Header Ads

အမြဲတမ်းရှိမဲ့အဖြူရောင်ခင်မင်မှုလေး

အမြဲတမ်းရှိမဲ့ အဖြူရောင်ခင်မင်မှုလေး


ဖုန်းထဲမှာ သီချင်းပေါင်းများစွာရှိပေမဲ့
တစ်ကယ်တမ်း နားထောင်ဖြစ်တဲ့
အကြိုက်ဆုံး သီချင်းတွေက
လေး ငါး ပုဒ်ထဲပါ.....။

ဖုန်းထဲမှာ ဖုန်းနံပါတ်ပေါင်းများစွာရှိပေမဲ့
တစ်ကယ်တမ်း ရင်ဖွင့်စကားပြောနိုင်တဲ့
ဖုန်းနံပါတ်က လေး ငါး ခုထဲပါ.....။

ထို့ အတူ
ဘဝမှာ သူငယ်ချင်းတွေပေါပေမဲ့
တစ်ကယ်တမ်း တိုင်ပင်ဖော်ကတော့
တစ်ယောက်နှစ်ယောက်သာ
ရှိလို့နေတတ်ပါတယ်.....။
သူငယ်ချင်း ၁၀ ယောက်က စာအုပ်ကောင်း
တစ်အုပ်နဲ့ ညီမျှတယ်ဆိုရင်
သူငယ်ချင်းကောင်းတစ်ယောက်ကတော့
စာကြည့်တိုက်တစ်ခုနဲ့ ညီမျှတာပါ.....။

ဘဝမှာ သင်ငိုလို့ထွက်သွားသူကို
တမ်းတမနေပဲ သင်ထွက်သွားလို့
ငိုမယ့်သူကိုသာ တန်းဖိုးထားသင့်ပါတယ်။

တစ်ကယ်တော့ သူငယ်ချင်းတွေပေါတာက
အံ့သြဖို့မကောင်းပဲ 
ကိုယ့်အပေါ် နားလည်ပေးနိုင်မဲ့
သူငယ်ချင်းကောင်းတွေ 
အနားမှာ ရှိနေတာကမှ
အံ့သြပျော်ရွှင်ဖို့ ကောင်းတာပါ.....။

ref-သန္တာအောင်

No comments