Header Ads

တစ်ကယ်ချစ်တဲ့မိန်းကလေးတိုင်း အဲ့လိုချည်းဘဲ



ချစ်သူသက်တမ်းကြာလာတာနဲ့
မချစ်တော့မှာကြောက်တဲ့ စိုးရိမ်စိတ် မိန်းကလေးတိုင်းမှာရှိတယ်♡

ရန်ဖြစ်တိုင်း ဖုန်းမဆက်နဲ့ပြောပေမယ့်
ဖုန်းကိုရှေ့ချပီး ဖုန်းလာဖို့ဆုတောင်းနေရတဲ့အချိန် မိန်းကလေးတိုင်းမှာရှိတယ်♡

ငါနဲ့နင်ပြတ်ပီလို့ စိတ်ဆိုးပီးပြောပေမယ့်
တကယ်များပြတ်သွားမလားဆိုတဲ့ ကြောက်စိတ် မိန်းကလေးတိုင်းခံစားဖူးတယ်♡

သူနဲ့တွေ့တိုင်း သူလှတယ်လို့ပြောဖူးတဲ့ အကျီ အပြင်အဆင်
ပြင်ဆင်ပီး သူဆီက လှတယ်လို့ပြောတာ
ကြားချင်တဲစိတ် မိန်းကလေးတိုင်းရှိတယ်♡

မိဘတွေရှေ့မှာ ကိုယ့်ချစ်သူနဲ့သဘောတူအောင်
သူရဲ့ကောင်းကြောင်းတွေဘဲ ရွေးပြောတတ်ကြတယ် မိန်းကလေးတိုင်း♡

စတွေ့တုန်းက အကြောင်းအရာတွေကို သူမှတ်ထားတိုင်း
ကိုယ့်ချစ်သူကို ပိုပိုချစ်တဲ့စိတ် မိန်းကလေးတိုင်းဖြစ်တယ်♡

သူနားမှာ ကိုယ့်ထက်ချော ထက်မြတ်တဲ့မိန်းကလေးတွေရှိရင်
သူမသိအောင် အဲ့မိန်းကလေးတွေနဲ့ယှဉ်နိုင်အောင်
ကြိုးစားတဲ့စိတ် မိန်းကလေးတိုင်းရှိတယ်♡

ဘယ်လိုပုံစံနဲ့ လက်ထပ်ချင်တယ်ပြောပြော
သူတတ်နိုင်တဲ့အနေထားနဲ့ လုပ်ပေးမယ်လို့ပြောတိုင်း
ကျေနပ်ပီတိဖြစ်တဲ့စိတ် မိန်းကလေးတိုင်းမှာရှိတယ်♡

သူ့မိဘတွေသဘောကျအောင် အိမ်မှာဘာမှမလုပ်ရလည်း
သူ့အိမ်သွားလည်တိုင်း ဟင်းချက်ကျွေးပီး အမှတ်ယူချင်တဲ့စိတ်
မိန်းကလေးတိုင်းရှိတယ်♡

မရှိဘူး မယုံဘူး မပြောနဲ့♡

တကယ်ချစ်တဲ့မိန်းကလေးတိုင်း အဲ့လိုချည်းဘဲ♡

အဲ့လိုချစ်သူရထားရင်လည်း လက်လွှတ်မခံနဲ့။

......................................
Credit - Khin Yadanar Nwe



အောင်မြင့်မြတ်(Myanmar Youths)

No comments