Header Ads

ချစ်သူထက်မိသားစုကိုပိုချစ်ရတဲ့အကြောင်းရင်း

တစ်နေ့မှာ ကောင်လေးနဲ့ ကောင်မလေးဟာ သစ်ပင်အောက်မှာ ထိုင်ရင်း စကားစမြည်ပြောကြတယ်။

ကောင်လေး - မင်းမိသားစုထက် ငါ့ကို ပိုချစ်လား။
ကောင်မလေး - မချစ်ဘူး။

ကောင်လေး - ဘာလို့လဲ။ ငါမင်းကို အရမ်းချစ်တယ်လေ ဒါပေမယ့် မင်းက မင်းမိသားစုထက် ငါ့ကို ဘာလို့ ပိုမချစ်နိုင်ရတာလဲ။
ကောင်မလေး - ကောင်းပါပြီ။ ကျွန်မရှင့်ကို အရမ်းချစ်ပါတယ်။ ဒါပေမယ့် ကျွန်မမိသားစုထက်တော့ ပိုမချစ်နိုင်ပါဘူး။ ဘာလို့လဲဆိုတာကို ရှင်သိချင်တယ်ဆိုရင် ကျွန်မ ရှင်းပြပါ့မယ်။

ကောင်လေး - ရှင်းပြပါ။

ကောင်မလေး- ကျွန်မ လမ်းစလျောက်တတ်ပြီ ဆိုကတည်းက ကျွန်မနဲ့အတူ တွဲလျောက်ဖို့ အနားမှာ ရှင်မရှိဘူး။ ဒါပေမယ့် ကျွန်မ အမေက ကျွန်မရဲ့ အနားမှာ အတူရှိနေခဲ့တယ်။
ကျွန်မ အပြင်ကို စသွားတဲ့အခါမှာလည်း ကျွန်မလက်ချောင်းလေးတွေကို ကိုင်ပြီး အတူအပြင်သွားဖို့ ရှင် ကျွန်မဘေးမှာ မရှိခဲ့ဘူး။ ဒါပေမယ့် ကျွန်မအဖေဟာ ရှိနေခဲ့တယ်။
ကျွန်မ ငိုတဲ့အခါမှာလည်း ကျွန်မ ကစားဖို့ ရှင်ဟာ အရုပ်လေးတွေ မပေးနိုင်ခဲ့ဘူး။ ဒါပေမယ့် ကျွန်မအကိုဟာ ပေးခဲ့တယ်။ ပြီးတော့ ကျွန်မရဲ့ အစ်မဟာလည်း သူရဲ့ အရုပ်လေးတွေကို
ပေးခဲ့ပါတယ်။
----
မိသားစုထက် အဖိုးထိုက်တန်တဲ့ အခြားအရာ ဘာမှမရှိပါဘူး။
-
---
ကောင်လေးကတော့ မင်းဟာ အမှန်တကယ်တကယ် လှပတဲ့သူပါ။ ဒါကြောင့် ငါမင်းကို အရမ်းချစ်ပါတယ်။

Ref- laughingcolours
ကျော်လင်းနိုင် (ရိုးရာလေး)

No comments