ငါ့ညီမလေးအိမ်ထောင်ပြုတဲ့အခါ
~~~~~~~~~~~~~~~~~~~~~~~~~~~~
ငါ့ညီမလေး အိမ်ထောင်ပြုတဲ့အခါ
လင်ယောကျာ်း ဖြစ်သူရဲ့
ခေါင်းအုန်း လေးအဖြစ်ကို မရောက်ပါစေနဲ့ ။
ခေါင်းအုန်းဆိုတာ
ညအိပ်ရာဝင်ချိန် မှာပဲ ထိတွေ့အသုံးပြုရတဲ့ပစ္စည်းပါ
မနက်လင်းလို့ အိပ်ရာနိုးတာနဲ့
ခေါင်းအုန်းလေးကို စွန့်ခွာကျတာပါပဲ
ဘယ်သူမှ အဲဒီခေါင်းအုန်းလေးကို
အပြင်သွားလေရာ မယူဆောင်ကျပါဘူး ။
ငါ့ညီမလေး အိမ်ထောင်ပြုတဲ့အခါ
လင်ယောကျာ်းဖြစ်သူရဲ့ လက်မှာအမြဲဝတ်ဆင်ထားတဲ့
လက်ပတ်နာရီလေးတလုံး ဖြစ်ပါစေ။
မိမိလင်သားရဲ့
အလုပ်ချိန်ကိုလည်း ညွန်ပြနိုင်ပါစေ
ထမင်းချိန်ကိုလည်း ညွန်ပြနိုင်ပါစေ
အိမ်ပြန်ချိန်ကိုလည်း ညွန်ပြနိုင်ပါစေ
ပွဲလမ်းသဘင် တက်တဲ့အခါ
အဆင်တန်ဆာ တစ်ခုအဖြစ်နဲ့လည်း
ပွဲလယ်တင့်နိုင်ပါစေ ။။
====================================
Credit to>Kyae Thu Han
ဘဝအတွက်ခွန်အားဖြစ်စေသောစာတိုလေးများ
Post a Comment