Header Ads

မြန်မာလူငယ်သတင်းစုံ သက်ငယ်မုဒိမ်းမှုပပျောက်ရေးပညာပေးဆောင်းပါး/ဝတ္ထုတိုပြိုင်ပွဲ ပြိုင်ပွဲဝင်ဆောင်းပါး (ဝန)

ဖူးငုံပွင့်ပန်းလန်းဆန်းပါစေ မခြွေလေနှင့်

ပန်းကလေးတို့သည် ဖူးပွင့်လန်းဆန်းခြင်းဖြင့် လောကကို အလှဆင်နေကြသည် ။
အသိဉာဏ်မြင့်မား အဆင့်မြင့်လူသားတို့သည်လည်း လောကကို  ကောင်းကျိုးပြုခြင်းဖြင့် အလှဆင်သင့်သည် ။

ပန်းကလေးတို့သည် သစ်လွင်တောက်ပသောအရောင်အဆင်း   လှပတင့်တယ်သေ အသွင် ပုံဟန်        မွှေးပျံ့ကြိုင်လှိုင်သော ရနံ့လေးများနှင့် လောကကို အလှဆင်နေသည်မှာ 
တစ်ပွင့်နှင့် တစ်ပွင့် ပန်းမျိုးနွယ် တစ်မျိုးနှင့် တစ်မျိုး မတူ ကွဲပြားသော အရောင် အဆင်း ရနံ့လေးများနှင့်  ကိုယ်စီ အရည်အသွေး ပြည့်ဝစွာ လောကအတွက် ဖူး ပွင့် လန်းဆန်းခြင့် အလှဆင်နေသည်မှာ လူသားတို့ စိတ်နှလုးံ ရွှင်ပြုံးနှစ်သက် ကြည်နူးဖွယ် အမှန်ပါ ။

သို့ရာတွင် ပန်းကလေး တစ်ပွင့် ဖြစ်လာဖို့ရာ သေချာလေ့လာ ပါက မလွယ်ကူကြောင်းသိနိုင်သည်
အပင် အရွက် အခက် အဖူး အငုံ အပွင့် အဆင့်ဆင့်  ဖြတ်သန်းခဲ့ရသည်။
ပွင့်ရန် ရည်စူး ပန်းဖူး ငယ်လေးတွေကို  အသိဉာဏ်နဲပါးသူတို့
ခြွေချ ဖျက်ဆီးကြသည်မှာ လောကကို ဖျက်ဆီး လွန်စွာ အကျည်းတန်သော အလုပ်ရပ်သာ။

လောကကိုအလှဆင်ကောင်းကျိုးပြုကြသော လူတို့တွင် ကိုယ်စီ မတူညီသောအရည်အသွေးတို့ဖြင့် ကောင်းကျိုးပြု အလှဆင်လျက်ရှိရာ 
အမျိုးသမီးတို့ကို ပန်လေးများနှင့် တင်စားရပါမူ
အရွယ်မရောက်သေးသော အမျိုးသမီးငယ်တို့သည် ပန်းဖူးငုံလေးများ သဖွယ်သာ။

အရွယ်မရောက်သေးသော
လောကကို ကိုယ်စွမ်း ဉာဏ်စွမ်းဖြင့် အကျိုးပြု အလှဆင်ရန်ြိုးစားနေသော
ပန်းဖူးငုံ (သို့)အရွယ်မရောက်သေးသော အမျိုးသမီးငယ်တို့ကို
အတ္တအမှောင်ဖုးံ၍ ဉာဏ်မျက်လုးံ ကန်းနေသော
မနုဿ ကျား အချို့မှ  အနိုင်ကျင့် ဖျက်ဆီးကြသည်မှာလွန်စွာ အရုပ်ဆိုးအကျည်းတန်လှပါသည် ။

သက်မဲ့ပန်းကလေးများသော်မှ လောကကို အလှဆင်ပေးနိုင်ပါလျက်
သက်ရှိ  အဆင့်မြင့် လူသား အသိဉာဏ်မြင့်မား ဘုရားဆုပန်မင်းယောက်ျား အမည်ခံ အချို့အတ္တ ရာဂ အားကြီး မနုဿ ကျားကြီးများက လောကကိုကောင်းကျိုးမပြု  အဆိုးဆုးံအမှုဖြစ်သော ပန်းကောင်းညွန့်ချိုး အကျင့်ဆိုးနှင့် နှမခြင်းမစာနာ
မဖွယ်မရာ အမူအကျင့် ဖူးငုံပွင့်ကိုခြေဖျက် အရှက်ခွဲ  အသက်သေ နေကြသည်မှာ လွန်စွာ အောက်တန်းကြလှသည် တိရစ္ဆာန်ထက် နိမ့်သည့်အမူအကျင့်ဖြစ်ပေသည်။

ထိုကဲ့ သို့ မပြုမူ  မြင့်မြတ်သူ စိတ်ထားမွေးမြူလို့ ကောင်းကျင့်မူ လက်ကိုင်ထား
လောကအား အကျိုးပြုခြင်းဖြင့်အလှဆင်  မြူကင်းစင် လမင်း အရောင်လင်းသလို မိမိတို့ဉာဏ်အလင်းရောင်နှင့် မကောင်းမှု အမှောင်ကို ဖြိုခွင်းနိုင်ကြပါစေလို့ ဆန္ဒပြုရင်းးးးးး

ဝန

စာမူကို မူရင်းအတိုင်းဖော်ပြခြင်းဖြစ်ပြီး တစ်စုံတစ်ရာ ပြန်လည်ပြုပြင်ခြင်းမရှိပါ။

No comments