Header Ads

အခက်အခဲကိုရောင့်ရဲခြင်းနဲ့မရပ်တန့်ပါနဲ့



ကြိုစားနေတဲ့လူငယ်တစ်ယောက်အတွက် ရင်ဆိုင်ရတဲ့ အခက်အခဲ ၊ အတားအဆီးတွေဆိုတာ ရှိကြစမြဲပါ ။ ဒီလိုကြုံလာတဲ့အခါ ရင်ဆိုင်ဖြေရှင်းနိုင်တဲ့စိတ်ခွန်အားတွေ ၊ ကြိုးစားမှုတွေမရပ်တန့်အောင်

တွန်အားပေးနိုင်မှုတွေ ၊ အောင်မြင်မှုကို ဆာလှောင်နေတဲ့ စွမ်းအားတွေရှိဖို့ အရေးကြီးပါတယ် ။ ဒီလိုမှမဟုတ်ပဲ အရာရာကို ရောင့်ရဲပြီး လက်ရှိအနေအခြေအနေကိုပဲ သဘောကျ နှစ်သက်နေလိမ့်မယ်

ဆိုရင်တော့ ကျွန်တော်တို့ရဲ့ တိုးတက်ရာတိုးတက်ကြောင်းတွေကို ကိုယ်ကိုတိုင်ရပ်တန့်လိုက်သလိုပါပဲ ။

ကျွန်တော်တို့ လူငယ်တွေဟာ မိမိရဲ့မိသားစု ၊ ကိုယ့်ရဲ့ ပတ်ဝန်းကျင်၊ နိုင်ငံတစ်ခုရဲ့စီပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ အနာဂတ်အတွက် အရေးပါသူတွေပါ ။ ဒါတွေကို လက်ခံယုံကြည်ထားတယ်ဆိုရင် ရှေ့ဆောင်လမ်းပြဖြစ်တဲ့ လူကြီးတွေကလည်း မှန်မှန်ကန်ကန်လမ်းပြဖို့နဲ့ စိတ်စွမ်းအားတွေမြှင့်တင်ပေးနိုင်ဖို့လိုပါတယ် ။

ဒါကိုအချို့သောလူတွေက ကြိုးစားမှုကို လောဘအဖြစ်သတ်မှတ်ပြီး လူငယ်တွေအပေါ် အချိန်မတန်သေးပဲ ရောင့်ရဲခြင်းအကြောင်းတရားတွေနဲ့ နှစ်သိမ့်ပေးလေ့ရှိကြပါတယ် ။ ရောင့်ရဲခြင်းမရှိရဘူးဆိုလို့ လောဘ ၊ ဒေါသတွေ များနေရမယ်ဆိုလိုခြင်းလဲမဟုတ်ရပါဘူး ။

ရောင့်ရဲခြင်းဆိုတာ ကိုယ်ချင်းစာတရားနှင့် လိုအပ်မှု ၊ မလိုအပ်မှုတွေကို ကိုယ်ကိုတိုင် ဝေဖန်ပိုင်းခြားနိုင်ခြင်းသာ ဖြစ်ပါတယ် ။

Credit ခွန်နေ(ရွှေအင်းလေး)



အောင်မြင့်မြတ်(Myanmar Youths)

No comments