Header Ads

သူပြောတဲ့သူ့အကြောင်း(အဆိုတော်ညာဏ်လင်းအောင်နှင့်တွေ့ဆုံခြင်း)



‘သူငယ်ချင်း’ သီချင်း လို့ပြောလိုက်တာနဲ့  အဆိုတော် ဥာဏ်လင်းအောင် နဲ့တွဲပြီး မြင်ကြမှာ ပါနော်။ ဆယ်ကျော်သက် ကောင်လေးတွေ၊ ကောင်မလေးတွေ ရဲ့ ပါးစပ် ဖျားမှာ ရေပန်း စားခဲ့ တဲ့ သီချင်းတစ်ပုဒ် ဆိုရင် ငြင်းလို့မရပါဘူး။

‘သူငယ်ချင်း’ သီချင်းခွေထဲကပဲ ‘ပျော်သလိုနေ လိုက်တော့’ သီချင်း ကလည်း ပရိသတ် အကြိုက် နဲ့ ထပ်တူကျခဲ့ပါတယ်။ သီချင်းတွေ နဲ့ အနည်း ငယ် အလှမ်းဝေးနေသူ အဆိုတော် ဥာဏ်လင်း အောင် ပြောပြတဲ့ သူ့အကြောင်းတွေ ကတော့ …

ဥာဏ်လင်းအောင်ရဲ့ ရင်ထဲက အမှတ်တရ

သီချင်း မဆိုခင်ကတည်းက ‘သူငယ်ချင်း’ သီချင်းကို ကျောင်းက သူငယ်ချင်းတွေ ဆီက ရတယ်။ အခွေ ထွက်တော့လည်း အဲဒီ သီချင်းက ပြန်ပါလာတယ်။ ဒီနေ့ အထိလည်း သူငယ်ချင်း တွေနဲ့ တွေ့တိုင်းပြောဖြစ်တယ်။ ကျွန်တော် ဆုရတော့လည်း ‘သူငယ်ချင်း’ သီချင်းနဲ့ ရခဲ့ တာပါ။

ဥာဏ်လင်းအောင် သည်းမခံနိုင်တဲ့လုပ်ရပ်များ

ကျွန်တော်က တော်တော်တော့ သည်းခံ နိုင်တယ် ပြောရမှာပေါ့။ ငယ်ငယ်တုန်း ကတော့ ငယ်သေးတော့ စိတ်တိုတာ မြန်တယ်။ သီချင်း စဆိုတဲ့ အချိန် မှာတော့ တော်တော်လေး သည်း ခံရတယ်။ အနယ်နယ်၊ အရပ်ရပ်လည်း သွားရ တော့ လူပေါင်းစုံနဲ့ တွေ့ရတဲ့ အတွက် တော် တော်လေးကို သည်းခံ ရပါတယ်။

ကိုယ်ရှာဖွေထားတဲ့ ငွေကြေးတွေ ကို ဒီလိုနေရာ တွေမှာ များများသုံးဖြစ်တယ်

အိမ်ကို အဓိကပေးရတာပေါ့။ အိမ်က လှူဖို့အတွက် စုပေးထားပါတယ်။ ကျွန်တော့် အခွေက ကျွန်တော် ကိုယ်တိုင်ထုတ်တာ ဆိုတော့ ရှာထားတဲ့ ပိုက်ဆံတွေကို အခွေ အတွက် ပြန်သုံး ရတာပေါ့နော်။

မိဘနဲ့ပတ်သက်ပြီး ဥာဏ်လင်းရဲ့စိတ် သဘော ထား

မိဘကတော့ ကျွန်တော့် ဘဝမှာ အမြဲတမ်း ထိပ်ဆုံးမှာ ထားပါတယ်။ ကျွန်တော်က တစ်ဦး တည်းသော သားလည်းဖြစ်တဲ့ အတွက် အဖေ နဲ့ အမေက အရမ်းချစ်ပါတယ်။ ကျွန်တော့် အတွက် ကလည်း မိဘက ထိပ်ဆုံးပါပဲ။

အနုပညာလောက မှာ ဥာဏ်လင်းအောင် ကြုံခဲ့ ရတဲ့ အတွေ့အကြုံများ

အခက်အခဲ ကတော့ ကြုံခဲ့ရပါတယ်။ ပထမ အခွေ စလုပ်တုန်းကIron Cross နဲ့လုပ် တာ မဟုတ်ပါဘူး။ သူငယ်ချင်း လေးယောက် စလုပ်ကြတာပါ။ အဲဒီ ကတည်းက သူငယ်ချင်း သီချင်းက ပါတယ်။ တော်တော် ကြီး အခက်အခဲ များပါတယ်။ အိမ်ကလည်း သီချင်းတွေ လုပ်တာ မသိဘူး။ ၁ဝ တန်းပြီးကာစ ဆိုတော့ ပိုက်ဆံက လည်း အပြည့်အစုံ မရှိဘူး ဖြစ်နေတယ်။ နောက် ပိုင်းကျမှ အဖေက သိသွားပြီး Iron Cross မှာ အပ်ပေး ခဲ့တာပါ။

‘သူငယ်ချင်း’ သီချင်း အောင်မြင်မှု အပေါ် ဥာဏ်လင်းအောင် ရဲ့ ပီတိစကား

ဒီသူငယ်ချင်း သီချင်း နဲ့ ဖြစ်လာမယ် လို့ လည်း ကျွန်တော် မထင်ထားဘူး။ ဒီသီချင်းက လည်း သူငယ်ချင်း ကောင်မလေး ကို ရည်ရွယ်ပြီး ရေးထားတဲ့ ပုံစံလေးဖြစ်နေ တာပေါ့။ ကိုယ့် သီချင်း နဲ့လည်း တချို့တွေ ရည်းစားဖြစ်ကုန် တယ်လို့ ကြားတယ် (ရယ်လျက်)။ ကျွန်တော် သာ အဲဒီတုန်းက အဆင် မပြေတာ။

ဥာဏ်လင်းအောင် သီချင်းရေးဖြစ်တဲ့ အချိန်

ကျွန်တော် သီချင်းတွေ ရေးဖြစ်ပါတယ်။ သုံးတော့ မသုံးဖြစ်သေးပါဘူး။ စိတ်တိုင်း မကျ သေးလို့ပါ။ ခံစားနေရတဲ့ အချိန်မှာ သီချင်းရေး ဖြစ်ပါ တယ်။ ဒေါသ ထွက်တာ ပဲဖြစ်ဖြစ်၊ တစ်ခုခု မကျေနပ်တာ ပဲဖြစ်ဖြစ် အဲဒီအပေါ် ခံစားပြီး သီချင်းတွေ ရေးဖြစ်ပါတယ်။

ဥာဏ်လင်းအောင်ရဲ့ အနုပညာ လှုပ်ရှားမှုများ

ကျွန်တော်ရဲ့ တတိယ အခွေကို စလုပ်နေ ပါပြီ။ တတိယအခွေမှာ Music ပုံစံလည်း နည်း နည်းပြောင်းသွားမယ်။  Iron Cross နဲ့လည်း ဟုတ်ချင်မှ ဟုတ်လိမ့် မယ်။ ခေတ်နဲ့ညီမယ့် Music ပုံစံလေးတွေ လုပ်ဖြစ်မယ်။

သီချင်းတွေကို ဒီလိုရွေးချယ်ဖြစ်တယ်

သီချင်းတွေကို ကျွန်တော့် စိတ်ကြိုက် ရွေးချယ်ဖြစ်ပါတယ်။ ဒါပေမဲ့ ဒုတိယအခွေမှာ ကျွန်တော့် စိတ်ကြိုက် များသွားလို့လား မသိဘူး။ ပရိသတ် အကြိုက် နဲ့ သိပ်မတွေ့ ဘူးဖြစ်သွား တယ်။

အနုပညာ နဲ့ အနည်းငယ် ဝေးကွာနေခြင်း အပေါ် ဥာဏ်လင်းအောင်ရဲ့ ဖွင့်ဟချက်

ကျွန်တော် သီချင်းတွေ ထပ်ထုတ်လိုက် ရင်လည်း ဒီပုံစံတွေပဲ ဖြစ်လာမှာ စိုးလို့ပါ။ ပြောင်းလဲတဲ့ အခြေအနေတွေက များနေတော့ ဘယ်ဟာကို သေချာ လုပ်ရမလဲ။ ဘယ်ဟာ က ပရိသတ်နားထဲဝင်မလဲဆိုတာတွေကို စဉ်းစားပြီး လုပ်နေရလို့ပါ။

ဥာဏ်လင်းအောင်ရဲ့ Show ပွဲအတွေ့အကြုံ များ

လွန်ခဲ့တဲ့ ၄ နှစ်၊ ၅ နှစ်၊ ၆ နှစ်လောက် နယ်မှာ ပထမဆုံး ဖျော်ဖြေခဲ့တယ်။ နီနီခင်ဇော် နဲ့ ကျွန်တော်နဲ့ပေါ့။ ဥာဏ်လင်းအောင်ကို လူနဲ့သီချင်း တွဲပြီး မသိကြဘူး။ အဲဒီတုန်းက VCD လည်း မထွက်သေးဘူး။ နောက်တော့မှ ပရိသတ်တွေက ဥာဏ်လင်းအောင် ဆိုတာ သေးသေးငယ်ငယ်လေး ပါလားဆိုပြီး ပြောကြ တယ်။ အဲဒီတုန်း က ကလေးပဲ ရှိသေးတယ်။ နောက်ပိုင်းမှာ တောက်လျှောက် Show တွေ သွားဖြစ်တယ်။ နယ်ကလူတွေက ပိုပြီးအားပေး ကြပါတယ်။

Music  နဲ့ ပတ်သက်ပြီး ဥာဏ်လင်းအောင်ရဲ့ လေ့လာမှုများ

သီချင်းတွေ အမြဲ နားထောင်တယ်။  Youtube ကနေ သီချင်းတွေ  Download လုပ် တယ်။ ကျွန်တော်ကြိုက်တဲ့  Music ပုံစံလေးတွေ တွေ့ရင် အတီး သမားတွေကို ဖွင့်ပြတယ်။

ဥာဏ်လင်းအောင် ကြိုက်နှစ်သက်တဲ့ ဖက်ရှင် ပုံစံ

ဖက်ရှင်နဲ့ ပတ်သက်ရင် အများကြီးမပြင် ဆင်ဖြစ်ပါဘူး။ ဒါပေမဲ့ ဆံပင်ပုံစံနဲ့ဆံပင် အရောင်ကိုတော့ အမြဲတမ်း ပြောင်းပါတယ်။ ဖက်ရှင်ထက် ဆံပင် Color ချိန်း ရတာကို ပိုကြိုက် တယ်။ အခုဆိုရင် ကျွန်တော် ဆိုးထားတဲ့ ဆံပင် အရောင်လေးတွေ လိုက်ဆိုး လာကြ တယ်။

ဥာဏ်လင်းအောင်ရဲ့ အချစ်ရေး

အချစ်ရေးကတော့ အခုအချိန်မှာ တည် တည်ငြိမ်ငြိမ်ဖြစ်သွားပါပြီ။ facebook မှာ လည်း ပြန်ရှင်းထားပါတယ်။

ဥာဏ်လင်းအောင်ရဲ့ အနာဂတ် အစီအစဉ်

စီးပွားရေး လုပ်ဖို့တော့ မစဉ်းစားရသေးပါ ဘူး။ သီချင်းတွေပဲ ဆိုဖြစ်မှာပါ။ ရုပ်ရှင်ရိုက်ဖို့၊ ဗီဒီယို ရိုက်ဖို့တွေ လာခေါ်ကြပါတယ်။ ကျွန်တော်က သရုပ်ဆောင်ဘက် ကို ဝါသနာ နည်းတာလည်း ပါတယ်။ အဆိုတော်ဘက်ကိုပဲ ဝါသနာ ပါပါတယ်။ နှစ်ခု လုပ်ရင် အဆင်မပြေ မှာစိုးလို့ပါ။ အဆိုတော်၊ မင်းသား ဆိုပြီး တွဲလုပ် ဖို့တော့ အစီအစဉ် မရှိသေးပါဘူး။

Credit-ရတီ



ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments