Header Ads

ဆည်းဆာလမ်းကကြမ်းလေရာ




ခွေးက ကျွန်တော့်ကို ထိုး ဟောင်သည်။ လာနေကျဖြစ်သည့် ကျွန်တော့်အား ထိုခွေးသည် နေ့ တိုင်းမာန်ဖီထိုးဟောင်ပါသည်။ ကျွန်တော် ထိုခွေးကို ဂရုမစိုက် အား။ မီးဖိုဆောင်အတွင်းဝင် မည်အလုပ် ခွေးက ကျွန်တော့်ကို ကိုက်ဆွဲဖို့ဟန်ပြင်သည်။ ထို ကြောင့် ကျွန်တော်ကိုင်ထားသည့် ထမ်းပိုးနှင့် လွှဲရိုက်မည့်ဟန်ပြု တော့ ခွေးကနောက်ဆုတ်သွား သည်။ သို့သော် ထိုးဟောင်မြဲ။ မီး ဖိုဆောင်ထဲက ဦးပါကြီးက ကျွန်တော်နှင့် ထိုခွေးကို    ကြည့်ပြီး”အောင်နက်ကတော့ကွာ မင်းကို တော်တော်လေး မနာလိုနေ တာပဲ မောင်မူးရ။ လာလာ မကိုက် ဘဲ ဟောင်နေတဲ့ အောင်နက်ကို ဂရုမစိုက်နဲ့။

ဟိုက ဇလုံထဲမှာ ငါ သေချာဖယ်ပြီးထည့်ထားတယ်”ဦးပါကြီး၏ အပြုံးက အမြဲ တမ်း ကျွန်တော့်ကို ဖော်ရွေကြို ဆိုသည်။ ခုလည်း ဦးပါကြီး ကျွန်တော့်အတွက် ဖယ်ထားသော အရာများထည့်ထားသည် ဇလုံ ရှိရာကို လက်ညိုး ထိုးပြပေးနေပြန် သည်။ ထိုဇလုံသည် နေ့စဉ် နေရာ  အတည်တကျ မရှိ။ အမြဲတမ်းလိုလို နေရာအထား အသိုပြောင်းနေ တတ်သည်။ ကျွန်တော်လာတိုင်း လည်း ဦးပါကြီးက ထိုဇလုံရှိရာကို ထွက် ထွက်ညွှန်ပြတတ်သည်။ ဦးပါကြီးက ကျွန်တော်လာမည့်      အချိန်ကိုစောစော  ကေ ခွးဟောင် သည်နှင့် သိသည်။ အသင့်ပါလာ သော ပလတ်စတစ်ပုံးဖြင့် ဇလုံး အတွင်း ရှိအရာများကို ကျွန်တော် လှယ်ထည့်သည်။ထိုစဉ် ဗိုက်သည် ဂွီခနဲမြည်၏။ ဦးပါကြီးသည် ထို အသံကိုတော့ဖြင့် ကြားနိုင်စရာ မရှိဟု တွေးရင်း ခပ်မြန်မြန်ပင် မီးဖိုဆောင်အတွင်းမှ ထွက်တော့ အောင်နက်ကကျွန်တော့်ကို မကြည်သည့် အကြည့်များဖြင့် ကြည့်ရင် ကျန်ခဲ့သည်။မကြာခင်မှောင်တော့မည်။ ကျွန်တော့်ကိုလည်း မျှော်နေကြ ရောမည်။

တံတားကြီးနံဘေးတွင် အုတ် ရေစက်ကလေးရှိ၏။ ထိုရေစက် သည် ခပ်လှမ်းလှမ်း မြောက်ဘက် ရှိ ကျောက်ပြားစက်ကို ရေတင် ပေးရသည်ဟု            ကျွန်တော် သိသည်။ ထိုရေစက်ကိုလွန်ပြီး လမ်းနည်း နည်းလျှောက်လိုက်လျှင် ပိစပ်ပင် တွေ အများအပြား ပေါက်ရာလမ်း သွယ်လေးကိုရောက်မည်။     ထိုလမ်း သွယ်လေးထဲဝင်လိုက်လျှင် ခနော်နီခနော်နဲ့ ထိုးထားသော သက်ငယ်မိုး တဲတစ်လုံးကို တွေ့ရ မည်။ ထိုတဲစုနံဘေးတွင် နောက် ထပ် တဲနှစ်လုံးသုံးလုံးခန့်ရှိသေးသည်။ တဲများသည် တိတ်ဆိတ်ငြိမ် သက်နေပြီး မည်သည့်အသံမျှ မကြား။ ကျွန်တော့်ကိုမျှော်ရင်း အိပ်ပျော်နေကြသလား။ တဲ အားလုံး     လည်း မှောင်မိုက်နေ သည်။ ဒီနေ့ ကျွန်တော်ပြန်လာ သည့်အချိန်က နောက်ကျနေ၍ ပဲလား။ ဖယောင်းတိုင်း မရှိတော့ ၍လား။

”အမေ”

ကျွန်တော်အသံပြုလိုက် သည်။ တဲအတွင်း ချွတ်ခနဲ အသံ ကြားလိုက်ရသည်။ အမေ ကျွန် တော့်ကိုမျှော်ရင်း လဲလျောင်း နေပုံရသည်။ ကျွန်တော်က

”မှောင်နေတာပဲ အမေရာ မီးမထွန်းဘူးလား” ဟုမေးတော့

”ကုန်တော့မှာသားရဲ့။ သား ကိုစောင့်ရင်း တစ်ဝက်ကျိုးသွားလို့ အမေငြှိမ်းထားတာ။ ဒီနေ့နောက် ကျလှချည်လား သား ဟိုကလေး တွေ သားကိုမျှော်နေတာ။ အမေ သွားနိုးလိုက်ရတော့မလား”

ကျွန်တော် တစ်ချက်ပြုံးမိ သည်။ ကျွန်တော့်ကိုမျှော်နေကြ သည်တဲ့။ မျှော်ရင်းတောင်အိပ်ပျော်ကုန်ကြသည်ဟု အမေက တော့ ကျွန်တော် နောက်နေ့      နောက်ကျ ၍မဖြစ်ဆိုသည်ကို သိထားလိုက်မိသည်။

”မိပုတို့၊ မြိံကွယ်၊မိနီ၊ဟဲ့ မောင်ဦး၊ မောင်ထူး ထ ထ ဟိုမှာ နင်တို့အစ်ကိုကြီး ကိုမူးပြန်လာပြီး။ အငယ်တွေကိုနိုးပါဦး ဟဲ့ ထ ထ”

အမေ လောဆော်လိုက်သည် နှင့် ကျွန်တော်၏ အချစ်တုံးလေး များ အပြေးအလွှား ထလာကာ ကျွန်တော့်ဆီပြေးလာကြသည်။အမေ့အသံကြောင့် ဘေး နားက တဲတွေဆီကပါ အသံဗလံ များလှုပ်ခတ်လာပြီး ကျွန်တော်ရှိရာ တဲသို့ လူတွေစုလာကြသည်။ ကျွန်တော့် ခြေရင်းတွင်ချထား သော ပလတ်စတစ်ပုံးကို ကွတ် ပျစ်ပေါ်တင်လိုက်တော့ အမေက အနားရှိ ကြွေရည်ကွာစပြုနေသော ဇလုံငယ် လေးလုံးကို ချပေးသည်။ ပလတ်စတစ်ပုံးအတွင်းရှိ နောက် ထပ် ပလတ်စတစ်အိတ်နှင့်ထုပ်ပိုး ချည်ထားသော အထုပ်ကို ဖြည် တော့မည် အလုပ် ကျွန်တော်က အနားရှိ ကလေးတွေက ထိုအထုပ် ပေါ်မှာ  မျက်လုံးတွေဝဲနေကြလေ သည်။ဒီနေ့အောင်နက်သည် ဣနြေ္ဒရနေသည်။

ကျွန်တော့်ကို မဟောင်ဘဲ အိပ်စက်နေသဖြင့် ကျွန်တော် သူ့အနားကဖြတ် ကျော်၍ မီးဖိုခန်းထဲအဝင် ဦးပါ ကြီးနှင့် ချက်ချင်းတွေ့ရ လေသည်။ ကျွန်တော်ပါလာသော ပလတ်စတစ်ပုံးလေးကို မီးဖိုအခန်း ထောင့်တစ်နေရာတွင်ချ၍ ထမ်းပိုး ကို ထောင်ထားလိုက်သည်။ ဦးပါ ကြီး၏ မိန်းမ ဒေါ်ရီက ပန်းကန်       ခွက်ယောက်များကို ဆေးကြောနေ ပြီး ဦးပါကြီးကို ကူရသည့် ကောင်မ လေးများက စားပွဲ  ရှည်ကြီးတစ်လုံးဘေးတွင်ထိုင်ကာ ဟင်းသီး ဟင်းရွက်များကို  ချက်ပြုတ်ရန်ပြင် ဆင်ပေးနေကြ၏။ ကျွန်တော်က ထိုနေရာသို့ မသွားရဲ။ ဒေါ်ရီနား သို့တိုးကပ်၍

”ဒေါ်ဒေါ် ကျွန်တော်ပန်းကန် ဆေးပေးမယ်” ဟုပြောတော့ ဒေါ်ရီက ကျွန်တော့်ကို

”အေးအေး မောင်မူး အတော် ပဲ မင်းလာတာနဲ့ ဒေါ်ဒေါ် ဒီနေ့ ကြက်သားဟင်းတွေချည်း စုထည့် ထားပေးတယ်။ မင်း ဦးလေး က လည်း နေ့လယ်က       ဧည်သည့်တွေ ကျန်ခဲ့တဲ့ ဝက်သားချက်တွေလည်း သိမ်းထားပေးတယ်။”

”တကယ်လား ဒေါ်ဒေါ်”

”တကယ်ပေါ့ မောင်မူးရဲ့ လုပ်လုပ် ဒေါ်ဒေါ် အသားသွားခုတ် လိုက်ဦးမယ် ဟုတ်လား”

ကျွန်တော်ပျော်သွားသည်။ ကြက်သားဟင်းနှင့်ဝက်သား ဟင်း တွေ သိမ်းထားပေးသည်တဲ့။ ချက် ချင်းဆိုသလို သက်ငယ်တဲ တွေမှာ ကျန်ခဲ့သည့်           ကျွန်တော့် အချစ်တုံး လေးတွေကို ပြေးမြင်မိသည်။ မိနီ လေးနေမကောင်း ဖြစ် နေသည်။ ပြီးတော့ မောင်ဦးလေး အနာစိမ်း တွေ ပေါက်ပြီးဖျားနေသည်။      ပြီးခဲ့ သည့်ရက်တွေက မိုးဆွေသဖြင့် ဦးပါကြီးတို့ စားသောက်ဆိုင်က လူပါးသည်။ ထိုကြောင့် ဟင်းတွေ လျှော့ချက်ရာ ကျွန်တော့်အတွက် ထမင်းကျန် ဟင်းကျန်များသိပ်မရ။ သက်ငယ်တဲတွေမှာတော့ အမေ က လုံးတီး ဆန်တစ်ပြည်ဝယ်ကာ ကလေးတွေ ကို ကျိုတိုက်ပေးသည်။ လူကြီးတွေကတော့ ဖြစ်သလို ထမင်းကို ငရုပ်သီးဆားတို့ ဆီ ဆမ်းပြီး ဝမ်းဖြည့်ကြရသည်။ ထိုရက်တွေအတွင်း ကျွန်တော် ပြန်လာတိုင်း ကလေးတွေ အပြေး ကြိုရင် ကျွန်တော်ထမ်းလာသော ပလတ်စတစ်ပုံးကိုသာ အာသာ ငမ်းငမ်းနှင့် ပြူးပြဲကြည့်ကြ၏။ ပုံးအတွင်းက အိတ်ကိုဖြည်လိုက် သည့်အခါ    ကလေးတွေက                           နှုတ် ခမ်းလေးတွေစူရင်း ကျွန်တော့် ကိုမေးခွန်းလေးတွေ မေးကြ၏။

”ကိုကြီး ခုတလော ဟင်းတွေ လည်းမပါဘူး။ ဘာလို့လဲဟင်”

ဟု မိနီလေးက မေးသည်။ မောင်ဦး လေးကလည်း

”ကိုကြီး သားတို့အတွက် အဲဒီနေရာက မပေးတော့တာလား ဟင်။ ဟိုလေ ကိုကြီးပြောပြော နေတဲ့ အောင်နက်ဆိုတဲ့ ခွေးကိုပဲ ကျွေးလိုက်ကြလို့လားဟင်”ဟု မေး၏။

 ကျွန်တော်က စားသောက် ဆိုင်ဆိုတာ စားသုံးသူလာမှများများချက်ကြောင်း မလာသည့်အခါ လျှော့ချက်သဖြင့် ထမင်းကျန် ဟင်းကျန်အရနည်းကြောင်း   ရှင်းပြ တော့ မိနီနှင့်မောင်ဦးလေးတိတ် သွား၏။ ပြီးတော့မှ…

”ကိုကြီး”

”ပြောလေ ညီမလေး”

”ကိုကြီးပြောဖူးတယ်လေ။ ဘုရားမှာ ဆုတောင်းရင် ပြည့် တယ်ဆို”

”အင်းလေ”

”ဒါဆို ကိုကြီး ထမင်းကျန် ဟင်းကျန်များများရအောင် သမီး တို့ ဝိုင်းဆုတောင်းပေးမယ်နော်”

”ဘယ်လိုဆုတောင်းမှာလဲ ပြောပါဦး”

”ဦးဦးပါကြီးတို့ ဆိုင်ရောင်း ကောင်းပါစေလို့လေ။ ဒါမှ ထမင်း ကျန်ဟင်းကျန်တွေများများကျန်မှပေါ့ နော် ကိုကြီး”

ထိုနေ့က ကျွန်တော်ပြုံးမိ သည်။ ကျွန်တော် မိနီလေးလို ဆုမတောင်းပေးဖူးတာတော့ သေ ချာသည်။ နေ့စဉ် ဦးပါကြီးချန်ပေး သော ထမင်းကျန် ဟင်းကျန်ကို သာယူပြီး ပြန်ခဲ့သည်။ ဒီနေ့တော့ ကျွန်တော့်အချစ်တုံးလေးတွေ အူစိုတော့မည်။ ပလတ်စတစ်ပုံး လေးနှစ်ပုံးကို ထမ်းပိုးနှင့်လျှိုထမ်း လိုက်တော့ ညနေသည် မှောင် သည့်ဘက်သို့လုနေလေသည်။တံတားထိပ်တွင် ကျွန်တော် ၏ အချစ်တုံးလေးတွေ ထွက် ကြိုနေကြ၏။ ကျွန်တော့်ကိုမြင် တော့ မိနီနှင့် မောင်ဦးက ပြေး လာကြသည်။ ကျန်အချစ်တုံး လေးတွေကတော့ ဝေးခနဲ အော် ကြ၏။ ကျွန်တော်ထမ်းလာ သော ပလတ်စတစ်ပုံးလေတွေကိုကိုင်ပြီး မောင်ဦးက မိနီကို ပြောသည့် စကားကိုကျွန်တော်နားထောင်ရင်း ပြုံးမိသေးသည်။ မောင်ဦးက..

”မိနီ ငါ အနံ့ရတယ်ဟ”မိနီလေးက မောင်ဦးကိုကြည့် ပြီး….

”ဘာနံ့လဲ ဟင်”

”ဟင်းနံ့ဟ ဒီနေ့ ဟင်းကျန် တွေပါလာတယ် ဟုတ်တယ် မဟုတ်လား ကိုကြီး”

ကျွန်တော်က ချက်ချင်း ပြန် မဖြေသေးဘဲ မောင်ဦး၏ ဦးခေါင်း ရှိ ကြမ်းထော်နေသောဆံပင်များ ကိုထိုးဖွလိုက်ကာ….

”ဟုတ်တာပေါ့ ဒီနေ့ မင်းတို့ လေးတွေအတွက် ကိုကြီး ကြက်
သားဟင်းနဲ့ဝက်သားဟင်းကျန်
တွေရလာတယ်”

”ဝေး လာ လာ မိနီ ဘွားဘွား ကို ပြေးပြောရအောင် ဟေးကောင် တွေ ကိုကြီး ဒီနေ့ဟင်းပါလာ တယ်ကွ ကြက်သားနဲ့ဝက်သား တဲ့”

မောင်ဦးပြောလိုက်သည့်စကားကြောင့် ကျန်ကလေးတွေ လည်း ဝေးခနဲ ထပ်အော်က ကျွန် တော့်ကိုပင်မစောင့်တော့ပဲ သက် ငယ်တဲတွေဆီ ပြေးကုန်ကြသည်။ သက်ငယ်တဲကိုမြင်ရတော့   အမေ   က     ကျွန်တော့်ကိုလှမ်းအော်ပြော သည်။

”သားရေ မင်းဟာလေးတွေ က ပန်းကန်တွေဆွဲပြီး ထိုင်စောင့် နေတာသာကြည့်။ သား ဒီနေ့ ကြက်သားနဲ့ဝက်သားပါလာတယ် တဲ့။ တကယ်တည်း ကြည့်ဦး မျက်လုံးလေးတွေကို အရောင်တွေ လက်နေတာပဲ။ ပေးပေးအမေပဲ ထည့်ပေးလိုက်တော့မယ်”

ဟု ဆိုကာ အမေက ပြင်ဆင်ထည့်ပေး တော့ ကလေးတွေက ခေါင်းမဖော် စတမ်းစားကြ သောက်ကြသည်။ အသားပင်သိပ်မပါတော့သည့် ကြက်သားရိုးတွေကို ကိုက်ဆွဲနေကြ သည်က အားရပါးရ။ ဝက်သား ကလည်း အဆီတွေချည်းဖြစ်သော် လည်း ထိုအဆီတုံးတွေကိုပင် ပလုတ်ပလောင်းစားကြသည်။ ကျွန်တော့်ကိုပင် တချို့ကလေးတွေ က ခေါင်းမော့က စားရင်းသောက် ရင်း ဟီးခနဲ ပြုံးပြနေကြသေးသည်။ သူတို့လေးတွေ ဒီလိုမစားရသည် မှာ တစ်ပတ်ပင်ရှိသေးသည်။ မိနီလေးက ကျွန်တော်အနားကို ပန်းကန်လေးဆွဲပြီး ထလာကာ….

”ကိုကြီး”

”ဟေ ဘာလဲ ပြောလေ”

”သမီးတို့ဆုတောင်းပေးလိုက်လို့ထင်တယ်နော် ကိုကြီး”

ဟုပြောလာသည်။ ကျွန်တော် ပြုံး လိုက်မိသည်။ မိနီလေး ထိုဆု တောင်းခြင်းကို တကယ်ပဲနေ့ တိုင်းပြုခဲ့လေသလား မသိ။

”ဒါပေါ့ မိနီလေးရဲ့ နောက်ခါ လည်း ဆုတောင်းပေးကြားလား”

”ဟုတ်ကဲ့ သမီးနေ့တိုင်း ဆုတောင်းနေတာပါ ကိုကြီးရဲ့”

ဟုပြောကာ မောင်ဦးတို့ဘက်ကို ပြန်ကူးသွားသည်။

ဒီနေ့ ကြည့်ခဲ့ရသည် တီဗီ ထဲက မြင်ကွင်းကို ကျွန်တော် ပြန် အမှတ်ရသည်။ ထမင်းကျန် ဟင်း ကျန်တွေထည့်ပြီး မပြန်ခင်ဆိုင်ထဲ ရှိ စားပွဲအောက်ခြေက အမှိုက်ပုံး တွေသွန်ပေးရင်း ကြည့်ခဲ့ရသည့် တီဗီလေးထဲက မြင်ကွင်း။ တီဗီထဲက ပြောစကားတွေကို ကျွန်တော်နားမလည်ပါ။ စားပွဲ တစ်ဝိုင်းမှာ ထမင်းစားနေကြသည့် လူကြီးက သူ့မိန်းမနှင့်ကလေး တွေကို ပြောပြနေသံကိုတော့ ကြားသည်။ ထိုလူကြီးက တီဗီ ထဲကိုကြည့်ရင်း

”မိန်းမရေ ကမ္ဘာပေါ်မှာရှိတဲ့ လူတွေထဲက လူ ၂၅ဝဝ က နေ့ တိုင်း အစာရေစာပြတ်လပ်ပြီးသေဆုံးနေရတယ်တဲ့ကွ”။

ထိုအချိန် ကျွန်တော့်မျက်စိထဲ မြင်လာမိတာက ကျွန်တော့်အချစ် တုံးလေးတွေဖြစ်သည်။ခုနောက်ပိုင်း အောင်နက် သည် ကျွန်တော့်ကို ယခင်ထက် ပို၍   ရန်လိုလာသည်ဟုထင်သည်။ ခါတိုင်း ကျွန်တော် မီးဖိုခန်း နား ရောက်မှာ ထိုးဟောင်တတ်သော် လည်း ခုဆို ကျွန်တော် ဆိုင်အနား ရောက်သည်နှင့် မာန်ဖီကာ ကိုက် ချင်ဆွဲချင်လာသည်။ ဦးပါကြီး ကတော့ ကျွန်တော်ကို ပြုံးကာ …

”အောင်နက်က မင်းကို ပိုပြီး မနာလိုနေတာကွ။ ဦးတို့လည်း သူ့ကို နေ့တိုင်း အမဲရိုးတွေပြုတ် ကျွေးပါရဲ့။ သူက မင်းထမင်းကျန် ဟင်းကျန်တွေကိုလာလာယူတာ မကြိုက် ဘူးထင်တယ်”ဟု ရယ် မောကာပြောဆို၏။

ထိုနောက်ပိုင်း အောင်နက်သည် ပို၍ ဆိုးလာသည် မှာ သူ ဇလုံကိုကိုင်လျှင် စူးစူးဝါးဝါး ထထဟောင် လာလေသည်။ ကျွန် တော် ပြန်သွားလျှင်လည်း        နောက် ကနေဆွဲချင် ကိုက်ချင်နေသည်။ ထို့ကြောင့် ဦးပါကြီးက ကျွန်တော် ထမင်းကျန်ဟင်းကျန်လာယူသည့်အခါတိုင်း အောင်နက်ကို ကြည့် ပေးလာရသည်။ တစ်ရက်။ ထိုရက်က မိုးရွာ သည်။ ကျွန်တော်သိသည်။ မနက်မိုး မလင်းခင်ကတည်းကရွာ နေသော မိုးကြောင့် ဦးပါကြီး  ဒီ ကနေ့   ဟင်းတွေလျှော့ချက် မည် ဖြစ်သည်။ ကျွန်တော်ကတော့ မထွက်မဖြစ် ထွက်ရမည့် အခြေ အနေမို့ မိုးကာစုတ်လေးခြုံကာ ပလတ်စတစ်ပုံး လေးဆွဲလျက် ထွက်လာခဲ့ရ၏။ မိုးက တစ်နေ ကုန်ဆွေလို့ကောင်းဆဲ။ ဦးပါကြီး ၏ ဆိုင်ကတော့ဖွင့်ထားသည်။ လူရိပ်လူယောင်တော့ မမြင်။ မီးဖိုဆောင်ဘက် ကျွန်တော်ဝင် မည်အပြု ကျွန်တော့်ခြေသလုံး ယာဘက်တွင် စူးခနဲ ဖြစ်သွားသဖြင့် ကြည့်လိုက်တော့ အောင်နက်။အောင်နက် သည် ဒေါသထွက် လျက် ကျွန်တော်အား အားရပါးရ ခဲထားသည်။ မလွတ်။ ကျွန်တော် အလန့်တကြား အော်လိုက်မိသည် ထင် ဦးပါကြီးနှင့် ဒေါ်ရီပြေး ထွက်လာပြီး အောင်နက်ကို ရိုက် ထုတ်သည်။

ကျွန်တော် ခြေသလုံးတွင်စုတ်ပြဲဒဏ်ရာရသွားသည်။ ထိုနေ့က ဦးပါကြီးနှင့် ဒေါ်ရီက ကျွန်တော့်ကို ထမင်းကျန် ဟင်း ကျန်အပြင် ထမင်းနှင့်ဟင်းကောင်း ကောင်းတွေ ထပ်ထည့် ပေးလိုက် သေးသည်။ ကျွန်တော့် ဒဏ်ရာ ကိုတော့ ဆေးသာထည့်ပေးလိုက် သည်။ အပြန်တွင် ခြေ ထော့နဲ့နှင့် ဒဏ်ရာက        အနည်းငယ် အောင့် သော်လည်း သက်ငယ်တဲကို ရောက်တော့ ကျွန်တော့်အချစ်တုံးလေးတွေကိုမြင်လိုက်သည်နှင့် ဒဏ်ရာသည် ယူပစ်သလိုပျောက် သွားခဲ့သည်။ ထိုနေ့က မိနီနှင့် မောင်ဦးတို့အဖွဲ့တွေ စားနေ သောက်နေ လိုက်သည်မှာ ကျွန် တော့်အဖို့ ပြုံး၍မဆုံးတော့။ကျွန်တော်အပြင်းဖျားနေမှာ      ကြာနေပြီ။

ထို့အတူ ကျွန်တော့် ကလေးတွေအတွက်လည်းအပြင်း ထန် ပူပန်နေရသည်။ ဒီရက် အတွင်း ကလေးတွေ ဘာနှင့်စား နေကြသလဲ ကျွန်တော်သိချင် သည်။ ခါတိုင်းလို အမေ ဆန်ကျို ကျွေးသလား။ အမေ ဘယ်ပိုက်ဆံ နှင့်ဆန်ဝယ်သလဲ ကျွန်တော် သိ ချင်သည်။ ကျွန်တော်   ပလတ်စ တစ်နှင့် သံတိုသံ စတွေလိုက် မကောက်နိုင်တော့ မည်သူကောက် သလဲ သိချင်သည်။ ညနေခင်းဘက် ဦးပါကြီးဆိုင်ကို ထမင်းကျန် ဟင်း ကျန် ဘယ်သူသွား ယူသလဲသိချင် သည်။ ကျွန်တော်မယူလျှင် ထို ဟင်းကျန်တွေကို ဦးပါကြီးတခြားသူကိုပေးလိုက်မည်လည်း စိုးရိမ် နေ၏။ ပြီးတော့ အောင်နက်ကို အကုန်ချကျွေးလိုက်လျှင် အောင် နက်က နောက်ဆို ကျွန်တော့်ကို ဆိုင်ကိုအလာခံပါတော့မည်လား။

တစ်နေ့ကလို ကျွန်တော့်ကို လိုက် ကိုက်မည်လား။ကျွန်တော် ရေ တွေငတ်သည်။ ကိုယ်တွေပူ သည်။ နားထဲတွင် အသံသဲ့သဲ့ကြား သည်။ဦးပါကြီးအသံလား၊ ဒေါ်ရီ့ အသံလားမသဲကွဲ။ တအောင့်အကြား ကလေးတွေအသံကိုကြား ရသည်။ စီစီညံနေသဖြင့် အမေက တိတ်တိတ်နေဖို့ပြောနေသံကို   လည်း တစ်စွန်းတစ်စကြားရ သည်။ ကျွန်တော် အိပ်နေရာမှ ထကာအပြင်ဘက်သို့ထွက်သည် တွင် ကလေးတစ်သိုက်နှင့်အမေက မျက်ရည်စလေးတွေနှင့် ပလတ် စတစ်အိတ်ထုတ် ကလေးတွေကို ဖြည်နေကြသည်ကိုတွေ့ရ၏။

ဖယောင်းတိုင်မီးအောက်တွင်ရှိ သော ကလေးတို့၏ မျက်လုံးများ သည် အရောင်တွေလဲ့နေ၏။မိနီ လေးက…

”ကိုကြီး”
”ဗျာ ဗျ ပြောလေ” ကျွန်တော် ပြန်ထူး၏။

မောင်ဦးလေးက
”ကိုကြီး ကိုကြီး” ကျွန်တော့် ကိုကိုင်လှုပ်၏။

”ဗျာ ဗျ ပြောလေကွာ”

မိနီနှင့် မောင်ဦး ကျွန်တော့် ကိုကြည့်ပြီး ငိုလေသည်။ အမေ သည်လည်း ငိုလေသည်။ ပြီးတော့ ကျန်ကလေးများနှင့် လူကြီးတွေ လည်း ငိုလေသည်။ ဘာလို့ငိုနေကြ သလဲ ကျွန်တော်မသိ။ ခုမှ သက် ငယ်တဲအတွင်း  လူတွေများနေ သည်ကို တွေ့ရသည်။ တဲအတွင်း တစ်နေရာတွင် ဦးပါကြီးနှင့် ဒေါ်ရီ က     ခေါင်းလေးငုံ့လျက်။ ကျွန်တော့် ကို လူလေးယောက် လာဝိုင်းမကြ တော့ မိနီနှင့် မောင်ဦးက ပိုရှိုက် လာသည်။ ကျန်ကလေးတွေလည်း အသံထွက်ရှိုက်လာသည်။ မိနီလေး က….

”မခေါ်သွားသေးပါနဲ့ ဦးဦး တို့ရယ် ခဏလေးပါ။ ကိုကြီးကို ကြီးကို သမီးတို့ ဟိုပလပ်စတစ်ပုံး လေးထဲက ထမင်းကျန်တွေ စားပြီး တိုင်း နမ်းနေကျ”

”ဟီး ဟီး ခု သားတို့ မနမ်း ရတာ လေးငါးရက်ရှိပြီ။ ဟီးဟီး”

အမေသည်။ သတိလစ် မေ့ မျော့သွား၏။ ဦးပါကြီး မျက်ရည် ကျသည်။ ကျွန်တော် မိနီလေးနှင့် မောင်ဦးကို ကိုင်မည်အပြု မိနီလေး က..

”သမီးတို့ သမီးတို ကိုကြီး ကိုကြီး ကိုကြီးကို အရင်နမ်းရဦး မယ်လေ နော်နော် ဦးဦးတို့နော်”

ကလေးတို့ ကျွန်တော့်အနား ဝိုင်းလာကြသည်။ ကျွန်တော်က ချက်ချင်းပင် မျက်နှာမော့ပေး လိုက်တော့ ကလေးတို့ ကျွန်တော့် ပါးကိုနမ်းကြသည်။ ထိုအချိန် တဲ အပြင်ဘက်တွင် ကြေးစည်တီး လိုက်၏။ ကျွန်တော်     တဲအပြင် ဘက်ကို ကြည့်လိုက်တော့ အောင် နက်သည် သွားရည်တွေစီးကျ လျက်           ကျွန်တော့်ကို စူးစိုက်ကြည့် ကာ စူးဝါးစွာ ထိုးဟောင်နေလေ သည်။

သော်ဇင်(လွိုင်ကော်)



ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments