ပိုင်ဆိုင်ရမှအချစ်မဟုတ်ပါဘူး
တချို့က ပြောကြတယ်...
"အချစ်ကြီးရင် အမျက်ကြီးတတ်တယ်" တဲ့...
ဒါ...အချစ်ကြီးတာ မဟုတ်ပါဘူး
အတ္တကြီးတာပါ...
တကယ်ချစ်သွားတယ်ဆိုရင်
ကိုယ့်အတ္တက သိပ်အရေးမကြီးတော့ပါဘူး...
တကယ်အချစ်ကြီးတဲ့သူတွေက
ဘယ်လို အခြေအနေမှာပဲ ဖြစ်ဖြစ်
အသက်သာ အသေခံသွားမယ်
ကိုယ်ချစ်တဲ့သူကို သိက္ခာကျအောင်
ထိခိုက်နာကျင်အောင် မလုပ်တတ်ကြပါဘူး...
သူစိတ်ချမ်းသာစေဖို့ပဲ အမြဲတွေးပေး
နေတတ် ကြပါတယ်...
ဘယ်တော့မှ အနိုင်မယူတတ်သလို
အရှုံးပေးနေရရင်လဲ ကျေနပ်တဲ့ လူစားမျိုးပါ...
"ပိုင်ဆိုင်ရမှ အချစ်မဟုတ်ဘူး"လို့လဲ
လက်ခံထားတတ်တဲ့ လူစားမျိုးပါ...
အခြေအနေတွေ ဘယ်လိုပြောင်းပြောင်း
မပြောင်းလဲတဲ့ချစ်ခြင်းတွေကို သိမ်းဆည်း
ထားတတ်သူတွေကိုသာ အချစ်ကြီးသူတွေလို့
ခေါ်တာပါ....
Credit: ~Ko Phyo~
အောင်မြင့်မြတ်(Myanmar Youths)
Post a Comment