Header Ads

တစ်ချိန်မှာကိုယ်တို့လက်ထပ်ဖြစ်ခဲ့ရင်


အိမ်ဆိုတာ ကောင်းမွန်လှပတဲ့ အရိပ်လေးဖြစ်စေချင်တယ်
လာလည်တဲ့သူရော နေထိုင်တဲ့သူရော အေးချမ်းစေဖို့
ကိုယ်တို့ အတ္တလေးတွေ မာနလေးတွေ လျော့ချရမယ်

ဘုရားတရားသံလေးတွေနဲ့ ထုံမွှန်းငြိမ်းချမ်းနေရမယ်
မနက်စောစော ဘုရားတူတူရှိခိုးရင် သံသရာအဆုံးထိပေါင်းဖက်ဖို့
ရေစက်တွေဆုံဖို့ နှစ်ဦးသဘောတူ ဆုတောင်းမယ်

အခန်းတိုင်း နေရာတိုင်းမှာ songboxသေးသေးလေးတွေ
မြုပ်လို့ သီချင်းတိုးတိုးလေးနဲ့ စိတ်ကို relax ဖြစ်စေမယ်

စာအုပ်တွေချစ်တဲ့ ကိုယ့်အတွက် မင်းကိုယ်တိုင်ဆောက်ပေးတဲ့
စာအုပ်စင်လေး ရှိနေစေချင်တယ်....
တစ်ချိန် ကြွားဖို့ အကောင်းဆုံးနေရာလေးဖြစ်လာနိုင်တယ်လေ

မုန့်လုပ်တာ ဟင်းချက်တာ ဝါသနာပါတဲ့ ကိုယ်နဲ့
အထူးအဆန်းလေးတွေ စားချင်တဲ့ ပူဆာတတ်တဲ့ မင်း
လိုက်ဖက်ညီအောင် တွဲပေးခဲ့တဲ့ ကံတရားကိုကျေးဇူးတင်ရမယ်

ကိုယ်မီးဖိုခန်းထဲ ဝင်နေတဲ့အခါ မဆိုင်သလိုအပြုမူနဲ့
အိမ်ရှေ့ခန်းထဲ မနေစေချင်ဘူး...
ဘာကူညီပေးရမလဲ မေးစေချင်တယ်
ကိုယ့်ခါးလေးကို ဖက်ထားစေချင်တယ်
နဖူးလေးကို ဖွဖွလေးနမ်းလို့
ကိုယ်လုပ်တဲ့မုန့်ဘယ်လောက်ကောင်းကြောင်း
ချီးကျူးစေချင်တယ်....
ဒါမှလဲ... ကိုယ်အပင်ပန်းခံရကျိုးနပ်မယ်မလား

ခရီးထွက်တာ ဓာတ်ပုံရိုက်တာ ဝါသနာတူခြင်းမို့
အားပြီဆိုတာနဲ့ အမှတ်တရလေးတွေ အကောင်အထည်ဖော်ကြမယ်
အိမ်နံရံအပြည့် ကိုယ်တို့ ပုံလေးတွေ ကပ်ထားမယ်
မင်းကရယ်ချင်ရယ်မယ် ကိုယ်ကမဲ့ချင်မဲ့မယ်
ကြည်နူးနေတဲ့ မျက်လုံးလေးတွေကိုတော့ ဖုံးကွယ်မရတာအမှန်ပါ

အရုပ်လေးတွေ အပြည့်နဲ့ ကိုယ်တို့ အခန်းမျက်နှာကျက်ကို
မှန်ထူထူလေး တပ်ထားမယ်...
နေ့ခင်းဆို တိမ်ထူထူတွေ ငေးပြီး ညဆို ကြယ်တွေကြည့်ကြမယ်

မင်းပင်ပန်းတဲ့အခါ ကိုယ်ရှိသလို
ကိုယ်ပင်ပန်းတဲ့ အခါ မင်းအလိုက်သိစေချင်တယ် ...
အပြင် အလုပ်ကိုစီနဲ့ ငွေရှာနေကြသလို အိမ်မှာလဲ
မိန်းမအလုပ် ယောကျာ်း အလုပ်မခွဲထားရင်
စာနာမှု့ခြင်း နားလည်မှု့ခြင်း ပိုတိုးလာလိမ့်မယ်...

တစ်ခါတစ်ခါ သစ်ပင်ကြီးကြီးပေါ်ထိုင်ပြီး
ကိုယ့်ကို စာအုပ်ဖတ်ပြစေချင်တယ်..
တစ်ယောက်စိတ်ကို တစ်ယောက်ပိုသိဖို့ တိတ်ဆိတ်မှု့ဆိုတာလိုသေးတယ်လေ

အိပ်ရေးမက်တဲ့ကိုယ့်အတွက် ပိတ်ရက်တွေမှာ
နေမြင့်တဲ့အထိ အိပ်တဲ့အခါ ..မငြိုငြင်ပါနဲ့ စိတ်မပျက်ပါနဲ့
ကိုယ့်နဖူးလေးနမ်း ကိုယ်ဆံပင်လေးသပ်လို့ ညင်သာစွာနိုးကြည့်ပါ
ဘယ်လောက် ကြည်နူးဖို့ ကောင်းကြောင်း မင်းခံစားမိလိမ့်မယ်

ကိုယ့်တို့ အိမ်လေးမှာ ...
မဆူညံဘူး မအော်ဟစ်ဘူး မငိုကြွေးဘူး မခနဲ့ဘူး
အတတ်နိုင်ဆုံး ထိန်းချုပ်ကြမယ် ...
ကိုယ်အတွက် အကောင်းဆုံးအဖြေဟာ မင်းဖြစ်သလို
မင်းအတွက် အမှန်ကန်ဆုံး ဖြောင်းဖြမှု့ဟာလဲ ကိုယ်ဖြစ်ပါစေ

တစ်ချိန် ကိုယ်တို့ လက်ထပ်ဖြစ်ခဲ့ရင်..
မင်းနဲ့ တူတဲ့ သားလေး ကိုယ်နဲ့တူတဲ့ သမီးလေး အတွက်
ကိုယ်တို့ အိမ်လေးမှာ နာကျင်တဲ့ အသံ/တူးခါးတဲ့ အမုန်းတွေ
မခံစားမိစေဖို့ အတိတ်တွေလှဖို့ အနာဂါတ်တွေ ကြည်နူးဖို့
ကိုယ်တို့ စတင်လိုက်တဲ့ မိသားစုလေးအတွက်
ကိုယ်တို့ နှစ်ယောက်ပဲ လိုတယ်

Credit to Owner



အောင်မြင့်မြတ်(Myanmar Youths)

No comments