ပဲ့တင်သံ
တနေ့ ဖခင်လုပ်သူမှ ၁၀ နှစ်အရွယ်သားလေးကို လိုဏ်တွေများတဲ့
တောင် နားခေါ်သွားတယ်။ ပြီးတော့ ဖခင်မှ
ဖခင်။ ။ ဟေး...... လို့ အကျယ်ကြီး အော်တယ်။
တောင်မှ ပြန်ပြီး ဟေး.... လို့ ပြန်ထူးတယ်။
၈ နှစ်သားလေးလည်း အံ့သြပြီး ခင်ဗျား ဘယ်သူတုန်း လို့ ပြန်အော်တယ်။
တောင်မှ ပြန်ပြီး ကလေးအော်တဲ့ အတိုင်း ပြန်ထူးတယ်။
ကလေးမှ ပြန်ပြီး အရူးကြီး လို့ ပြန်အော်တယ်။
တောင်လည်း ပြန်ပြီး အရူးကြီးလို့ ထူးတယ်။
ကလေးလည်း အဖေဘက်လှည့်ပြီး အဖေ အဲတာကြီးက ဘာကြီးလဲ
လို့ မေး တယ်။ ဖခင်လုပ်သူလည်း တောင်ဘက်လှည့်ပြီး မင်းဟာ
အောင်နိုင်သူပဲ လို့ အော်တယ်။
တောင်မှ ပြန်ပြီး မင်းဟာ အောင်နိုင်သူပဲ လို့ ပြန်ထူးတယ်။
ကလေးမှ အံ့သြတဲ့ ပုံစံနဲ့ အဖေကို ကြည့်နေစဉ် အဖေလုပ်သူမှ
သားငယ်ကို သား လူတွေက ဒါကို ပဲ့တင်သံလို့ ခေါ်တယ်။ ဒါပေမယ့်
ပဲ့တင်သံဆိုတာ အဖေတို့ လူ့ဘ၀လိုပါပဲ။ သားလုပ်သမျှ ကို ပတ်ဝန်း
ကျင်က ပြန်ပြီး ပဲ့တင် ရောင်ပြန်ဟပ်တယ်။ ပတ်ဝန်းကျင်ကို သားက
မေတ္တာတွေ ပေးရင် ပတ်ဝန်းကျင်က သားကို မေတ္တာတွေ ပြန်ပေးမယ်။
ပတ်ဝန်းကျင်ကို သားက ဒုက္ခတွေပေးရင် ဒုက္ခအများစုလည်း သားဆီ
ပြန်လာမယ်။ သားရဲ့ လုပ်ဆောက်ချက်တွေဟာ အမြဲတမ်း သားဆီ
ပြန်ပြီး ရောင်ပြန်ဟပ်တယ်။ ဒါကြောင့်ဘာပဲ လုပ်လုပ် ပတ်ဝန်းကျင်အတွက်
အမြဲတမ်း ကောင်းကျိုး ဖြစ်ထွန်းစေမဲ့ အရာကိုသာ သားကြိုးစားလုပ်ပါ..
Credit : သုတစွယ်စုံကျမ်း
Post a Comment