Header Ads

မီးကျွမ်းပေါင်မုန့်

ကျွန်တော်ငယ်ငယ်တုန်းကပေါ့...
ကျွန်တော့်အမေက ချက်တာပြုတ်တာဝါသနာပါတယ်....
ကျွန်တော်တို့အတွက် တစ်မျိုးမဟုတ် တစ်မျိုးလုပ်ကျွေးနေတာကို မှတ်မိနေသေးတယ်...

တစ်ညမှာတော့ တစ်နေကုန်အလုပ်တွေနဲ့ ပင်ပန်းနေတဲ့အမေက ကျွန်တော်တို့အတွက် ညစာပြင်ပေးနေတယ်...
တော်တော်များများ မီးကျွမ်းနေတဲ့ ပေါင်မုန့်မီးကင်တွေကို ယိုသုတ်ပြီး အဖေ့ရှေ့မှာချပေးတယ်....

ပေါင်မုန့်ချပ်တွေ မီးတူးနေတာကို တစ်ယောက်ယောက်များ သတိထားမိမလားလို့ ကျွန်တော်စောင့်ကြည့်နေမိတယ်...
ဒါပေမဲ့ အဖေကတော့ သူ့ပေါင်မုန့်ကိုစားရင်း ကျွန်တော့်ကို ကျောင်းမှာ အဆင်ပြေရဲ့လားလို့ မေးနေတယ်...

အဲ့ဒီညက ကျွန်တော်ဘာပြန်ဖြေမိလိုက်လဲဆိုတာကို မမှတ်မိတော့ပါဘူး...
ဒါပေမဲ့ ပေါင်မုန့်တွေမီးကျွမ်းသွားတဲ့အတွက် အမေက အဖေ့ကိုတောင်းပန်နေတာကိုတော့ ကျွန်တော်ကြားခဲ့ရတာ မှတ်မိတယ်...
"အချစ်ရယ်... ကိုယ်က ပေါင်မုန့်မီးတူးလေးတွေကို ကြိုက်တယ်လေ...." ဆိုတဲ့ အဖေ့စကားကိုလည်း ဘယ်တော့မှမမေ့ခဲ့ဘူး...

အဲ့ဒီညပိုင်းမှာပဲ အဖေ့ကို အိပ်ခါနီးသွားနမ်းရင်း ပေါင်မုန့်မီးတူးတွေကို အဖေတကယ်ကြိုက်လားလို့ မေးခဲ့တယ်...
အဖေက သူ့လက်နှစ်ဖက်ကြားမှာ ကျွန်တော့်ကို ထွေးပွေ့ရင်း ပြောတယ်...
"သားရဲ့မေမေက တစ်နေကုန်အလုပ်တွေလုပ်ထားတာ ပင်ပန်းနေပြီ သားရဲ့...
ပြီးတော့... ပေါင်မုန့်လေးမီးတူးတာက ဘယ်သူ့ကိုမှ မထိခိုက်ဘူးကွယ့်...
ကြမ်းတမ်းတဲ့စကားတွေကတော့ အဲ့လိုမဟုတ်ဘူးလေ..."

ဘဝဆိုတာ မပြည့်စုံတဲ့အရာတွေ မပြည့်စုံတဲ့လူတွေနဲ့ ပြည့်နှက်နေတယ်ဆိုတာ ခင်ဗျားသိရဲ့လား...

ဘယ်အရာမှာမှ ကျွန်တော်အကောင်းဆုံးမလုပ်နိုင်ဘူး... ပြီးတော့ မွေးနေ့တွေ... နှစ်ပတ်လည်နေ့တွေကိုလည်း တခြားသူတွေလိုမျိုး မေ့တတ်တာပါပဲ...

နှစ်ပေါင်းများစွာကြာတဲ့အချိန်အတွင်း ကျွန်တော်လေ့လာသင့်ယူခဲ့မိတာကတော့ တခြားသူတွေရဲ့ အမှားတွေကို နားလည်လက်ခံပေးဖို့နဲ့ တစ်ယောက်နဲ့တစ်ယောက်ရဲ့ မတူညီနိုင်တဲ့အချက်တွေကို ရွေးချယ်ခွင့်ပြုပေးဖို့ တို့ပါပဲ...
ဒီအရာတွေဟာ တာရှည်ဖွံ့ဖြိုးခိုင်မာတဲ့ ဆက်ဆံရေးတစ်ခု ထူထောင်ပေးနိုင်ဖို့အတွက် အရေးကြီးဆုံးအချက်တွေပဲ ဖြစ်ပါတယ်...

နောင်တ တရားတွေနဲ့ နိုးထဖို့အတွက် ဘဝဟာ တိုတောင်းလွန်းပါတယ်...

သင့်အပေါ် ကောင်းကောင်းမွန်မွန်ဆက်ဆံတဲ့သူတွေအပေါ် ချစ်ခင်ကြင်နာပါ...
သင့်အပေါ် ကောင်းကောင်းမွန်မွန်မဆက်ဆံတဲ့သူတွေအပေါ် စာနာသနားပါ...

အခုချိန်ကစပြီး ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းသွားကြပါစို့

အောင်မြင့်မြတ်(Myanmar Youths)
Credit : ‎နှိုင်းရင့်နွေ


No comments