီ မသိ။

”ဟယ်လို…မြမြလား..၊ အေး၊ ပြောလေ… သြော် … လာခဲ့လေ၊ သားကြီးနဲ့ သမီးက စောစောကပဲ ရုံးကိုသွားကြပြီ။ မောင်လား၊ ခုပဲမောင် ရုံးသွားတော့ မှာ။ လာခဲ့လေ။ အင်း… အင်း၊ ရပါတယ်။ ဒီမှာပဲ မနက်စာစား ပေါ့။ ဘာဟင်းမှတော့ မရှိသေးဘူး။ လာမှ ဝယ်ချက်မယ်လေ… ဟုတ်ပြီ”

မြမြနှင့် စကားကြာကြာပြော ပြီး ဖုန်းချလိုက်သည်။ တကယ် တော့ ကျွန်မမှာ လက်ကိုင်ဖုန်းမရှိ။ တိုက်ခန်းမှာတော့ ကြိုးဖုန်းရှိ သည်။ မောင်နှင့်သားတို့သမီးတို့မှာ တော့ ဟမ်းဖုန်းတွေရှိသည်။ ကျွန်မက ဘယ်မှာမှ သွားမည် မဟုတ်တော့ လက်ကိုင်ဖုန်းကိုင် စရာမလိုဟု မောင်ကယူဆပြီးဝယ် မပေးခဲ့။ သည်တော့ သူငယ်ချင်းက ကြိုးဖုန်းကိုဆက်ခြင်း …။

”မေ့…သူငယ်ချင်းမြမြ လာမယ်နဲ့တူတယ်”

”ဟုတ်တယ်၊ ဒီမှာ မနက်စာ စားမယ်တဲ့”

”အင်း..အင်း၊ သူကြိုက်တာ လေး ဝယ်ချက်ကျွေးလိုက်ပေါ့ ကွာ၊ မေလည်း အဖော်ရတာပေါ့၊ ကဲ…မောင် သွားပြီနော်”

”ဟုတ်ကဲ့”

မောင် တိုက်ခန်းထဲမှ ထွက် သွားသည်။ သည်တော့ အခန်းထဲ မှာပဲ ကျွန်မတစ်ဦးတည်း ကျန်ရစ် သည်ချည်း။ သည်တော့ အပျင်းပြေ မဂ္ဂဇင်းတွေ၊           ဂျာယ်တွေ ဖတ်၊ ပြီးတော့ တရားစာအုပ်တွေ ဖတ် ရင်း ချက်ရင်းပြုတ်ရင်းနှင့် အချိန် တွေ ကုန်လွန်ခဲ့ရသည့်ကျွန်မ …။သည်နေ့တော့ သူငယ်ချင်း မြမြကြူလာမည်ဆိုတော့ ဝမ်း သာမိသည်။မြမြကြူက ထင်ထားသည့် အချိန်ထက်စောပြီး ရောက်လာ သည်။

”လာ…သူငယ်ချင်း.. ထိုင်”

ဧည့်ခန်းမှာ ကော်ဖီနှင့်မုန့်၊ ပြီးတော့ ရေသန့်ဘူးကိုပါ ချပေး ထားလိုက်သည်။ လေပန်ကာကိုပါ အရန်သင့်ဖွင့်ထားရင်း နှစ်ဦးသား ဆက်တီခုံမှာ ယှဉ်ပြီး  ထိုင်လိုက် သည်။ မြမြကြူက ရေသန့်တစ် ခွက်သောက်ရင်း သက်ပြင်းတစ် ချက် မှုတ်ထုတ်သည်။

”ဘာတွေအရေးတကြီး ဖြစ် နေလို့လဲ မြမြရဲ့”

မေးရင်းကြည့်လိုက်တော့ မြမြရဲ့ မျက်နှာက သုန်မှုန်နေသည်။ သည်သို့ သုန်သုန်မှုန်မှုန်နေသည် က သူမရဲ့အကျင့်။ ပြီးတော့ ပြီးခဲ့ သော သူမမျက်နှာ သည် ထုံးစံ အတိုင်းခပ်တည်တည်။

”မပြောချင်ပါဘူး မေရယ် … ဟင်း”

သူမအဖြေကြောင့် ကျွန်မ ပြုံးသည်။ ဆက်မမေးမိတော့။….

”ကဲ… ကော်ဖီသောက်၊ မုန့်စားဦး။ မေ..ထမင်းအိုးတည် ဦးမယ်။ ပြီးမှ …မေတို့ နှစ် ယောက် ဈေးဆင်းဝယ်ကြတာ ပေါ့။ မေစားချင်တာ ဝယ်မယ်လေ။     အခုတော့ အရွက်ကြော်နဲ့ ပဲပြုတ်၊ အတို့အမြှုပ်ပဲ ရှိသေးတာ။ ငါးပိ ကြော်တော့ရှိသေးတယ်။ ဒါတွေ မြမြစားမှာ မဟုတ်ဘူး”

မြမြက ပြန်မဖြေသေး။ ကျွန်မ မီးဖိုခန်းထဲဝင်၊ ထမင်း ပေါင်းအိုးနှင့် ထမင်းထပ်တည်ပြီး အပြင်ထွက်ခဲ့သည်။ မြမြကတော့ ငူငူကြီးထိုင်ဆဲ။ ကော်ဖီခွက်က ကုန်နေပြီ။ မုန့်နှစ်ချပ်လည်းမရှိ တော့။ ရေသန့်ဘူးက တစ်ဝက် ကျိုးနေပြီ။…

”ကဲ…ပြောပါဦး မြမြရဲ့”

”ဟင်…ဒီလို မေရဲ့”

”အင်း… ပြော”

မြမြက ကျွန်မကို စိုက်ကြည့် ရင်း ဆက်ပြောလာသည်။

”ချွေးမလုပ်တဲ့သူလေ။ မေ လည်းသိသားပဲ။ မြမြတို့ဆီလိုက် လာတာ တစ်နှစ်ပြည့်ပြီ။ အဲဒါ တိုက်ခန်းဝယ်မှာဖြင့် ဝယ်။ ငှားပြီး လွတ်လွတ်လပ်လပ်နေ  မှာဖြင့် လည်း နေကြလို့ပြောတာလည်း မရဘူး”….

”အဲဒါနဲ့ မြမြက ချွေးမနဲ့ စိတ်ဆိုးလာတာပေါ့”..

ကြားဖြတ်၍ ဝင်မေးမိသည်။ တကယ်တော့ ကျွန်မနှင့်မြမြက ငယ်သူငယ်ချင်းတွေ။ ကျောင်းနေ ခဲ့တော့လည်း အတူတူ ကျွန်မရော မြမြပါ အညာအရပ်က ဖစ်သည်။ တစ်ရွာတည်းတော့ မဟုတ်။ မြမြက ကျွန်မတို့ရွာ အထက်တန်း ကျောင်းကို လာတက်ပြီး ခင်မင် ခဲ့သည်။ ဆယ်တန်းအောင်၊ ဘွဲ့ယူ တော့     လည်း တစ်နှစ်တည်း။နောက် အိမ်ထောင်ကျတော့ လည်း တစ်နှစ်တည်းဟု ထင်ရ သည်။ မြမြရော ကျွန်မပါ အိမ် ထောင်ကျတာ ကံကောင်းသည်။

ကျွန်မအိမ်သားကလည်း အစိုးရ ဝန်ထမ်း၊ မြမြလင်သားကလည်း အစိုးရဝန်ထမ်း၊ ဖြစ်ချင်တော့ မြမြရော၊ ကျွန်မပါ ဘွဲ့ရထားသူတွေ ဖြစ်ပေမဲ့ လင်သားတွေက အလုပ် မခိုင်း။ သူတို့လစာနှင့် အေးချမ်းစွာ ထားခဲ့သူတွေ။ ကံကောင်းသည်ဟု ဆိုရပြီ။ ဟော …ဌာနချင်းမတူ ပေမဲ့ ရန်ကုန်ပြောင်းတော့လည်း အတူတူ ပင်။ ယခု မြမြတို့နေသည် က မြောက်ဒဂုံမှာ ခြံနှင့်ဝိုင်းနှင့်။ ကျွန်မတို့က ကမာရွတ်ဈေးနားက တိုက်ခန်းမှာ …။ကျွန်မမှာ သားနှင့်သမီးနှစ်
ယောက်ရှိသလို၊ မြမြမှာ သား နှစ်ယောက်ရှိသည်။ သားကြီးက အိမ်ထောင်ကျပြီး၊ သားအငယ်က မကျသေး။ ယခု သားကြီးရဲ့ မိန်းမ က သူတို့အိမ်ကို    လိုက်လာခဲ့တာ ကျွန်မသိသည်။ ယခု မြမြဒေါသ ဖြစ်နေတာက အတူနေချွေးမနှင့် ပတ်သက်နေသည်တဲ့လေ။

”ဟဲ့…မေးနေတယ်လေ”

ကျွန်မက လောဆော်လိုက် သည်။ သည်တော့မှ မြမြက အံကြိတ်ရင်းဖြေသည်။

”ဟုတ်တယ် မေရေ။ ဒီလို လေ မြမြဝက်သားကြိုက်တာ မေလည်း အသိ။ အဲဒါ ချွေးမက တစ်ခါလာလည်း ငါးမှုန်၊ ငါးမွှား ချက်ရ အရိုးများတဲ့ ကြက်သား    ချက်ရ။ တစ်ခါတလေဆို အသား ဟင်းမပါဘူး။ အရွက်ကြော်ပဲ စားရတာ။ ဒီနေ့ ဝက်သားသုံးထပ် သားလေးချက်ပါဆိုတာ ပုစွန်တွေ ဝယ်လာလို့ ဆဲဆိုပြီး ရန်တွေ့ပြီး ထွက်လာတာ”….

သည်တော့မှ မြမြစကား နားထောင်ရင်း ငယ်စဉ်ရွာမှာ ကျောင်းတက်စဉ်က ထမင်းစား ကျောင်းဆင်းချိန် ထမင်းစားခဲ့ကြ ပုံကို သတိရသည်။ ဘယ်တေြာ့    ဖစ် ဖြစ် မြမြထမင်းချိုင့်ထဲမှာ ဝက်သား ဟင်းအမြဲပါသည်။ ဝက်သားမပါ ရင် အမဲသားနှပ်တော့ပါစမြဲ။ အသားငါးသိပ်ကြိုက် သိပ်မက် သည့် မြမြ။ ပြီးတော့ သူကြိုက်သည့် ဟင်းဆိုရင် ဘယ်သူ့ကိုမှ မသဒ္ဓါ။ မကျွေးရင် ကြိုက်သည့်ဟင်းကို တစ်ပါးသူက ယောင်ယမ်းပြီး နှိုက် စားမိရင် စိတ်ဆိုးစိတ်ကောက် ပြု    တတ်သည့်သူ။

ပြီးတော့ ရွာမှာ ဝက်သား ကျွေး၊ မင်္ဂလာပွဲတွေရှိရင် အဝ အပြဲစားနိုင်သူ။ သူကြိုက်သည့် ဝက်သားဆိုရင် သူကိုယ်တိုင် ဈေး သွားပြီး ဝယ်ချက်သည်ဟု မြမြ အမေ ရွာလာစဉ်က ပြောခဲ့သည်ကို သတိရမိသည်။

”အမလေး… မေရယ်၊ မေ့သူငယ်ချင်းက ရွာဈေးထဲဝက် သားဝယ်ရင် တစ်ပိဿာတွဲမှ အရိုးလွတ်မှ ဝယ်တာ။ စားရင် လည်း ဘယ်သူမှ မသဒ္ဓါဘူးလေ။ ဝက်သားကို အဲသလောက်ကြိုက် တာ”

ဒါ မြမြမိခင်ရဲ့စကား။ ယခု လည်း ချွေးမက ဝက်သားမချက် လို့ စိတ်ကောက်ပြီး အလည်ထွက် လာခဲ့ခြင်း။ သည်တော့ သူကြိုက် သည့်ဝက်သားကို          ချက်ကျွေးရ တော့မည်က ကျွန်မရဲ့တာဝန်။…

”ကဲပါ မြမြရယ် မေ့တာဝန် ထား။ မြကြိုက်တဲ့ဝက်သားချက် ကျွေးမယ်။ ဟုတ်ပြီလား စိတ်ဆိုး မနေနဲ့”

”မဟုတ်ပါဘူး မေရယ် ဒီကောင်မ လူပါးဝတယ်ထင်လို့။ မြကြိုက်မှန်းသိရက်နဲ့ တမင်အရွဲ့ တိုက်တာ။ တော်ပြီ …ဒီလကုန် ရင်တော့ သားကြီးရော           အဲဒီကောင် မကိုပါ နှင်ချပစ်တော့မှာ”

”အဲသလိုလည်း မလုပ်ပါနဲ့ မြရယ်နော်”

”ဟင်း”

ကျွန်မက တောင်းပန်စကား ဆိုစဉ် သူမ၏ ဖြူဖြူဝဝကစ်ကစ် ကြီးဖြစ်နေသည့် သူမခန္ဓာကိုယ် ကို ပြင်ထိုင်ရင်း ကျွန်မကို စိုက် ကြည့်နေဆဲ။နှစ်ဦးသား အ   ခန်းလှေကားမှ နေ၍ ဆင်းခဲ့သည်။ မြမြကို ရှေ့ မှာထားရင်း ဆင်းရသည်။ ခြေချော် ကျမည် စိုး၍ သတိထားရသည်က လည်း အမော။ ကျွန်မ တို့နေသည် က ငါးလွှာမှာ။

”မြမြ ဖြည်းဖြည်းဆင်း နော်”

”ရပါတယ် မေရဲ့”

အသားကဖြူ၊ ဝလည်းဝ။ ပြီး တော့လည်ပင်းမှာရော၊ လက် ကောက်ဝတ်မှာပါ ရွှေထည်တွေ ဝတ်ထားသလို၊ ပါတိတ်ဝမ်းဆက် အပြာနှင့်ဆိုတော့ အတော် ကြည့် ကောင်းသည်ဟု ဆိုရမည်။ နောက် မှနေရင်း မြမြတစ်ကိုယ်လုံးကို ခြုံ ၍ ကြည့်နေမိသည်။ တစ်သားမွေး၊ တစ်သွေးလှသည့်မြမြ။ သားတွေ ရနေပေမဲ့ နုပျိုဆဲမြမြ။ အစား အသောက်မက်သည့် မြမြ။သူမကိုကြည့်ရင်း ဆင်းလာ ခဲ့ရာ လမ်းမပေါ်ရောက်လာသည်။ ဈေးနှင့်ကျွန်မတို့တိုက်ခန်းက သိပ် မဝေး။ ကားလမ်းမသာ ခြားသည်။ သည်တော့ လမ်းမပေါ်ရောက် တော့ ကားရှင်းသည်နှင့် ဈေးထဲ ဝင်ခဲ့သည်။ ရှေးရှုသွားနေသည်က ကြက်သား၊ ငါးနှင့် ဝက်သားသည် တွေရှိသည့်နေရာ။ကျွန်မက ပိုက်ဆံအိတ်ကို ချိုင်းကြားညှပ်၊ ဈေးခြင်းကိုလက် မှာဆွဲရင်း မြမြနှင့်ယှဉ်သွားနေရ သည်။

ကိုယ်ခန္ဓာထွားပေမဲ့ ကျွန်မ ထက် သွက်လက်သည့်မြမြ။ ပထမ ဆုံးကြက်သားသည်ကို အရင်ဝင် ကြည့်သည်။ ဈေးမေးသည်။ မဝယ် ဖြစ်။ နောက်           ငါးသည်တွေထံလှည့် ကြည့်သည်။ မြမြမျက်လုံးတွေက ဝက်သားသည်ဆီမှာ ကျွန်မဝယ်နေ ကျဖြစ်သည့် ကြက်သားသည်နှင့် ငါးသည်က ဝယ်ဖို့ပြော သည်။    နောက်ရက်မှ ဝယ်မည်ဟု တုံ့ပြန် ပြောရင်း ဝက်သားသည်ဆီ လာခဲ့ သည်။ သို့သော် ရှိနေသည်က ဝက်ခေါင်းတစ်ခြမ်းနှင့် ခြေလက် အစုံသာရှိသည်။  လည်အိုသား၊ ဝမ်းဗိုက်သားတို့ မရှိ။

”အစ်မ လာလေ၊ ဈေးပေါင် ချိုး လျှော့ပေးမယ်”

ဝက်သားရောင်းသည့် အမျိုးသမီးနှင့်လည်း ခင်မင်နေ သည်မို့ ကျွန်မကို ပြုံးကြည့်ရင်း ပြောလာသည်။

”ဒါပဲ ကျန်တော့တာလား”

”ဟုတ်တယ် အစ်မရဲ့”

ကျွန်မတွေဝေသွားသလို မြမြ လည်း တွေဝေနေလိမ့်မည်။ မြမြ ကြိုက်တာက ဒီလို ဝက်ခေါင်းမျိုး၊ ခြေလက်မျိုးကို မကြိုက်။ ကျွန်မ သိပါသည်။ သူကြိုက်တာကလည်း နို့သားတို့၊ ဗိုက်သားတို့ကြိုက်တာ။ သုံးထပ်သားမှ မကိုက်လိုက်ရင် သွားဖုံးမြှုပ်သည့်အဆီ တစ်ထပ် အသားတစ်ထပ်မှ။

”ဟို..ချန်ထားတာလေးများ ရှိသေးလား”

ကျွန်မမေးမိသည်။ ဈေးသည် က လက်ရှိဝက်ခေါင်းကို ဟိုလှန် ဒီလှန်လုပ်ရင်း ပြန်မေးသည်။

”ဘာလိုချင်တာလဲဟင် အစ်မ”

”ဟို.. လည်အိုးသား ရရ၊ သုံးထပ်သားထဲက”

ကျွန်မအမေးကြောင့် အမျိုး သမီး တွေဝေသွားသည်။ မြမြက ဝက်သားသည် အမျိုးသမီး၏နှုတ် မှ အဖြေကို ငံ့လင့်နေသည်။

”နေဦး.. ကျွန်မအိမ် အတွက် လည်အိုးသားငါးဆယ် သားတော့ ချန်ထားတာရှိတယ်”

”ဒါဆို အဲဒါ ရောင်းပါလား ညီမရယ်နော်။ ညီမတို့က ဒီအသားပဲချက်ပေါ့ ရတယ်မဟုတ် လား”

ကျွန်မအမေးကို ဈေးသည် အမျိုးသမီးအတွက် စဉ်းစားစရာ။ မြမြအတွက်တော့ သဘောကျစရာ ဖြစ်နေသည်။ တကယ်လည်း မြမြ စားချင်တဲ့ သုံးထပ်သားကိုရစေချင် ပါသည်။ ဒါမှ စိတ်ဆိုးပြီးလာရ ကျိုးနပ်မှာ။

”လုပ်ပါ ညီမရယ်နော်။ သုံးထပ်သားမှ ဖြစ်မှာမို့ပါ”

ကျွန်မက ထပ်ပြီးပြောသည်။ တောင်းပန်သည့် သဘော။ အတော်ပြောမှ ဝက်သားသည် အမျိုးသမီးက အဖြေပေးသည်။

”ရပါတယ်အစ်မ၊ အစ်မက ဖောက်သည်ပဲဥစ္စာ။ နေဦးနော်”

ကျွန်မရောမြမြပါ ဝမ်းသာ သွားသည်။ မြမြမျက်နှာမှာ ပြုံး ယောင်တွေသမ်းလို့”

”ဟေ့ ငတုံး လာစမ်း”

အမျိုးသမီးက ချာတိတ်ငတုံး ဆိုသည့် အလုပ်သမားလေးကို ခေါ်သည်။ ငတုံးအနား ရောက်လာ သည်။ အိမ်သွားရန်နှင့် အိမ်မှာ ထားခဲ့သည့် သုံးထပ်သားအတွဲကို ယူခဲ့ဖို့မှာသည်။

”မြန်မြန်သွားနော်”

”ဟုတ်…”

”နင် မအားရင် ကိုမြမောင်ကို အပို့လွှတ်လိုက်”

”ဟုတ်”

ငတုံး အပြေးထွက်သွားသည်။ အမျိုးသမီးက ခဏစောင့်ဖို့ မှာ သည်။ မှာရင်းနှင့် ငါးဆယ်သား အတွက် ကျသင့်ငွေကို ပေးလိုက် သည်။

”ပြီးမှ လာယူမယ်နော် တခြားဝယ်စရာရှိလို့”

”ဟုတ်ကဲ့ အစ်မ”

တခြားဝယ်စရာ ကြက်သွန် ဖြူ၊ အချိုမှုန့်တို့ဝယ်ရန် ထွက်ခဲ့ပြီး၊ ဝယ်ကြသည်။ ဝယ်ပြီးသည်နှင့် ဝက်သားသည်ဆီအပြန်…

”ဟယ် ဘယ်လိုလုပ်လိုက်တာ လဲ၊ ဒီမှာ ပေကုန်ပြီ ကြည့်စမ်း”

ရုတ်တရက် မြမြဆီမှ ထွက် လာသည့်အသံ။ အသေအချာ ကြည့်တော့ ကျွန်မတို့အရွယ် လူ တစ်ဦး။ ထိုလူက ညစ်ပတ်နေသည်။ ခြေတွေလက်တွေမှာ    သွေးစတွေ ကပ်နေပြီး ခြောက်နေသည်။ ထို လူထံမှ ညှီစို့စို့အနံ့က နှာခေါင်းဝကို ကလိနေသည်။ မျက်နှာပေါက်က အကျည်းတန်လွန်းသည်။ အက်ႌ မပါ။ ပုဆိုးတိုတိုဝတ်ထားသည်။ မကျေနပ်ချက်တွေအပြည့်။ ဒေါသ ကြီးသည့်သူမို့ အခုလိုဖြစ်တော့ ပိုပြီး ဒေါသဖြစ်နေသည့်သဘော။

”လူတစ်ယောက်လုံး သွားနေ တာ မမြင်ဘူးလားဟင်”

”ဗျာ”

”ဟင် အူကြောင်ကြောင်နဲ့ ဒီမယ်..ရှင် ကန်းနေတာလား”

”ဟို..ဟို..မတော်လို့ပါ”

”ဘာမတော်လို့လဲ၊ ဒီထဘီက ရှင့်ထက် တန်ကြေးရှိတယ်။ နား လည်လား။ ရှင့်လို ကြက်သတ်ဝက် သတ်တဲ့လူထက်တန်ဖိုးမြင့်တယ်”

”ဗျာ”

မြမြစကားကြောင့် ထိုလူမျက် လုံး ပြူးနေသည်။ ထိုလူသာမဟုတ်၊ ကျွန်မပင် စိတ်မကောင်းမိ။ ကျွန်မ ပင် မြမြကိုပြောဖို့ နှုတ်ဆွံ့နေမိ သည်။ မြမြကတော့ ထိုလူကို ပက် ပက်စက်စက် ပြောနေပြီး ထိုလူ၏ တန်ဖိုးက သူ့ထဘီလောက် မရှိဘူး တဲ့။ ပြောရက်လွန်းသည့် ကျွန်မ သူငယ်ချင်းရဲ့ ပါးစပ်။ ပြောရဲလွန်း သည့် စကားတွေက ကျွန်မနှလုံး သားကို တုန်ခါစေသည်။ အပြော ခံရသည့် ထိုသူခမျာမှာတော့ နာကျင်နေမည်က အမှန်။

”တော်ပါတော့ မြမြရယ် လာ”

”ဟင်း…လူပုံက ခွေးသူခိုး ရုပ်မျိုး။ ဖားသတ် ငါးသတ်ရုပ်မျိုး နဲ့”

”လာပါ..”

မြမြလက်ကိုဆွဲ၍ ဝက်သား သည်ဆီ လာခဲ့သည်။ ထိုအချိန် အနီးရောက်လာသူမှာ ကိုမြမောင် ဆိုသောသူ။ မနက်တိုင်း ဝက်သတ် ပေးနေရသူ။ ကိုမြမောင်က ဝက် သားတွဲကိုပေးအပြီး မြမြကို ပြုံး ကြည့်ရင်းထွက်သွားသည်။ မြမြက ကိုမြမောင်ကိုကြည့်ရင်း နှာခေါင်း ရှုံ့နေသည်။ ရွံရှာသည့်သဘော။ မသတီသည့်သဘော။ မတူမတန် သည့်သဘော။ ကျွန်မက ဈေးသည် ဆီမှ ဟင်းတွဲကို အမြန်ယူလိုက် သည်။တိုက်ခန်းကို ပြန်။အခန်းရောက်တော့ ကျွန်မ        ပင်ချက်စရာမလို၊ မြမြက သူကိုယ် တိုင် ဝက်သားတွဲကို တုံးတစ်ပြီး ချက်နေခဲ့သည်။

စိတ်ကြိုက်ချက်၊ စိတ်ကြိုက်စားပေတော့ဟူသည် သဘောဖြင့် ကျွန်မကတော့ အသာပင် ကြည့်နေလိုက်သည်။သို့သော်…။မြမြ၏ စိတ်အရင်းခံကိုတော့ သဘောမကျမိ။ မိမိကြိုက်လွန်း သည့်ဝက်သားကို စားရဖို့အရေး ဝက်ကို သတ်ပေးနေရရှာသည့် ကိုမြမောင်လို နေ့စားဘဝမျိုး အပေါ် အမြင်မှန် မမြင်တတ်ခြင်း ကို အံ့သြမိသည်။ ဝက်သားကြိုက် ပြီး ဝက်သတ်သည်ကို ရွံသည်ဟု ပြောခဲ့သည့်သူငယ်ချင်း၏ စိတ် ဓာတ်သည် အဘယ်သို့သော စိတ် ဓာတ်      နည်း။ ဖိနပ်စီးရင်း ဖိနပ်ကို ရွံ့ရှာသည့်လူမျိုး၊ ဦးထုပ်ဆောင် ရင်း ဦးထုပ်ကို အမြင်ကပ်သည့် လူမျိုးဆိုသည် အဘယ်သို့သော လူမျိုးပေနည်း။

မနက်က ကျွန်မသူငယ်ချင်း မြမြရဲ့ ပြောစကားများနှင့်အတူ ဝက်သတ်နေရသည့် ကိုမြမောင်ရဲ့ မျက်နှာကိုမြင်မောင်ရင်း ရင်ထဲမှာ တော့ တမြည့်မြည့်။
တကယ်လည်း အဖြေရှာမရ သည့် ဝေဒနာတွေ အသက်ဆက် ရှင်ဆဲ…

  မေလတ်ဟန်



ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments