မြန်မာလူငယ်သတင်းစုံ သက်ငယ်မုဒိမ်းမှုပပျောက်ရေးပညာပေးဆောင်းပါး/ဝတ္ထုတိုပြိုင်ပွဲ ပြိုင်ပွဲဝင်ဆောင်းပါး (ခါးသက်ချို)
သက်ငယ်မုဒိမ်းမှုပပျောက်ဖို့ အားလုံးပါဝင်ဆောင်ရွက်စို့
=========================================
ယခုတစ်လော တွင် လူမှုကွန်ယက်စာမျက်နှာပေါ်တွင်ရေးပမ်းအလွန်စားနေသော အကြောင်းအရာတစ်ခု မှာကလးသူငယ် လိင်အကြမ်းဖက်ခံရမှုများ ဖြစ်နေသည်။ တွေ့ရ မြင်ရ ကြားရသည်မှာလည်း လွန်စွာမှ စိတ်မချမ်းမြေ့စရာ ၊ မနှစ်သက်စရာ ၊ စပ်စုတ် ရွံရှာဖွယ်ရာအပြည့်ပင်ဖြစ်သည်။
မြန်မာနိင်ငံသည် အစစအရာရာ ဖွံ့ဖြိုးတိုးတတ်မှု နောက်ကျခဲ့သည် ။သို့သော် ၂၀၁၀ ခုနှစ်နောက်ပိုင်းသက္ကရာဇ်များတွင် နိုင်ငံတော် အစိုးရ၏ တန်ဖိုးနည်း ဖုန်းများကို လူတိုင်းကိုင်ဆောင်နိုင်စေရေး ကြိုးပမ်းဆောင်ရွက်ပေးမှုကြောင့် ဆက်သွယ်ရေး ကဏ္ဍဖွံ့ဖြိုးတိုးတတ်လာခဲ့ရသည်။ ဘေးထွက် ဆိုးကျိုးအဖြစ် လူငယ်လူရွယ်အများအပြား အသုံးပြု ကိုင်ဆောင်နေသော မိုဘိုင်းဟန်းဆက်များတွင် လိင်အသားပေး အပြာ ဇာတ်ကားများ ထည့်သွင်းကြည့်ရှုနိုင်လာခြင်း ဖြစ်ပေါ်လာခဲ့သည်။
အသစ်အဆန်းတစ်ခုတွေ့လျှင် စူးစမ်းလေ့လာလိုသော လူငယ်တို့၏ စိတ်ကို ထိုဇာတ်ကားများက တွန်းအားပေးသလိုဖြစ်ကာ လိင်ပိုင်းဆိုင်ရာ ပြစ်မှုများကို ကျုးလွန်ဖို့ ဖြစ်ပေါ်လာခဲ့သည်။ သို့ဖြစ်၍ အသိဥာဏ် မဖွံ့ဖြိုးသေးသော ကလေးသူငယ်များကို အဓိက ထား လက်တည့်စမ်းခဲ့ကြ၍ ကလေးသူငယ် လိင်အကြမ်းဖက်ခံရမှုများ ဖြစ်ပေါ်ခဲ့ရပါသည်။ ထို့အပြင် အရက်သေစာ သောက်စားခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း စသော အကြောင်းအရာများကြောင့် မြန်မာ့ လူ့အဖွဲ့အစည်း ၊ လူ့ယဉ်ကျေးမှု များနှင့် ဆန့်ကျင်၍ အင်မတန်မှ အရုပ်ဆိုးအကျည်းတန်ခဲ့သော ဖခင်မှ သမီးငယ်ကို အဓမ္မပြုကျင့်ခြင်း၊အစ်ကိုအရင်းမှ ညီမငယ်ကို အဓမ္မပြုကျင့်ခြင်း စသည့် တို့ကို စပ်ဆုတ်ရွံရှာဖွယ် တွေ့မြင်ကြားသိခဲ့ရပါတယ်။
နိုင်ငံတော်၏ ထုတ်ပြန်ကြေငြာချက်များအရ ယခုအခါတွင် ကလေးသူငယ် လိင်အကြမ်းဖက်ခံရမှုသည် တစ်နှစ်ထက်တစ်နှစ်ပိုမိုများပြားလာသည်ကိုတွေ့မြင်နေရပါသည်။ ကလေးသူငယ်များဘဝမှာ လုံခြုံစိတ်ချမှုမရှိတော့သလို ခံစားခဲ့ရသည်။ လိင်အကြမ်းဖက်ခံရသော ကလေးသူငယ်များဘဝမှာ များစွာ ထိခိုက်ခံရပါသည်။ များစွာ စိတ်ဒဏ်ရာ ရစေခဲ့ပါတယ်။
ထို့ကြောင့် ကျွန်ုပ်တို့သည်လည်း မိမိတို့ လက်လှမ်းမှီရာ များတွင် လက်ဆင့်ကမ်းပညာပေးမှုများဆောင်ရွက်ခြင်း များပြုလုပ်၍ ပူးပေါင်းဆောင်ရွက်ကာ ကလေးသူငယ် လိင်အကြမ်းဖက်မှုကို လုံးဝ ပပျောက်အောင်ပြုလုပ်ရမည်ဖြစ်ပါသည်။
ကိုယ်တိုင်ရေးသားသောဆောင်းပါးဖြစ်ပြီးမည်သည့်ပြိုင်ပွဲမည်သည့်စာအုပ်တွင်မျှမဖော်ပြဘူးသေးကြောင်းဝန်ခံကတိပြုအပ်ပါသည်။
ခါးသက်ချို
ပြိုင်ပွဲဝင်ထံမှပေးပို့သောစာမူကို မူရင်းအတိုင်းတင်ပြခြင်းဖြစ်ပြီးတစ်စုံတစ်ရာ ပြင်ဆင်ခြင်းမပြုလုပ်ပါခင်ဗျာ။
Post a Comment