Header Ads

မြန်မာလူငယ်သတင်းစုံ သက်ငယ်မုဒိမ်းမှုပပျောက်ရေးပညာပေးဆောင်းပါး/ဝတ္ထုတိုပြိုင်ပွဲ ပြိုင်ပွဲဝင်ဝတ္ထုတို(​အောင်​ကိုလတ်​)

**ပန်းကလေးများ မနွမ်းစေချင်**

မူလတန်း
စာသင်ကျောင်းလေး တစ်ခုမှာဖြစ်သည်။ ကျောင်းဆင်းချိန်ဖြစ်သဖြင့် ကလေးများ လွယ်အိတ်ကိုယ်စီဖြင့် မိမိအိမ် သို့ ပြန်နေကြလေသည်။   မကြာမီအချိန်အတွင်း ကျောင်းလေးတွင် ကျောင်းသူ ကျောင်းသား အနည်းငယ်သာ ကျန်ရှိနေတော့သည်။

"ဟေးး မူမူ မပြန်သေးဘူးလားဟ"

အသက် ၁၀ နှစ် အရွယ်ခန့် ရှိသော ၄ တန်းကျောင်းသား လေး မှ တမာပင်အောက်တွင် ထိုင်နေလေသော သူနှင့် ရွယ်တူ ကောင်မလေးအား လှမ်း၍ မေးမြန်းခြင်းဖြစ်သည်။

" ငါ့ ဖေဖေ လာကြိုမှာလေ"

"အော် အေးအေး ဒါဆို ငါပြန်နှင့်တော့မယ်  ငါ ရဲသူ တို့ အဖွဲ့ နဲ့ ဘောလုံးကန်ဖို့ ပြောထားလို့"

" အေး အေး ဒါဆိုလည်း ပြန်တော့"

ထိုသို့ အပြန်အလှန် ပြောဆိုနှုတ်ဆက်ကြပြီးနောက် ကျောင်းသားလေးလည်း လွယ်အိတ်ကို နောက်ပြန်လွယ် ၍ အမြန်ပြေးသွားလေတော့သည်။

ထိုစဉ် ကျောင်းသူလေး၏ နံဘေးသို့ စက်ဘီးတစ်စီး ထိုးရပ်လိုက်ပြီး

" မူမူ သမီးအဖေမအားလို့ ဦးလေးကို ကြိုခိုင်းလိုက်တာ"

ဟု ပြောသံကြားသဖြင့် ကြည့်လိုက်ရာ  သူမတို့ အိမ်နှင့် ကပ်လျက် မှ သူမ ဖေဖေ၏ မိတ်ဆွေ ဦးသိန်းတင်ဖြစ်နေလေသည်။
" အော် ဟုတ် ဦး "

ဟု ဆိုကာ စက်ဘီးပေါ်သို့ တတ်လိုက်လေသည်။

ဦးသိန်းတင်ဆိုသူလည်း စက်ဘီးကိုနင်းလျက် လာရာလမ်းသို့ နင်း ၍ ထွက်ခွာလေတော့သည်။

" ဦးလေး ဘယ်ကို နင်းနေတာလဲ"

စက်ဘီးသည် သူမတို့ရွာဘက်သို့မဟုတ်ပဲ အခြားဘက်သို့ဦးတည်နေ၍  မေးလိုက်ခြင်းဖြစ်သည်။

" အော် ဦးလေးတို့ လယ်တောလေးက ကန်ထဲမှာ ကြာနီ တွေအများကြီးပွင့်နေလို့ သမီးလေးကို ခူးပေးမလို့"

"တကယ်ပြောတာလားဦး"

"တကယ်ပြောတာပေါ့ သမီးယူမယ်မဟုတ်လား"

" ဟုတ် ယူမယ်"

ဟု အပြန်အလှန်ပြောဆိုလျက် ရှိစဉ် လယ်တောတဲ လေး တစ်ခုသို့ ရောက်ရှိသဖြင့် စက်ဘီးကို ရပ်လိုက်လေတော့သည်။

" ဦး ဘယ်မှာလဲ ကြာပန်းတွေ"

" ဟိုနားလေးမှာ သမီးရဲ့ ပြီးမှ သွားခူးကြမယ် ခု  စက်ဘီးနင်းထားတာ ဦးလေး အရမ်းမောနေပြီ တဲထဲ ခဏ အနားယူကြရအောင်နော်"

" ဟုတ်ကဲ့"

ဟုဆိုကာ လယ်တောတဲသို့ ဝင်ရောက်သွားကြလေသည်။

မခင်မြအရမ်းဒေါသထွက် အော်ဟစ်နေလေသည်။

"တခါတည်း ကလေး ကျောင်းကြိုရမှာကို ရှင်က ပြန်မလာဘူး"

"အေးပါကွာ လမ်းမှာ ဆိုင်ကယ်ပျက်နေလို့ နောက်ကျနေတာပါ မင်းကလည်း ငါမအား မင်းသွားကြိုပေါ့သမီး လေး စောင့်နေတာ ကြာနေတော့မယ်"

ကိုရဲထွန်း လည်း အထက်ပါအတိုင်း သူ့မိန်းမ မခင်မြကို ပြန်ပြောဆိုလိုက်သည်။

"ကဲ သွားတော့လေ သမီးမျှော်နေတော့မယ် တစ်ယောက်တည်း"

" အေးပါ ခုပဲ သွားတော့မလို့ "

ဟုဆိုကာ စာသင်ကျောင်းလေးရှိရာသို့ ဆိုင်ကယ်စီး ထွက်ခွာသွားတော့သည်။

တကယ်တော့ သပြေတန်းရွာေnလးသည် အိမ်ခြေ ၄၀ ခန့်သာရှိပြီး ကိုယ်ပိုင် စာသင်ကျောင်းမရှိပဲ ရွာနှင့် ၃ မိုင်ခန့်ဝေးသော ပြည်တော်သာ ရွာရှိ မူလတန်းကျောင်းသို့သွားရောက် ကျောင်းတတ်ရသည်ဖြစ်ရာ မလှမ်းမကမ်း ဖြစ်သဖြင့် ကလေးများအစုအဖွဲ့လိုက် ခြေလျင်သော်လည်းကောင်း  အိမ်မှ ကြို/ ပို့ ပြုလုပ်၍ သော်လည်းကောင်း ကျောင်းတတ်ရလေသည်။

"ဟင် သမီးလည်း မရှိပါလား ဧကန္တတော့ လာကြိုနောက်ကျလို့ အဖော်တွေနဲ့အတူ ပြန်သွားပြီထင်တယ်"

ကိုရဲထွန်း ကျောင်းသို့ သမီးဖြစ်သူ မူမူကို လာကြိုရာ သမီးငယ်နှင့်မတွေ့သဖြင့် အထက်ပါအတိုင်း တွေးမိပြီး အိမ်သို့ ဆိုင်ကယ်ကို ပြန်စီးခဲ့လေတော့သည်။

" မိန်းမရေ သမီး ကျောင်းမှာ မရှိဘူးကွ"

ကိုရဲထွန်းလည်းဆိုင်ကယ်ပေါ်မှ ဆင်းပြီး  မိန်းမဖြစ်သူ ဆန်ရွေးရာသို့ လှည့်၍ ပြောဆိုလိုက်သည်။

"ဟုတ်လား ဒါဆို ခုထိ ဘာလို့ ပြန်မလာသေးတာလဲ တခြား ကလေးတွေ အကုန် ပြန်ရောက်နေပြီလေ"

"ဒီကလေးတော့ လား ပြန်လာမှ ဆုံးမရမယ်  အိမ်ပြန်နောက်ကျနေတာ"

ဟု ကိုရဲထွန်းလည်း မြည်တွန် တောက်တီးလျက် ရှိနေလေတော့သည်။

ထိုစဉ်

"ရဲထွန်း ရဲထွန်း ရှိလားဟ"

"ဗျို့ ဦးလေးသန်း ကျွန်တော်ရှိပါတယ်ဗျ ဝင်ခဲ့လေ"

"မဝင်တော့ဘူး ကွ  ရွာ အနောက်က ကြာအင်းဘေး လယ်တောထဲမှာ မင်းသမီးလေး အော်သံကြားလို့သွားကြည့်တာ သွေးအိုင်ထဲမှာ လဲနေတာတဲ့ ငါလည်း အမြန်ပြေးလာပြီး မင်းလာပြောတာ ဘမောင်တို့ လှည်းနဲ့ သယ်လာခဲ့ပြီနောက်မှာ"

"ဗျာ ဟုတ်လား ကျွန်တော့်သမီးလေး ဘယ်လို ဖြစ်တာလဲ "

" အဲ့တာတော့ ငါမသိဘူး မင်းအမြန်သွားလိုက်တော့ ငါ နွားသွားကောက်တော့မယ်"

"ဟုတ်  ဦးလေးသန်းရေ ကျေးဇူးပါဗျာ မိန်းမရေ ငါတို့ သမီးလေး ဘာဖြစ်တာလည်း မသိဘူး ငါလိုက်သွားလိုက်အုံးမယ် မင်းအိမ်စောင့်နေခဲ့နော်"

"အင်းပါတော်"

ကိုရဲထွန်းလည်း သူ့မိန်းမ စကား ဆုံးသည်ကို နားမထောင်တော့ဘဲ ဆိုင်ကယ်ကို ခွလျက်
တစ်ရှိန်ထိုး မောင်းထွက်ခဲ့လေတော့သည်။

သမီးလေး ဘာမှ မဖြစ်ပါစေနဲ့ဟု လည်း စိတ်ထဲမှာ အကြိမ်ကြိမ်ဆုတောင်းလာခဲ့သည်။ ခါတိုင်း  ၅ မိနစ် ပြည့်အောင်မစီးရသော နေရာက ခုချိန်မှာ တော့ အရမ်းဝေးကွာလွန်းသည်ဟု စိတ်ထဲ ခံစားနေရသည်။

ထိုစဉ် လမ်းမှာ လှည်းတစ်စီးတွေ့ရာ လှည်းပေါ်မှ

" ရဲထွန်း မင်းသမီး ကိုငါတို့ခေါ်လာပြီ မင်းသမီး ကိုလည်း ကြည့်ပါအုံး"

ဟုဆိုကာ လှည်းကို ရပ်တန့်လိုက်လေသည်။ ရဲထွန်းလည်း လှည်းနားသို့အပြေးအလွှား သွားလေရာ လှည်းပေါ်တွင် သူ၏ သမီးငယ်ဖြစ်သူကို ပက်လက်အနေအထားဖြင့်တွေ့ရပြီး ကျောင်းဝတ်စကပ်စိမ်းလေး အောက်ပိုင်းနှင့် ခြေထောက်တစ်ခု လုံး သွေးများဖြင့် ရွှဲနစ်နေသည်ကို တွေ့ရလေသည်။

"ဘယ်လိုဖြစ်တာလဲ ကိုဘမောင်"

"ငါလည်း မသိဘူးရဲထွန်းရ ငါ့လယ်ဘေး မြတ်ရိတ်နေတာ ကလေးအော်သံကြားလို့ ဦးလေးသန်းနဲ့ငါ လာကြည့်တာ ငါတို့ လာတော့ တဲထဲက လူတစ်ယောက် ပြေးထွက်ပြီး စက်ဘီးနဲ့ထွက်သွားတာမြင်လိုက်ရတာ  တဲထဲဝင်ကြည့်တော့ မင်းသမီးကို ခုလိုတွေ့ရတာပဲ "

"ဟုတ် ဒါဆို သမီးလေးကို ကျေးလက်ဆေးခန်းပို့ရမယ် ကျွန်တော့်ကို ကူပါအုံး ကိုဘမောင်"

"အေး ဒါဆို နွားတွေကို တင်သိန်းခြံထဲ ထားခဲ့ပြီး မင်းဆိုင်ကယ်နဲ့ ကလေးပွေ့ချီပြီး လိုက်ခဲ့မယ်"

ဟုဆိုကာ နွားလှည်းကို အနီးရှိ ခြံထဲသို့ မောင်းဝင်လိုက်ပြီး နွားများကို ချီခဲ့လေသည်။

ကျေးလက်ကျန်းမာရေဆေးခန်းသို့ ရောက်သောအခါ ဆရာမ က

" မဖြစ်ဘူး ဆေးရုံအမြန်ပို့ရမယ် ဒီကနေ လိုတာလေးတွေလုပ်ပေးလိုက်မယ် "  ဟုဆိုကာ ရှေးဦးသူနာပြုနည်းများဖြင့် ပြုလုပ်ပေးလိုက်ပါသည်။

မြို့နယ် ဆေးရုံသို့ရောက်သောအခါ အရေးပေါ် လူနာ ကုသဆောင်သို့ ပို့လိုက်လေသည်။

"အခြေအနေ ဘယ်လိုလဲ ဆရာ"

ကိုရဲထွန်း သမီးငယ်ကို ကုသပေးနေသော တာဝန်ကျဆရာဝန်ကို မေးလိုက်သည်။

"ကလေးက အဓမ္မပြုကျင့်ခံရတာဗျ အမျိုးသမီး အင်္ဂါကနေ စအိုထိ ကွဲထားတယ် ပြန်ချုပ် ရမယ် အသက်အန္တရာယ်တော့ မရှိတော့ပါဘူး"

ဟု ပြောဆိုကာ ထွက်ခွာသွားလေသည်။

ကိုရဲထွန်းမှာလည်း ဒေါသအလွန်ထွက် တာရော သမီးအတွက် စိတ်သောက ရောက်နေတာရောပေါင်း၍ ငိုချလိုက်မိလေသည်။

" ရဲထွန်း စိတ်ထိန်းလေကွာ ဖြစ်ပြီးသမျှ ဘာတတ်နိုင်မှာလဲ အကောင်းဆုံးကို လုပ်ဖို့ကြိုးစားရတော့မှာပေါ့"

ကိုဘမောင် ရဲထွန်း ပုခုံးကို ကိုင်၍ ပြောလိုက်လေသည်။

" ကျုပ်သမီးကို ဘယ်သူကများ  ဒီလိုလုပ်တာလဲဗျာ ယုတ်မာလိုက်တာ  သိလို့ကတော့ ကျုပ်လက်နဲ့သေစေရမယ်"

"အေးပါကွာ မင်းစိတ်ကို ငါနားလည်ပါတယ်"

ထိုစဉ် ရွာမှ လူအများလည်း လူမမာ လာရောက် မေးမြန်းကြလေသည်။ကိုရဲထိန်းမိန်းမ မခင်မြမှာလည်း သမီးငယ်ကို ဖတ်၍ ငိုယိုနေလေသည်

အားလုံးမျက်နှာတွင် စိတ်မကောင်းသော အမူအယာများနှင့် ကလေးကို ဝိုင်းဝန်းအားပေးနေကြလေသည်။ ကျေးရွာ အုပ်ချုပ်ရေးမှုးက

"ကိုရဲထွန်းရေ ကလေးကို အဓမ္မကျူးလွန်သူက ဦးသိန်းတင်ဗျ ဒါပေမဲ့ ခုတော့ သူ့မိုက်ဇာတ်သူ သိမ်းသွားပါပြီ"

"ဘယ်လိုဖြစ်တာလဲ ဥက္ကဋ္ဌ"

"လူတွေ လာနေတာ မြင်လို့ တဲထဲကနေ ထွက်အပြေး မန္တလေး ကနေ ရန်ကုန်ကို ခုတ်လာတဲ့ အစုန် ရထားနဲ့ တိုက်မိတာ"

ဟု ပြောပြလေသည်။

"ဟုတ် ကျွန်တော်လည်း ရွာမှာတောင် နေချင်စိတ်မရှိတော့ပါဘူး"

"ဟာ ဘာဖြစ်လို့လဲ ကိုရဲထွန်း"

''ကျွန်တော့်သမီးလေး ခုလို ဖြစ်သွားပြီဆိုမှတော့ ရွာမှာ ဘယ်မျက်နှာနဲ့နေရမှာလဲဗျာ"

"အဲ့လိုလည်းမဟုတ်ဘူးလေဗျာ ဘာပဲဖြစ်ဖြစ် တစ်ရွာတည်းနေ တစ်ရေတည်းသောက် ကြီးပြင်းလာသူတွေပဲ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ကူညီဖေးမ ရမယ် ပြုစုပျိုးထောင်ပေးရမှာပေါ့"

ထိုစဉ် သီလရှင်ဆရာမလေးတစ်ယောက် ရောက်လာပြီး

"ဒကာလေးတို့ ဆရာလေး တစ်ခုပြောပါရစေ"

ဟုပြောလေသည်

"တင်ပါ့ဘုရား ပြောပါဆရာလေး"

"ဒကာလေးတို့ ပြောတာတွေ ဆရာလေး အားလုံးကြားပြီးပြီ သမီးလေးအဖြစ်ကိုလည်း အရမ်းသနားမိတယ် ဒါကြောင့် ဆရားလေးတတ်နိင်တဲ့ဘက်က ကူညီပေးပါရစေ"

"ဟုတ်ကဲ့ပါဆရာလေး"

"ဆရာလေးက ဒီမြို့ထဲက ချမ်းမြေ့ပရဟိတ သီလရှင်စာသင်တိုက်ကပါ ဒကာမကြီးတစ်ယောက် နေမကောင်းလို့ လူမမာမေးလာရင်း သမီးလေး အဖြစ်ကိုမြင်လို့ပါ"

"ခုချိန်မှာ ဒကာလေးတို့အားလုံး စိတ်သောက ရောက် ခံစားနေရမယ်ဆိုတာ ဆရာလေး နားလည်ပါတယ် ဒါပေမဲ့ ဖြစ်သမျှကို အရင်ဘဝက အကုသိုလ်ကံ ဝဋ်ကြွေးပါလာလို့ ပြန်လည်ပေးဆပ်ရတယ်လို့ သဘောထားပေးပါ  သမီးလေးကို စော်ကားသူလည်း သူ့အကုသိုလ်ကံ အကျိုးပေးသွားပြီပဲ ဘာကိုမှ အာဃာတ မထားကြပါနဲ့တော့ နောက်ပြီး သမီးလေး နေကောင်းတဲ့အခါ ဆရာလေးကျောင်းမှာ ပြုစုပျိုးထောင်ပြီး အဖိုးတန် ပန်းလေးတစ်ပွင့်ဖြစ်လာဖို့ ဆရာလေးတာဝန်ယူပါတယ် ဒကာလေးတို့သာ ခွင့်ပြုပေးကြပါ"

"တကယ်ပြောတာလား ဆရာလေး"

"တကယ်ပြောတာပေါ့ လဲကျပြိုလဲခဲ့တဲ့ စိတ်ဓာတ်တွေကို ပြန်လည်ပြုပြင်ပေးမယ်

နောက်ပြီး အမျိုး ဘာသာ သာသနာအတွက် အဖိုးတန်မိန်းကလေးတစ်ဦးအဖြစ် ဆက်လက်ရှင်သန်စေရမယ်လေ ဒကာလေးတို့သိအောင် ဆရာလေးပြောရရင် ဆရာလေးလည်း ငယ်စဉ်က ဒီသမီးလေးလို လိင်ပိုင်းဆိုင်ရာ အစော်ကားခံခဲ့ရတယ် ဒါပေမဲ့ ဆရာလေးရဲ့ မိဘတွေ ပတ်ဝန်းကျင်ရဲ့ အားပေးမှုတွေကြောင့် ဆရာလေး ခုလို ဖြစ်လာခဲ့တာပဲ နောက်ပြီး နောက်ထပ် ကလေးသူငယ်တွေအပေါ် ခု လို အဖြစ်မျိုးတွေ အပြုအမူတွေ မဖြစ်ပေါ်လာအောင် အားလုံး ဝိုင်းဝန်းတားဆီးရမှာပေါ့ကွယ်"

ဟု ရှည်လျားစွာပြောလေတော့သည်။

ကိုရဲထွန်းနှင့် မခင်မြလည်း ဆရာလေးကို ဦးချလျက်

"ကျေးဇူးကြီးမားလှပါတယ်ဆရာလေးရယ်"

ဟု ပြောလိုက်လေတော့သည်။

သူတို့နှစ်ဦးမျက်လုံးတွေမှာတော့ မျက်ရည်များရစ်ဝဲလျက် သမီးလေး ပြုမူခံရမှုအတွက် စိတ်သောက ရောက်နေပေမဲ့ သမီးလေး အနာဂတ်အတွက် ပြုစုပျိုးထောင်ဖို့အတွက် အားတွေအပြည့်နှင့်....

ယခုဆောင်းပါးသည် ကျွန်တော်ကိုယ်တိုင်ရေးသားထားသောဆောင်းပါးဖြစ်ပါသည်။မည်သည့်ပြိုင်ပွဲမျှ မပြိုင်ဘူးသေးပါ။

အောင်​ကိုလတ်

ယခု​စာမူကို တစ်​စုံတစ်​ရာ ဖျက်​ခြင်းပြုပြင်​ခြင်း လုံးဝမပြုလုပ်​ထားပါ

No comments