Header Ads

ညီမလေးသို့



ယောက်ျားကောင်း..ဆိုတာ ဆန္ဒထက် သိက္ခာကို ထိန်းသိမ်းတယ်ဆိုပေမယ့်..ဥုပုဒ်ဆောင့်တဲ့ ကျားကတော့..ရှားတယ် ညီမလေး..။ ။ ။

ယောက်ျားကောင်း..ဆိုတာ စကားနည်းတယ်
တော်ကီ မများဘူးဆိုပေမယ့်..အပြောများတဲ့ ယောက်ျားထက် အချို့ စိတ်ထဲက ကြိတ်ပြီး ကြံစည်နေတတ်တဲ့ ယောက်ျားတွေက ပိုပြီး ကြောက်ဖို့ကောင်းတယ် ညီမလေး..။ ။ ။

ဘာကိုမှ အလေးမထား..ဖြစ်သလို နေတတ်တဲ့
ယောက်ျား တစ်ယောက်ထက်.. တည်ကြည်လိုက်တာ ခန့်ညားလိုက်တာဆိုတဲ့ ယောက်ျားတွေက..ကွယ်ရာမှာ ဖင်ပုတ် ခေါင်းပုတ်
လုပ်တတ်တယ် ညီမလေး..။ ။ ။

ညီမလေးရေ..ယောက်ျားတိုင်းကို မယုံနဲ့လို့ ကိုကြီး
မမှာတော့ဘူး..ဒါပေမယ့် ယောက်ျားတိုင်းဟာ အစွယ်ရှိတယ် အဆိပ်ပြင်းတဲ့ ငန်းမြွေ တစ်ကောင်နဲ့ တူတယ်ဆိုတာ ညီမလေး သိပါစေ..။ ။ ။
Credit: မြူ



အောင်မြင့်မြတ်(Myanmar Youths)

No comments