အချစ်ဆိုတာလှပတဲ့ ဒဏ္ဍာရီပုံပြင်မဟုတ်ဘူး
ဆန်နဲ့ရေချစ်ကြတော့ ရေကဆန်ကိုကတိပေးတယ်။
"မင်းကိုငါ နှလုံးသားတစ်ခုလုံး ဘဝတစ်ခုလုံးနဲ့ပွေ့ဖက်မယ်၊
သက်ဆုံးထိတိုင် မခွဲမခွာချစ်မယ်၊ ဘယ်တော့မှလည်းခွဲမသွားဘူး"
ဆန်ဟာ ရေရဲ့ရင်ခွင်ထက်မှာနေပြီး ရေရဲ့ယုယကြင်နာတဲ့စကား
တွေကြားမှာ သာယာမှိန်းမော ပျော်ရွင်ကြည်နူးနေခဲ့တယ်။
ဒီလိုနဲ့ဆန်ဟာ ကိုယ်ရဲ့နုပျိုခြင်း၊ စိတ်ထက်သန်မှု၊ ချစ်ခြင်း၊ အချိန်တွေ
အားလုံး ရေကိုပေးလိုက်တယ်။ ကိုယ့်ကိုကိုယ်တန်ဖိုးထား မြတ်နိုးဖို့
သူမေ့သွားခဲ့တယ်။
အချိန်ကာလကြာလာတဲ့အခါ ဆန်ရဲ့ပေးဆပ်မှုအောက်မှာ ရေဟာ
ပိုဈေးနှုန်းမြင့်တန်ဖိုးကြီးတဲ့ အရက်ဖြစ်လာခဲ့တယ်။ ဆန်ကတော့
အဆီအနှစ်အစုပ်ခံထားရတဲ့ ကစော်ဖတ်အဖြစ်သာ ကျန်ရစ်ခဲ့တယ်။
ဘယ်အချိန်ကစမှန်းမသိခဲ့ပါဘူး... အရက်ဖြစ်သွားတဲ့ရေဟာ
အန်ဖတ်လိုဖြစ်နေတဲ့ကစော်ဖတ်ကို တဖြည်းဖြည်းရှောင်ခွာလာခဲ့ပြီး
နောက်ဆုံးမှာ လုံးဝစွန့်လွှတ်ပစ်လိုက်ပါတယ်။
အစွန့်ပစ်ခံရတဲ့ဆန်ဟာ ကိုယ့်ကိုကိုယ်ကြည့်ပြီး အချစ်ရဲ့နာကျင်မှုကို
စခံစားလိုက်ရပါတယ်။
တစ်ဖက်သားကို ချစ်နေချိန်အတွင်းမှာ ကိုယ့်ကိုကိုယ်လည်း ချစ်ရပါတယ်။
အချစ်အတွက်ပေးဆပ်မှုမှာ နှစ်ဦးနှစ်ဖက်စလုံးဖြစ်သင့်ပါတယ်။
ဒီလိုမှမဟုတ်ရင် အကုန်ပေးဆပ်သူဖက်က ကစော်ဖတ်လို
အလွယ်တကူ စွန့်လွှတ်ခံရတတ်ပါတယ်။
Credit - နိုင်းနိုင်းစနေ
Post a Comment