Header Ads

ဘဝ


မိုးရွာတဲ့ညတွေဟာသူဌေးတွေအတွက်တော့
ကွေးလို့ကောင်းတဲ့ညပေါ့ ။
သားတို့အတွက်တော့ခြုံစရာစောင်မရှိ အနွေးထည်မရှိ
ဖြတ်သန်းရတဲ့မုန်းစရာညတွေပဲ....

ဆောင်းတွင်းမအေးဘူးဆိုပေမယ့် တစ်ခါတစ်လေ အေး
ချမ်းတဲ့ညတွေကျွန်တော်တို့အတွက်အနွေးထည်မလုံ
လောက်ပြန်ဘူး ...စောင်မရှိ အနွေးထည်မရှိပဲနဲ့ချမ်းချမ်း
စီးစီးအိပ်ရတာပါပဲ...

နွေရာသီလည်းသူများတွေလိုအဲကွန်းတပ်နိုင်ဖို့ဝေးစွ
ပန်ကာတောင်မရှိ ယပ်တောင်လေးတွေကိုပဲအသုံးပြု
ရတယ်....

ကျောင်းလား???
တက်ချင်တာပေါ့ ဒါပေမယ့် စာအုပ်ဖိုးမရှိ ကျူရှင်ခ
မပေးနိုင် မုန့်ဖိုးပဲဖိုးရဖို့ဆိုတာဝေးရော....သူများတွေ
ကျောင်းတက်နေတဲ့အချိန် သားတို့ကအမှိုက်ကောက်
ရတယ် ဈေးရောင်းရတယ်လေ ...

ထမင်းလား ???
ဆိုင်ကြီးတွေမှစားဘူးဖို့ဝေးစွ ...ထမင်းသုံးနပ်မှန်
ရင်တောင်ကံကောင်း....တစ်ချို့သနားတတ်တဲ့လူ
တွေကထမင်းဖိုးမုန့်ဖိုးပေးသွားကြတယ်...တစ်ချို့က
ရွံရှာသလိုလိုနဲ့ကြည့်သွားကြတယ်...တစ်ချို့ကမတူ
မတန်သလိုသားတို့နဲ့ခပ်ခွာခွာနေကြတယ်...

သားတို့လည်းလူပါ...သားတို့ကဘယ်သူ့အပေါ်မှာမှ
မကောက်ကျစ်ဘူး မယုတ်မာဘူး သားတို့ကိုမကူညီ
နိုင်ရင်တောင်ရွံရှာသလိုလိုကြည့်မသွားကြပါနဲ့....။

Nan Mo Khan

No comments