Header Ads

စုန်ရေ

"စုန်ရေ"
~~~~~~

"နေကလည်းပူလိုက်တာကွယ်----နာရီတောင်အတော်လင့်နေပြီလားမသိ"

မသိန်းမြ၏ နှုတ်မှတိုးဖွဖွရေရွတ်ညည်းတွားကာ မျက်နှာရှေ့လက်ကာကာဖြင့်

ဦးခေါင်ပေါ်သို့တည့်တည့်ကျနေသော နေလုံးကြီးကို မရဲတရဲမော့ကြည့်လိုက်၏။ကောင်းကင်

ပေါ်မှာ အလျှံညီးညီးဖြင့် ထီးထီးတည်းရပ်တည်နေသော  တစ်လုံးတည်းသောနေမင်းကြီးက

မသိန်းမြလို လမ်းဘေးဈေးသည်တစ်ယောက်ကို ဘဝဘဝမှဝဋ်ကြွေးများကူဆပ်ပေးနေသ

ယောင် ကျောကော့အောင်ပင်ပူလောင်လွန်းလှပေပြီ။

"ဈေးသိမ်းကူမယ့် အငယ်ကောင်လေးကလည်းမလာသေးပါလား"

ကမ္ဘာမီးလောင်နေသည့်အလားအပူရှိန်ကြောင့် အရိပ်ခိုရမည့်အိမ်ကို အမြန်ပြန်ချင်ဇောဖြင့်

အကူရောက်လာမည်ဖြစ်သော သားငယ်ကို
ခပ်လျော့လျော့တမ်းတမိ၏။

အသက်(13)နှစ်ကျော်ကျော် ကြီးကောင်ပေါက်စအရွယ်သားငယ်မှာ တစ်ခါတစ်လေ အပေါင်း

အသင်းတို့ဆွယ်ရာနောက်ကောက်ကောက်ပါကာ မိခင်ကို ဈေးသိမ်းကူရဖို့အရေး မကြာခဏ

မေ့တတ်သူပင်။ သားငယ်အပြင် အသက်(20)အရွယ်၊ အသက်(17)အရွယ်နှင့် အသက်(15)နှစ်

အရွယ်သမီး(3)ယောက်လည်းရှိပေသေး၏။သမီးသုံးယောက်ရှိလင့်ကစား မသိန်းမြဈေးရောင်းနေရာ

သို့ခြေရာပင်မချစေခဲ့။ သူတစ်ပါးအဖီစွန်း၌တာလပတ်အမိုးစုတ်လေးဆွဲကာ ဟင်းသီးဟင်းရွက်

အစိမ်းများတစ်နိုင်တစ်ပိုင်ရောင်းချေရသောဘဝဖြစ်သဖြင့် မျက်နှာငယ်စရာရှိလျှင် မိမိသာ်

တစ်လုံးတစ်ဝတည်းအငယ်ခံတော့မည် ဟူသောမိခင်စိတ်ဓာတ်ဖြင့်သမီးများကိုမိမိဈေးရောင်း

သောနေရာသို့မလာစေခြင်းသာ။သမီးများကလည်း မိခင်စကားကိုပဲနားထောင်လေသလား၊

သူတို့ကိုယ်တိုင်ပဲ မိခင်ဈေးရောင်းကျွေးနေတဲ့အဖြစ်ကို ရှက်၍ပဲလားမသိ။ မှတ်မှတ်သိသိအနေ

ဖြစ် သူတို့ဖခင်ကိုငြိမ်းမောင်ဆုံးသွားပြီး အငယ်ကောင်လေး(1)နှစ်သားကတည်းက

ဈေးရောင်းလာခဲ့တာ ယခုဆို ဆယ်နှစ်ပင်ကျော်ပေပြီ။သမီး(3)ယောက်က ယောင်လို့ပင် ခြေဦး

မလှည့်တတ်ခဲ့ပေ။ဘာပဲဖြစ်ဖြစ်သမီးတွေကိုတော့ မိမိ၏အရိပ်မထင်ဟပ်စေချင်။

သားယောက်ျားလေးကတော့ ထောင်ကျကျ ပြားကျကျ အဆင်ပြေအောင်နေတတ်သူပင်။

အနောက်ဘက်ခြင်းတောင်းထဲမှာ သားသမီး(4)ယောက်စလုံးအကြိုက်ဟင်း

ချက်စရာအမည်စုံတွေဝယ်ထည့်ထားပြီးပေပြီ။အိမ်ရောက်မှ ချက်ပြုတ်ကျွေးမွေးရမည်။

"အမေ့လက်ရာမဟုတ်ရင် ထမင်းစားမမြိန်ဘူးအမေ-----သမီးတို့ဘာသာချက်စားရင် အစပ်အ

ဟပ်တည့်တာမဟုတ်ဘူး----ဆိုင်ဟင်းတွေလည်းမစားချင်ပါဘူး။အမေ့လက်ရာကို ဘယ်ဆိုင်ကမှ

မမှီပါဘူးအမေရယ်" ဆိုသော သားသမီးတွေ၏ ပွဲတောင်းစကားကြောင့် ဈေးမှအပြန် အမောပင်

ကောင်းကောင်းမဖြေနိုင်ဘဲ မီးဖိုအရင်းသို့ဝင်ကာ ထမိန်ရင်လျားဖြင့်

ချက်ပြုတ်လိုက်သေးသည်။ဘယ်လောက်ပင်

မောမော ထမင်းစားစားပွဲ၌ခေါင်းမဖော်တမ်း စားနေကြသော သားသမီးတွေကိုမြင်ရုံဖြင့် မသိန်းမြရင်ထဲမှ အမောအပန်းများက ပိန်းကြာရွက်ပေါ်တွင်ရေမတင်သကဲ့သို့ လျောကျပပျောက်သွား

ရစမြဲပင်။မရချေတော့ပြီ။မခံနိုင်တော့ပြီ။တစ်စစပို၍ပူပြင်းလာသော အပူရှိန်ကို သက်သာလို

သက်သာငြား ခေါင်း၌ပေါင်းထားသော သွားလေသူချစ်ခင်ပွန်း၏ လုံချည်အနွမ်းလေးကို အသာ

အယာချွတ်ကာ တာလပတ်အမိုးပေါ်ထပ်တင်လိုက်သည်။ ခုနတုန်ကလောက်မပူတော့ဘဲ

အပူရှိန်ကအတော်အတန်သက်သာသွား၏။

လူ့ခန္ဓာကိုယ်အစိုင်အခဲအဖြစ် သက်ရှိထင်ရှားမရှိတော့သော်လည်း ကျန်ခဲ့သည့်

အဝတ်အပိုင်းအစလေးနှင့်ပင်ဇနီးဖြစ်သူကိုအေးမြလုံခြုံမှုပေးနေဆဲဖြစ်သော ချစ်ခင်ပွန်း

ကိုငြိမ်းမောင်၏ ဂုဏ်ကျေးဇူးများကို တခုတ်တရသတိရမိကာ ရင်ထဲလှိုက်ကနဲဖြစ်သွား၏။

လုံချည်က အသွေးအရောင်လွှင့်ကာ

အသားမှာပါးလျားနေပေမင့် သူတတ်နိုင်သလောက်၊ သူ့အစွမ်းရှိသလောက်

ကာကွယ်ပေးနေဆဲပင်။ခင်ပွန်းအား သတိရလွမ်းဆွတ်ကာဖြင့် မျက်ဝန်းအိမ်အပြည့်ဝေ့

တက်လာသောမျက်ရည်စများကို ကြမ်းရှရှလက်ဖမိုးဖြင့်ခပ်ဖွဖွ သုတ်ပယ်ရင်းငိုချင်စိတ်ကိုကြိုးစား
ဖြေဖျောက်နေရ၏။ခင်ပွန်းဖြစ်သူဆုံးသွားသည်မှာ သားငယ်လေးတစ်သက်သာသာရှိနေပေမယ့်

မိမိရင်ထဲ မနေ့တစ်နေ့ကလိုနာကျင်ဝမ်းနည်းမဆုံးသေး။သားသမီးတွေကိုလည်း ဖခင်၏

တာဝန်ကျေမှုတွေကို ပြန်ပြောင်းပြောပြရင်း သားအမိတစ်တွေ ငိုပွဲဆင်၍ မဆုံးနိုင်ကြသေးပေ။

တစ်ခါတစ်ရံ၌ သေချင်စိတ်ပေါက်လာတဲ့အထိ ပင်ပန်းလွန်းလာသောအခါ "ကိုငြိမ်းမောင်"

သာရှိလျှင် ဒီလောက်ပင်ပန်းရမယ်မထင်"ဟူသောအားငယ်အတွေးဖြင့် မသိန်းမြတစ်ယောက်တည်း

ငိုပွဲဖွဲ့ခဲ့ရ၏။သွားလေသူကြီး နာမကျန်းစဉ်ကမကြာခဏပြောခဲ့သလို" ကိုငြိမ်းမောင်မရှိရင်

တော့မသိန်းမြ ဒီထက်ပိုပင်ပန်းလိမ့်မယ်။ဒါပေမယ့် အားတင်းထားပေါ့ကွယ်။ကိုယ်တို့သား

သမီးတွေ နဖူးရေ ဒူးရေ ကြည့်ရတာ မိဘကို တစ်ပြန်သိတတ်ကြမယ့်ပုံတွေပါ။ သူတို့ငယ်

တုန်းတော့ခဏအားတင်းထား။သူတို့လုပ်ကျွေးနိုင်တဲ့အခါ မသိန်းမြကို တစ်လှည့်ပြန်စောင့်

ရှောက်လိမ့်မယ်"ဟူသောစကားကို ပြန်ကြားယောင်ကာဖြင့် အရာရာကိုအားတင်းဖြတ်ကျော်

လာခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုကိုကျော်ခဲ့ပါပြီ။ ယခုဆိုလျှင် သမီးကြီးက ဘွဲ့ရပြီးကာ အလုပ်

ရရန်အတွက် လိုအပ်သောသင်တန်းများကို တစ်ခုပြီးတစ်ခုတက်နေပေပြီ။ သမီးလတ်မှာ ဒီနှစ်

တွင်ပထမနှစ်စတက်မည်ဖြစ်ကာ သမီးအငယ်ဆုံးမှာတော့ ဆယ်တန်းဖြေထားလေပြီ။

တစ်ဦးတည်းသောသားအငယ်လေးက ပညာရေးကို စိတ်မပါဘဲ ကျောင်းထွက်မည်တကဲကဲ

ဖြစ်နေ၍  ချော့တစ်ခါခြောက်တစ်လှည့်ဖြင့် ရှစ်တန်းအထိရောက်အောင် အတော်ကြီးပင်

မန်းမှုတ်တက်ခိုင်းထားရ၏။

လေဒဏ်၊နေဒဏ်၊ မိုးဒဏ်ကို ရာသီသုံးပါးစလုံး၌ အလှည့်ကျ

မညှာမတာစတမ်းခံခဲ့ရ၍ယခင်က ဖြူရုံမက ဝါဝင်းနေတဲ့အထိ လှပတင့်တယ်ခဲ့သောမသိန်းမြ၏အသားအရေမှာ အသက်လေးဆယ့်ငါးနှစ်အရွယ်နှင့်မလိုက်ဖက်စွာ

ညိုညစ် မွဲခြောက်နေပေပြီ။မျက်နှာပေါ်ရှိ နေလောင်တင်းတိပ်ကွက်များက နေရောင်ခြည်ဒဏ်ကို

ဆယ်စုနှစ်တစ်စုစာ ကြံ့ကြံ့ခံထားရသော ပြယုဂ်များပင်ဖြစ်လေ၏။ဘယ်လောက်ပဲ ပင်ပန်းပါ

စေ။အနားယူဖို့အရေးကို စိတ်ကူးနဲ့ပင်မတွေးဝံ့ခဲ့ပေ။သမီးကြီးကတက္ကသိုလ်ကို ကျူရှင်တစ်ခု

တွင်guideလုပ်ရင်း တက်ခဲ့၍သာ မိမိမှာ အတော်အသင့်ဝန်ပေါ့ခဲ့ခြင်းဖြစ်သည်။

ယခုနှစ်တွင်ကျောင်းစတက်မည့်သမီးအလတ်က ဒီလိုအရည်အချင်းမျိုးရှိသူမဟုတ်။အကြီးမလောက်

လည်းဥာဏ်မကောင်း။ဆယ်တန်းကိုအမှတ်နည်းနည်းနဲ့အောင်ခဲ့သော်လည်း အနည်းဆုံး

ဘွဲတစ်ခုရတော့သင်ပေးရမည့် မိဘဝတ္တရားအတိုင်း

ပုံမှန်လုပ်နေသောလုပ်အားထက်နှစ်ဆပိုတိုးလုပ်ကာ

ဝင်ငွေကိုရှာနေရသည်။ယခင်နှစ်များက လင်းကြက်တွန်ခါနီးမှ ဈေးကိုထသွားခဲ့ရသော်လည်း

ယခုနှစ်မှာတော့ ဆိုက်ကားသမားဦးလေးကြီးအားကိုးဖြင့်မနက်လေးနာရီကတည်း

ကထပြီး ကုန်စိမ်းဈေးသို့ ဆင်းကာ ရောင်းချမည့်ကုန်များကို သူ့ထက်ငါဦးအလုအယက် သွား

ဝယ်ရ၏။ ကုန်စိမ်းဈေးမှရလာသောကုန်များကို မနက်ခင်း

ရောင်းချရမည့်နေရာသို့ မိုးမလင်းမှီအမြန်ပြန်လာပြီး

ဝယ်သူလာပါက အလွတ်မပေးဘဲ အဆင်သင့်ရောင်းချ

နိုင်စေဖို့ရာခင်းကျင်းရသေး၏။ဈေးနှင့်လည်းမဝေးလှသော

နေရာဖြစ်နေသဖြင့် အတော်အသင့် ဟန်ကျနေပေ၏။အပြောကချိုသလို လက်ကလည်းမခို

တတ်သော မသိန်းမြ၏ဝသီကြောင့် ကုန်စိမ်းဆိုင်လေးက အတော်အသင့်အခေအနေထက်ပိုကာ

အရောင်းသွက်သည့်ဘက်မှာပင်ရှိနေပါသည်။တကယ်ဆိုလျှင် ရောင်းချကူမည့် ကူဖော်လက်လွဲ

တစ်ယောက်လောက် အမှန်ပင်လိုအပ်နေသော်လည်း အပိုကုန်မည်စိုးသဖြင့် မသိန်းမြတစ်

ယောက်တည်းသာ ကြိုးစားပြီးသိမ်းကြုံးလုပ်ခဲ့၏။

ယခုကဲ့သို့ အဆင်ချောနေသော နေရာလေးတစ်ခု ဘုံမ

ပျောက်ဖို့အရေး အိမ်ရှင်ကိုလည်း အောက်ကျို့

ခံကာမျက်နှာချိုသွေးရသေးသည်။ တော်ရုံတန်ရုံ တစ်ဟင်း

စားလောက်ကတော့ အနှမြောမရှိဘဲ "ရော့ဟဲ့----အင့်ဟဲ့"

ဖြင့်လက်ခပ်သွက်သွက်နှင့်ထည့်ပေးလိုက်လျှင် အိမ်ရှင်မှာ

အကျေနပ်ကြီးကျေနပ်ကာ "မသိန်းမြမှ မသိန်းမြ"ဖြင့်

တစ်မြတည်းမြ နေတော့၏။"ထောင်မြင် ရာစွန့်" ဟူသောစကားပုံကို

လည်း အလျဉ်းသင့်သလို အသုံးပြုရသေးသည် မဟုတ်ပါ

လား။ "အကျိုးလိုလို့ ညောင်းရေလောင်းတယ်" ပဲဆိုဆို စေတနာတစ်စွန်းတစ်စကတော့ဖြင့် အမှန်အကန်

ပင်အကျိုးပြန်ပေးတတ်တာကို မသိန်းမြယုံကြည်နေပါသည်။

ဈေးထဲမှဈေးသည်တစ်ချို့ပင် သိမ်းဆည်း၍ပြန်ကုန်ကြပေ

ပြီ။ နေက ဦးခေါင်းပေါ်တင်မက ငယ်ထိပ်အထိပါရောက်

လာခဲ့ပေပြီ။တစ်ရှိန်းရှိန်းထိုတက်လာသောအပူကို မသိန်း

မြအံမတုနိုင်တော့ပြီ။

"ဒီအတိုင်းထိုင်နေလို့တော့ မဖြစ်တော့ဘူး" ဟု

အတွေးရောက်ပြီး ထိုင်ရာမှထကာ လုပ်စရာရှိသည်တို့ကို

ခပ်သွက်သွက်လေးစလုပ်လိုက်တော့၏။
                        ……………………………………

"ဝါးးးးးးဘယ်နှနာရီရှိပြီလဲ။ ဟယ်--(12)နာရီခွဲတော့မယ်။

ဒါကြောင့်ဗိုက်ကအရမ်းဆာနေတာကိုး။အမေလည်းပြန်မ

ရောက်သေးဘူး။ဟဲ့----အခုမှသတိရတယ်---အငယ်

ကောင်လေး----အမေ့ကိုသွားမကြိုသေးဘူးမဟုတ်လား"

ကိုရီးယားကားကြည့်နေသော အစ်မအကြီးဆုံး၏စကား

ကိုကြားလိုက်ရသောအခါမှ Dream bed ပေါ်၌ သက်

သောင့်သက်သာလှဲကာ ဖုန်းသုံးနေသောအလတ်မနှင့်

အိမ်ရှေ့ဧည့်ခန်းတွင်ဝတ္ထုစာအုပ်တစ်အုပ်ဖြင့်ငြိမ့်နေသော အငယ်မလေးတို့လှုပ်လှုပ်ရှားရှားဖြစ်လာကြသည်။

"ဟယ်---ဟုတ်ပါရဲ့။မမကြီးပြောမှ သတိထားမိတယ်။

ဗိုက်တောင်ပိုဆာလာသလိုပဲ။

အငယ်ကောင်ကဘယ်မှာလဲ။အမေ့ကြိုချိန်နောက်ကျနေပြီ

လေ"

အလတ်မကပျစ်တောက်ပျစ်တောက်ပြောကာ မျက်လုံး

ကိုနေရာစုံရွှေ့ပြီး မောင်ဖြစ်သူကိုရှာဖွေလိုက်၏။

တွေ့ပါပြီ။ အိမ်ရှေ့ဝရံတာထောင့်မှာထိုင်ကာ ဖုန်းထဲမှ

ဂိမ်းကို သည်းကြီးမည်းကြီးဆော့နေသည့် မောင်အငယ်

ဆုံးလေး။

"ဟဲ့---အငယ်ကောင်----အမေ့ကိုသွားကြိုဦးလေ။

ဂိမ်းချည်းဆော့မနေနဲ့။နာရီကိုလည်းကြည့်ဦး"

"ဟာ----မမလတ်ကလည်း---ဒီလောက်နေပူနေတာကြီး

ကို---မသွားချင်တော့ပါဘူး။မမတို့လည်းတစ်ခါတစ်လေ

သွားသိမ်းကူကြပါလား။အိမ်မှာဘာအလုပ်မှ မရှိဘဲ တစ်

နေ့တစ်နေ့ တီဗွီကြည့်လိုက်၊ ဖုန်းပွတ်လိုက်၊ဝတ္ထုစာအုပ်

လေးဖတ်လိုက် လုပ်နေကြတာ။ကျွန်တော်ချည်းပဲ နေ့တိုင်း

သွားနေရတယ်။ ကျွန်တော်လည်းတစ်ခါတစ်လေ အေး

အေးဆေးဆေးလေးနေချင်တာပေါ့ဗျ"

"အံမယ်---ကြီးကြီးကျယ်ကျယ်---ကလေးက ကလေးစကား

မပြောဘူး။ငါက ပျင်းလို့မသွားတာမဟုတ်ဘူး။ငါ့အသား

အရည်က နေလောင်ဒဏ်ခံလို့ရတာမဟုတ်ဘူး။ကျောင်း

မှာဆို ငါ့ကိုအသားအရည်လှလို့ဆိုပြီး ဝိုင်းအားကျနေကြ

တာလေ။အသားဖြူတဲ့သူက နေပူဒဏ်မခံနိုင်ဘူးဟဲ့။

အဲဒါကို သဘောပေါက်ထားစမ်းပါ---"

အစ်မကြီးက ကိုယ်ရည်ကိုယ်သွေးအပြီးတွင် အလတ်မက

လည်းတစ်စခန်းထလာပြန်၏။

"အမလေး----မမကြီးရယ်----မမကြီးအသားအရည်ကပဲ

နှူးညံ့အိထွေးလှပနေတာမဟုတ်ပါဘူး။ ညီမအသား

အရည်ကလည်းဒီအတိုင်းပါပဲနော်။နှူးညံ့တဲ့နေရာမှာ

တော့မမကြီးထက်တောင်သာသေးတယ်။ဟိုတစ်ခါက

အပြင်ခဏထွက်တာလေ ထီးယူမသွားမိလို့ နေပူနည်း

နည်းလေးမိလိုက်တာ အသားတွေကွက်ကွက်လေးလောင်

ကုန်လို့ ဆေးခန်းပြေးရသေးတယ်လေ။အဲသလောက်အ

ထိနှူးညံ့တာ----သဘောပေါက်"

အစ်မနှစ်ယောက်အလှပြိုင်နေကြသည်ကို နားသောတဆင်

နေရသော အငယ်မက အာရုံနောက်တယ်ဟူသော

အမူအရာဖြင့် ရှုတည်တည်မျက်နှာထားကို တမင်လုပ်၍ဝတ္ထုစာအုပ်ကိုင်ကာ အိပ်ခန်းထဲနေရာရွှေ့

သွားတော့၏။

အချိန်သာလင့်၍ နေသာမြင့်ခဲ့ပေပြီ။မိခင်ဖြစ်သူကို သွားကြိုဖို့အရေး ခုထက်ထိ

အစီအမံမကျသေးပေ။သူတစ်ခွန်းငါတစ်ခွန်း အပြစ်ဖို့ကြ

ရင်း၊ သူတစ်ပေါက်ငါတစ်ယောက်ငြင်းခုန်ကြရင်းဖြင့်

နာရီလက်တံတွေသာ မွန်းလွဲပိုင်းဘက်သို့ချိန်ခွင်ရှာတစ်

ဝက်ကျိုးခဲ့ပေပြီ။

                          …………………………………

"အမလေး----မောလိုက်တာဟယ်"

ရောက်ရောက်ချင်း အိမ်ပေါ်သို့တန်းမတက်နိုင်သေးဘဲ

သုံးထစ်သာရှိသည့် လှေကားအရင်း၌ ပါလာသော ဈေး

ခြင်းတောင်းကို အသာချပြီး အမောဖြေနေလိုက်၏။

ဆိုင်ကယ်Taxi နှင့်ပြန်လာပါက အနည်းဆုံးငါးရာ

လောက်ကတော့ပေးရပေမည်။၎င်းအစား သမီးနဲ့သားများ

အတွက် ထမင်းစားပြီးလျှင်အချိုတည်းဖို့ရာ မုန့်လေးတွေ

ဝယ်လာခဲ့ပြီး အိမ်သို့ခြေလျင်သာပြန်လာခဲ့၏။

အိမ်တံစက်မြိတ်အောက်ရောက်နေပေမယ့် အပူရှိန်က

ရုတ်တရက် မပြေသေး။ အပူဒဏ်ကြောင့် မျက်လုံးများပင်

မှုန်ဝါးဝါးဖြစ်နေပေပြီ။

ခေါင်းမှာ အုပ်လာသော လုံချည်ကိုအသာဖြေယူကာ

မျက်နှာပေါ်ရှိချွေးများကို သုတ်လိုက်၏။

လှေကားထစ်ပေါ်အားရပါးရထိုင်နားချလိုက်ချင်သော်

လည်း ချက်ပြုတ်ရန်အချိန်လင့်နေပြီဟူသော သတိပေး

အသိက မဆိုင်းမတွတားမြစ်လာသည်။

နား၍မဖြစ်တော့ပေပြီ။ တိတ်ဆိတ်ငြိမ်သက်နေသော

အိမ်လေးပေါ်သို့ ခြေလှမ်းခပ်လေးလေးဖြင့်တက်လာ

ခဲ့၏။

"သားနဲ့သမီးတို့ရေ----အမေပြန်လာပြီကွယ်"

မသိန်းမြအသံပေးလိုက်တော့မှ အလုပ်ကိုယ်စီနှင့် ငြိမ်

ချက်သားကောင်းနေကြသော မောင်နှမလေးယောက်

လှုပ်လှုပ်ရွရွဖြစ်လာကြ၏။

"ဟယ်---မေမေပြန်လာပြီဟေ့----ဒီမှာလေ---မောင်လေးက

အမေ့ကိုသွားမကြိုလို့ သမီးဆူထားသေးတယ်မေမေ"

"ဟာ----မဟုတ်ဘူးနော် မေမေ----မမတွေက ဘာ

မှမလုပ်ဘဲ အပျင်းထူနေကြလို့ သားကဆုံးမထားသေး

တယ်"

"အံမယ်-----နင်ကပြောရတယ်ရှိသေး။တစ်ချိန်လုံး ဂိမ်းချည်း

ထိုင်ဆော့နေတဲ့သူကများ"

"မမကြီးကရော တီဗွီကလာတဲ့ဇာတ်လမ်းတွဲတွေချည်းပဲ
ထိုင်ကြည့်နေပြီးတော့။ မမလတ်ကလည်း ဖုန်းပွတ်ပြီး
ရယ်လိုက်၊ မဲ့လိုက်နဲ့။မမငယ် ကလည်း ဝတ္ထုစာအုပ်ကို
လက်ကမချဘူးမေမေ။သားကအဲဒါတွေပြောတော့ သား
ကို ဝိုင်းမုန်းနေကြတာလေ"

"ဟယ်----ကြည့်စမ်း----ဈေးကမောမောနဲ့ပြန်လာတဲ့အမေ့
ကိုအမောဆို့အောင် ဆီးပြီးတိုင်နေတယ်ပေါ့လေ။နင်
တော့နာတော့မယ်"

သားသမီးလေးယောက်၏ တစ်ယောက်တစ်ပေါက်ဖြင့်

စကားအနိုင်လု တိုင်တောချက်တွေကို ခပ်ပြုံးပြုံးလေးနား

ထောင်နေမိ၏။သားသမီးများ၏တီတီတာတာနှင့် ချစ်စဖွယ်

အမူအရာလေးတွေကပဲ မသိန်းမြအတွက် အင်အားမ

ဟုတ်ပါလား။

"ကဲ----ကဲ---တော်ကြပေတော့။သားတို့အတွက်အမေချက်

ရပြုတ်ရဦးမယ်။ပြီးတော့ အမေတို့သားအမိတွေ အတူ

တူ လက်ဆုံစားကြမယ်။သားတို့သမီးတို့အကြိုက်တွေ

အားလုံးပါလာတယ်။"

"ဟေး----ဒါမှ တို့မေမေကွ"

သားနှင့်သမီးသုံးယောက်က မသိန်းမြကို အလုအယက်

ပွေ့ဖက် ကျီစယ်လိုက်ကြ၏။

မသိန်းမြ၏ချွေးသံတစ်ရွဲရွဲခန္ဓာကိုယ်က ယခုကျမှ လုံခြုံ

အေးမြသွားသလိုပင်။ ကိုငြိမ်းမောင်မဆုံးခင်ကမကြာခဏရွတ်ပြခဲ့သော

"သားတို့ရုပ်ရည်၊ သီတာမည်သား၊ ရေကြည်ချမ်းမြ၊

တစ်ပေါက်ကျက၊ မိဘတို့ဝမ်း၊ ငြိမ်းစတမ်းရှင့်" ဟူသောစာချိုးလေးကိုလည်း

မသိန်းမြ ပြေး၍သတိရလိုက်သေး၏။

မသိန်းမြ၏မျက်ဝန်းတွေက အိမ်နံရံ၌ချိတ်ဆွဲထားသော

သွားလေသူ မိဘနှစ်ပါး၏ဓာတ်ပုံဆီ ရပ်တန့်စိုက်ကြည့်

နေရင်း စိတ်ထဲကနေ အကြိမ်ကြိမ်ဦးချနေမိသည်။

ထိုဓာတ်ပုံလေး၏နံဘေးတွင် သမီးကြီး ဘုရားပွဲဈေးမှ

ဝယ်လာပြီးချိတ်ထားသောကဗျာ လေးတစ်ပုဒ်ရှိနေ၏။

                "မိဘ"

မိဘဆိုတာ…………
ပြောင်းပြန်မစီးတဲ့…………မြစ်။
စုန်ရေသာရှိတဲ့ မိဘတွေအတွက်
အဲဒီပဥာတ်ချက်က
စင်စစ်ဧကန် ခြွင်းချက်မကျန်ခဲ့ပါဘူးလေ။ ။

မနောဖြူ


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments