Header Ads

တစ်ကောင်တည်းပါပဲ ဒါပေမဲ့ ခြင်္သေ့



“အချစ်”ဟုတ်လား?
ဒီစကားဒီနေရာမှာတင်ရပ်
ဆက်မပြောနဲ့တော့ . . !!!့

မင်းငါ့အတိတ်ကိုဘယ်လောက်ထိကြားဖူးလို့လဲ?
မင်းပြောတဲ့အချစ်အကြောင်းလား?
လာမမေးနဲ့
က . . .ကြီးကနေ . .အ . .အထိ
ခရေစေ့တွင်းကျနောကျေခဲ့ပြီးသား။

အချစ်အတွက်နဲ့သိုးငယ်တစ်ကောင်လို
ရိုးရိုးရှင်းရှင်းလေးဘဲ
ခံစားခဲ့ဖူးတယ်။

အချစ်အတွက်ဘဲ
မာနတွေခဝါချပြီးအရောင်မဲ့သော
ဖြူစင်မှုနဲ့ယုံကြည်ကိုးကွယ်ခဲ့ဖူးတယ်။

အချစ်အတွက်ဆိုရင်
“သိက္ခာတရား”တွေမျက်ကွယ်ပြုရင်း
ကိုယ်ကျိုးစွန့်ပြီး
တစ်လောကလုံးကလူတွေကို
ရင်ဆိုင်ဖို့မိုက်ရူးရဲသတ္တိတွေ
မွေးမြူခဲ့ဖူးတယ်။

အချစ်ကြောင့်ဘဲ
မိသားစုဝင်တွေသူငယ်ချင်းအပေါင်းအသင်းတွေရဲ့
ရှုံ့ချဝေဖန်သံတွေ
ဆူပူကြိမ်းမောင်းသံတွေ
ထုရိုက်နှက်ခြင်းကိုခံခဲ့ရတဲ့အထိ
ခေါင်းကြောမာစွာအတိုက်အခံတွေလုပ်ခဲ့ဖူးတယ်။

ဟင့် . . !!!
နောက်ဆုံးတော့အဲဒီအချစ်က
ငါ့အတွက်ဘာတွေများပြန်ပြီးပေးဆပ်သွားခဲ့တယ်မှတ်လဲ?့

နာကျင်ကြေကွဲမှုတွေ
ရှက်ရွံ့သိမ်ငယ်ခြင်းတွေ

ဒဏ်ရာမပေါ်ဘဲနှလုံးသားကိုအသေသတ်
သွေးလည်းမထွက်
အနာလည်းမတွေ့
ဒါပေမယ့်ခဏခဏနာကျင်ရလို့
ခဏခဏငိုကြွေးရခြင်းတွေ

နေ့မှန်းမသိ
ိညမှန်းမသိ
စားချိန်မှန်းမသိ
အိပ်ချိန်မှန်းမသိ
အပူသည်ရုပ်နဲ့မြင်သမျှလူတွေရဲ့
အထင်အမြင်တစ်မျိုးနဲ့
အကြည့်ခံရတာတွေ။

အဓိပ္ပါယ်မဲ့တွေဝေမိန်းမောခြင်းတွေ
ပြဿနာမရှိပြဿနာရှာတက်ခဲ့တဲ့
အကျင့်ဆိုးတွေ

နောက်ဆုံးကုန်ကုန်ပြောမယ်ကွာ
တည်ငြိမ်သွားတာလား?
ရင့်ကျက်သွားတာလား?
ရေရေရာရာမသိပေမယ့်

အလကားနေအလကား
လူတွေကိုအခြောက်တိုက်
“သံသယ”ဝင်
အမြင်စောင်း
အပြစ်တွေမြင်
လူတွေနဲ့စကားပြောချင်စိတ်ကုန်ခမ်းလာတဲ့အထိ
တစ်ယောက်တည်းနေတက်သွားတယ်လေ။

အဲဒါအချစ်ရဲ့ဘေးထွက်ဆိုးကျိုးတွေမဟုတ်လို့
ဘာရဲ့ဘေးထွက်ဆိုကျိုးလို့ပြောရအုံးမှာလဲ?

အခုလား?
နေတာတော့တစ်ယောက်ထဲပါဘဲ
ဒါပေမယ့်သိုးလေးတော့မဟုတ်ဘူး။
“ဧကရာဇာခြသေ့င်္”
တစ်ကိုယ်တည်းဘဲနေတာ။

ကိုယ်ဘဲဘုရင်
ကိုယ်ကိုယ်တိုင်ဘဲအမိန့်ပေးသူ
အမိန့်နာခံသူဟာလည်းကိုယ်ကိုကိုယ်တိုင်ပေါ့
ဘယ်သူနဲ့မှအစာလုစရာမလိုသလို
ဘယ်သူနဲ့မှလည်းဂူတစ်ဂူထဲ
နှစ်ကောင်အောင်းရိုးထုံးစံမရှိဘူး။

ဘယ်သူ့ကြောင့်မှ
အစားပျက်စရာမလိုတော့သလို
ဘယ်သူ့ကြောင့်မှလည်း
အအိပ်ပျက်နေစရာအကြောင်းကိုမရှိတော့တာ။

ပျော်ပျော်ကြီးဘဲနေအုံးမှာ
မနက်ဖြန်တွေ
သဘက်ခါတွေ
နောက်နေ့တွေ
နောက်နေ့တွေ
ဟိုးနောက်နေ့တွေထိပေါ့။

ဒါကြောင့်မင်းကိုအချစ်အကြောင်း
လာမပြောနဲ့လို့ပြောတာ။

ငါ့ဘဝမှာအချစ်မလိုတော့ဘူး
အချစ်ကသေသွားပြီ။

ထပ်ပေါ်လာစရာလည်းအကြောင်းကိုမရှိတော့တာ။

အသေချာဆုံးအဖြေတစ်ခုက
“ဧကရာဇာခြသေ့င်္”ဘဝနဲ့ငါ့ဘဝကို
တစ်ကိုယ်တည်းဖြတ်သန်းဖို့ဆုံးဖြတ်ထားပြီးပြီမို့ပါ။

အမြဲတမ်းသောငါ့ခံယူချက်က
“တစ်ကောင်တည်းဘဲဒါပေမယ့်ခြသေ့င်္”

Credit : လဝန်းဖြူ



အောင်မြင့်မြတ်(Myanmar Youths)

No comments