Header Ads

သစ်ပင် သစ်ရွက် လေပြည် အပိုင်း(၃)

လပြည်

ကျွန်တော်ချစ်တဲ့ကောင်မလေးကို ချစ်စနိုးနဲ့ သစ်ရွက်လို့ခေါ်ခဲ့တယ်။ 
သူမက သူချစ်တဲ့သစ်ပင်တစ်ပင်မှာ ခံစားချက်တွေဖုံးကွယ်ရင်း မှီခို
ပြီးနေတယ်။ ကျွန်တော် လေလုပ်ရတော့မယ်။ သစ်ရွက်လေးပျော်ရွှင်
အောင် ကူညီစောင့်ရှောက်ပေးတဲ့ လေလုပ်ရတော့မယ်။ ကျွန်တော် 
သူမကိုစပြီး သတိထားမိတဲ့ အချိန်ဟာ ကျွန်တော် ဒီကျောင်းပြောင်း
လာပြီး တစ်လအကြာမှာပါ။ သေးငယ်တဲ့သူမရဲ့ကိုယ်လုံးနဲ့ ဘောလုံး
ကွင်းဘေးမှာ ထိုင်ရင်း မျက်စိတစ်စုံဟာ ဘောလုံးကျင့်နေတဲ့ ကောင်
လေးတစ်ယောက်ကို စူးစိုက်ကြည့်နေတတ်တယ်။ သူမတစ်ယောက်တည်း
ပဲဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် သူမအဲဒီနေရာလေးမှာထိုင်ပြီး 
ငေးကြည့်နေတတ်တာ အားကစား အချိန်တိုင်းပါပဲ။ ကောင်လေးက 
တခြားကောင်မလေးတွေနဲ့ ရယ်မောနေရင် သူမရဲ့မျက်လုံးအိမ်မှာ 
မျက်ရည်စတွေနဲ့...
ကောင်လေး သူမဖက်လှည့်လာပြီဆိုရင် သူမရဲ့မျက်လုံးအိမ်မှာ 
အပြုံးစတွေနဲ့...
အဲဒီကောင်လေးကို သူမအမြဲ စောင့်ကြည့်နေတတ်သလိုပဲ၊ သူမကို 
အမြဲစောင့်ကြည့်ရမဲ့အလုပ်ဟာ ကျွန်တော့်အတွက် အကျင့်တစ်ခုလို 
ဖြစ်လာခဲ့တယ်။
တစ်နေ့တော့ ထိုင်နေကျနေရာလေးမှာ သူမကိုမတွေ့လို့ ကျွန်တော့်
စိတ်ထဲမှာ စိုးရိမ်မှုတွေဝင်ရောက်လာတယ်။ ဘယ်လိုစိုးရိမ်မှုမျိုးလည်း
ဆိုတာ ကျွန်တော် ပြောမပြတတ်ဘူး။ ဘောလုံးကွင်းထဲမှာ သူမ အမြဲ
စောင့်ကြည့်နေတဲ့ ကောင်လေးလည်း ရှိမနေလို့ ကျွန်တော် စိတ်မချတာ
နဲ့ သူမရဲ့ စာသင်ခန်းဖက်ကို ပြေးလာခဲ့မိတယ်။ အထဲကိုကြည့်လိုက်တဲ့
အချိန်မှာ ကောင်လေးရဲ့ဆူပူသံ၊ သူမရဲ့ရှိုက်သံ၊ ကောင်လေးရဲ့ 
ထွက်ခွာသံကို ကြားမြင်ခဲ့ရတယ်။ နောက်ရက်တွေမှာ သူမဟာ 
အရင်ကလိုပဲ ဘောလုံး ကွင်းဘေးမှာ ကောင်လေးကို ငေးနေခဲ့
ပြန်တယ်။
ကျွန်တော် သူ့ဘေးကိုလျှောက်သွားပြီး ပြုံးပြလိုက်တယ်။ နောက် 
စာရွက်တစ်ရွက် ကမ်းပေးလိုက်တယ်။ သူမက အံသြတဲ့ပုံစံနဲ့ 
ကျွန်တော့်ကို ကြည့်တယ်။ နောက်ပြုံးပြီး စာရွက်ကိုယူလိုက်တယ်။ 
နောက်တစ်နေ့မှာ စာရွက်ခေါက်လေးကိုကိုင်လို့ ကျွန်တော်နား 
သူမရောက်လာတယ်။
“သစ်ရွက်ရဲ့စိတ်ဟာ လေးနက်ခိုင်မြဲလွန်းတယ်။ လေတိုက်တိုင်း 
မပါနိုင်ဘူး”
“သစ်ရွက်ရဲ့စိတ်ဟာ လေးနက်ခိုင်မြဲတာ မဟုတ်ဘူး ... သစ်ရွက်က 
သစ်ပင်ကို မခွဲနိုင်တာပါ”
အဲဒီလို သူမနဲ့ စာအပေးအယူလုပ်ပြီး နောက်ပိုင်း သူမတဖြည်းဖြည်း 
ကျွန်တော်ကို စကားပြန်ပြောလာတယ်။ ကျွန်တော်ပေးတဲ့လက်ဆောင်
တွေကို လက်ခံတတ်လာတယ်။ ဖုန်းခေါ်ရင်လည်း ပြန်ပြောတတ်လာ
တယ်။ သူမ ကျွန်တော့်ကိုမချစ်နိုင်ဘူးဆိုတာ ကျွန်တော်သိတယ်။ 
ဒါပေမဲ့ ကျွန်တော့်ကို သူမ ချစ်လာနိုင်တဲ့အထိ ကျွန်တော်ဇွဲလုံလရှိခဲ့
တယ်။
သူမနဲ့သိခဲ့တဲ့ (၄)လအတွင်း ကျွန်တော့်ချစ်ကြောင်းတွေ ဖွင့်ပြောခဲ့တာ 
အကြိမ်ပေါင်း မရေမတွက်နိုင်ခဲ့ဘူး။ ကျွန်တော်ဖွင့်ပြောတိုင်း သူမ 
စကားလမ်းကြောင်း လွှဲပစ်တတ်တယ်။ ဒါပေမဲ့ ကျွန်တော် လက်မ
လွှတ်သေးပါဘူး။ သူမကို ကျွန်တော်အရမ်းချစ်နေမိပြီလေ.. ချစ်မိရင် 
ပိုင်ဆိုင်ချင်လာတယ်.. သူမရဲ့အချစ်ကို ရအောင်ယူမယ်လို့ 
ဆုံးဖြတ်ထားလိုက်မိတယ်။ သူမ မချစ်မှန်းသိလျှက်နဲ့ သူမအဖြေပေး
လာမဲ့ရက်ကိုစောင့်စားရင်း ကျွန်တော်သူ့ဘေးမှာ ရှိနေခဲ့တယ်။
“ဘာလုပ်နေတာလဲဟင်...ကျွန်တော်ပြောတာတွေ ကြားလား.. 
ဘာလို့ ကျွန်တော်ကို စကားပြန်မပြော တာလဲ.. မေးတာလဲ ဖြေဦးလေ”
“ကျွန်မ ခေါင်းညိတ်နေတယ်”
“ဟင်”
ကျွန်တော်နား ကျွန်တော်မယုံကြည်နိုင်လောက်အောင်ပဲ... 
“ကျွန်မခေါင်းညိတ်နေပါတယ်” သူမ ပြန်အော်ပါတယ်...
ဖုန်းကို ကျွန်တော်ပစ်ချလိုက်တယ်။ အပေါ်အင်္ကျီကိုကောက်စွပ်ပြီး 
သူမအိမ်ဖက် ဆိုင်ကယ်အပြင်းမောင်းထွက်ခဲ့တယ်။ အိမ်ရှေ့ဘဲလ်ကို 
နှိပ်လိုက်ပြီး သူမ ထွက်လာချိန်မှာတော့ သူမကိုကျွန်တော် တင်းတင်း
လေး ဖက်ထားလိုက်မိတယ်။
“သစ်ရွက်လေးကြွေတာ လေရဲ့ခေါ်ဆောင်မှုကြောင့်လား 
သစ်ပင်ကနေခွင့်မပေးလို့လား”

Credit - နိုင်းနိုင်းစနေ

No comments