Header Ads

အချစ်လက်ဖဝါးအမုန်းလက်ဖမိုး အပိုင်း(၁)

စားသောက်ဆိုင်လေးအတွင်း ကြည်နူးစွာ၊ ရွှင်မြူးစွာတူယှဉ်တွဲ စား
သောက်နေကြတဲ့အတွဲလေးတွေကို ကြည့်ပြီး ကျွန်မ မောင့်ကို 
တမ်းတမိသည်။ ဒီအချိန် မောင်သာ ကျွန်မအနားမှာရှိလျှင် ထမင်း
ပေါင်းပန်းကန် လေးကျွန်မရှေ့ကိုထိုးပေးပြီး ချစ်စဖွယ်အမူအယာနှင့် 
`မောင့်ကိုခွံ့ကျွေး´ လို့ပြောပေလိမ့်မည်။ မောင့် အကြောင်းတွေးမိ
လိုက်တိုင်း ကျွန်မရဲ့ဘယ်ဘက်ရင်အုံက စူးနစ်နာကျင်သွားစမြဲ။ 
အခုလည်း မောင့်အကြောင်း တွေးမိလိုက်တာနဲ့ ကျွန်မရင်အစုံကို 
တစ်ယောက်ယောက်က ဆုပ်ချေလိုက်သလို စူးရှအောင့်မျက်သွားရ
သည်။ ကြာလျှင်ကျွန်မ နှလုံးရောဂါရမိမယ်ထင်ပါသည်။ ယခုတောင်
နှလုံးခုန်က သိပ်မမှန်ချင်။

မောင့်အကြောင်းတွေးမိလိုက်တိုင်း ကျွန်မ ရင်ကိုအောင့်မျက်နေစေသည့် 
နောက်ထပ်စကားတစ်ခွန်း ရှိပါသေးသည်။ မောင်ပြောနေကြစကား 
`မောင့်ဘ၀မှာ သွဲ့ကိုအချစ်ဆုံး၊ သွဲ့ထက်ပိုပြီးချစ်ရမယ့်သူ မောင့်မှာ 
မရှိတော့ဘူး´၊ ကျွန်မကိုအမြဲပြောလေ့ရှိတဲ့ မောင့်စကား။ အခုလည်း 
မောင် ကျွန်မနားနားကပ်ပြီးပြောလိုက် သလို အချိန်တိုင်းကြားယောင်နေ
မိတဲ့စကား။ မောင်ရယ်… မောင်ပြောသလို ကျွန်မကိုသာမောင်အချစ်ဆုံး
ဖြစ်ခဲ့ ရင်ကျွန်မတို့နှစ်ယောက်အခုလို ကွဲကွာကြရမည်တဲ့လား။ မောင်
ပြောခဲ့တယ်ဆိုတော့လည်း ဖြစ်နိုင်မှာပါ၊ ကျွန်မ နောက်ဆုံးထွက်သက်
အထိ မောင့်စကားတွေကို ယုံကြည်နေမည်ပါ။ 

**********

ကျွန်မနှင့် မောင့်ကိုကွဲကွာစေသည့်အရာ.. အဲ့ဒီအရာသည်ကျွန်မ
ကိုယ်တိုင်ပင်မဟုတ်လားကွယ်။ မောင် ကျွန်မကိုပြောဖူးပါသည်၊ 
`သွဲ့ကမိန်းကလေးဖြစ်ပေမယ့် သတ္တိရှိတယ်၊ မပျော့ညံ့ဘူး၊ နောက်.. 
အလွယ်တကူနဲ့ စိတ်ဓာတ်လည်း မကျတတ်ဘူး၊ မောင်ကအဲ့ဒါတွေ
ကြောင့် သွဲ့ကိုပိုပိုချစ်နေရတာသိလား၊ မောင်လေ ပျော့စိပျော့ဖတ်နဲ့ 
တစ်ခုခု ဆိုရင်မျက်ရည်ကျမယ်ဆိုတဲ့ မိန်းမတွေကို သိပ်မုန်းတာပဲ´ 
အဲ့ဒီအချိန်ကတော့ ဟုတ်ခဲ့မှာပါ မောင်၊ ခုတော့လည်း သွဲ့ရဲ့အဲ့ဒီစိတ်ဓာတ်
တွေကြောင့် မောင်နဲ့ကွဲကွာခဲ့ရ သည်လေ၊ မောင်ပြောခဲ့ဖူးသည့် မောင် 
မုန်းပါသည်ဆိုသည့်အရည်အချင်းတွေနှင့်ပြည့်စုံနေသည့် မိန်းကလေး 
တစ်ဦးကို မောင်ရွေးချယ်လိမ့်မည် ဟုကျွန်မ အိပ်မက်ထဲမှာတောင် 
မတွေးခဲ့မိသည်မှာ အမှန်ပါ မောင်။ 
ကျွန်မစိတ်ဓာတ်တွေအရင်ကတည်းက မာကျောခဲ့သည်ဆိုပေမယ့် 
မောင့်အရှေ့တွင်ပိုမိုကြံ့ခိုင်သည့် မိန်းမတစ်ယောက်အဖြစ်ကျွန်မနေပြခဲ့
သည်။ စိတ်ညစ်စရာ၊ စိတ်ပျက်စရာ၊ စိတ်ရှုပ်စရာများကြုံရလျှင် ပိုမို 
သတ္တိ ရှိပြခဲ့မိသည်။ ဟုတ်ပါသည်၊ အဲ့ဒီအရာများက ကျွန်မကိုမောင်နှင့် 
ကွဲကွာသွားစေလိမ့်မည်ဟု ကျွန်မမှ မသိခဲ့ဘဲ ကိုး။ ကျွန်မမည်မျှအထိ 
စိတ်ထိန်းနိုင်ခဲ့ပါသနည်း၊ မောင်နှင့်ပတ်သက်၍ ကျွန်မ မည်မျှထိန်းချုပ်
နိုင်ခဲ့ပါသနည်း။ ကျွန်မ မောင့်ကိုအစွမ်းကုန်ချစ်ပြပါသည်။ မောင်ပျော်ရွှင်
စေရန် ကျွန်မနှလုံးသားကို မည်သူမျှမသိအောင် ငိုကြွေးစေခဲ့ပါသည်။ 

*********

မုန်း (BeeTalk)

No comments