နှလုံးသားနဲ့ဖို့စာတစ်စောင်
ချစ်သူရေ ..
လူအများက တစ်ဦးနဲ့တစ်ဦးဆက်သွယ်မှုအဖြစ် စာတွေပေးပို့ကြတယ်။ ဒီလိုပေးပို့တဲ့စာတွေမှာ အချို့က အင်တာနက်အီးမေးလ်စာတွေက တစ်ဆင့်ပို့တယ်။ အချို့ကလည်း စာရွက်ပေါ်မှာ ဘောလ်ပင်နဲ့ရေးပြီး စာပို့တယ်။ အဲ့ဒီလိုတွေမပေါ်ခင်ကတော့ပေစာတွေဘာတွေနဲ့ရေးမှာပေါ့။
ချစ်သူရေ ..
ကိုယ်လည်း မင်းကိုစာရေးလိုက်ပါတယ်။ ဒါပေမယ့် ကိုယ်ရေးတဲ့စာကတော့ အခြားဘယ်သူတွေနဲ့မှမတူတဲ့ပုံစံနဲ့ရေးလိုက်ပါတယ်။ ကိုယ်ရေးတဲ့ စာက ကိုယ့်နှလုံးသားပေါ်မှာ ကိုယ့်အချစ်တွေနဲ့ရေးတဲ့စာပါ။
ချစ်သူရေ ..
ဒီစာကို ကိုယ့်နှလုံးသားနဲ့ရေးသားလိုက်တာဖြစ်လို့ ကိုယ့်နှလုံးသားတစ်ဆင့် မင်းနှလုံးသားဆီကို တိုက်ရိုက်ပို့လိုက်ပြီနော် ...
မင်းကလည်း မင်းနှလုံးသားနဲ့ ဒီစာကို ဖတ်ပေးပါ ...
မုန်း (BeeTalk)
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
Post a Comment