Header Ads

တိတ်တဆိတ်

ကုမုဒြာ၊ ညမွှေးပန်း၊ စပယ်ခရမ်း၊ Morning Glory စတဲ့ပန်းတွေဟာ 

ညအချိန်မှာပွင့်တဲ့ ပန်းဖြစ်တယ်။ 

ကမ္ဘာမြေကြီး အိပ်မောကျချိန်၊ လူတွေအိပ်မက်မက်ချိန်မှာ သူတို့ဟာအစွမ်း

ကုန်ပွင့်လန်းနိုင်ဖို့ ကြိုးစားနေချိန်ဖြစ်တယ်။

လှလှပပ ပွင့်ထားတဲ့ ပန်းပွင့်ကိုပဲ လူတွေတွေ့မြင်ကြတာ၊ အဲဒီလို ပွင့်ဖို့ ပန်း

တစ်ပွင့်တိုင်းရဲ့ ကြိုးစားရုန်းကန်မှုကိုတော့ ညကပဲသိပါတယ်။

ပန်းပွင့်တဲ့အချိန်မှာ ပန်းဟာ ဆိတ်ဆိတ်ငြိမ်ငြိမ်၊ အသံမထွက်၊ ဘယ်သူ့ကိုမှ

မပြောဘဲ ပွင့်လန်းတယ်။ 

ဘယ်ပန်းကမှ သူပွင့်ခါနီး လှုပ်လှုပ်ရှားရှား ဖြစ်တာမျိုး၊ အော်ကြီးဟစ်ကျယ်နဲ့  

“ငါ ပွင့်တော့မယ်… ငါ ပန်းပွင့်တော့မယ်” လို့ မအော်ဘူး။

တကယ်လို့ လူက ပန်းတစ်ပွင့်ဖြစ်ခဲ့ရင် ဆိတ်ဆိတ်ငြိမ်ငြိမ်ပွင့်လန်းတတ်တဲ့လူ 

ဘယ်နှယောက်များရှိနိုင်မလဲ ...


Credit - နိုင်းနိုင်းစနေ






အောင်မြင့်မြတ်(Myanmar Youths)

No comments