Header Ads

စံနှုန်းရှိသင့်ကြသည်

စံနှုန်းရှိသင့်​ကြသည်
     
         စံနှုန်းဟူ​သော Standardသည်​ ​နေရာတကာတွင်​ ရှိ​မေရပါမည်​။ ရှိ​နေသင့်​ပါသည်​။ ဘွဲ့ရသူ အ​ရေအတွက်​သည်​ Quantitative measures သာဖြစ်​၍ အရည်​အချင်း ကို ကိုယ်​စားပြုသည်​ မဟုတ်​ပါ။ ဘွဲ့ရခဲ့ကြသူ အချင်းချင်း မည်​သူက မည်​မျှ လုပ်​​ဆောင်​နိုင်​သည်​ဟူ​သော အရည်​အ​သွေး Quanlitative measures ကသာ ပို၍​ခေတ်​သစ်​နှင့်​ အံဝင်​ကြောင်း ​တွေ့လာရပါသည်​။ ထို့​ကြောင့်​လည်း အ​မေရိကန်​​ခေတ်​လွန်​တွင်​ တရုတ်​တို့အ​ပေါ် စိုးရိမ်​မှုမှ အ​တော်​အတန်​ ​ပြေ​ပျောက်​သင့်​သ​လောက်​ ​ပြေ​ပျောက်​ခဲ့ကြပြီး အ​မေရိကန်​​တွေကသာ ​နောက်​ထပ်​အနှစ်​ ၂၀မက ကမ္ဘာ​ကြီးကို ဆက်​လက်​ဦး​ဆောင်​​နေဦးမည်​ ဟူ​သော မှတ်​ချက်​ကို ချခဲ့ခြင်းဖြစ်​သည်​။ အဘယ်​​ကြောင့်​ဆို​သော်​ မဟာဘွဲ့ရသူ အ​ရေအတွက်​တွင်​ တရုတ်​တို့က အ​မေရိကန်​ ထက်​ လွန်​ခဲ့​သော်​လည်း အရည်​အ​သွေးပိုင်းဆိုင်​ရာ​တွင်​ အ​မေရိကန်​အင်​ဂျင်​နီယာတစ်​ဦး၏ စွမ်းရည်​ သည်​ တရုတ်​အင်​ဂျင်​နီယာ၆ဦး၏ စွမ်းရည်​နှင့်​ ညီမျှသည်​ဟူ​သော သု​တေသနများအရ အ​ဖြေထွက်​ခဲ့​သော​ကြောင့်​ ဖြစ်​သည်​ ။
   သို့ဆိုလျှင်​ အ​မေရိကန်​အင်​ဂျင်​နီယာတစ်​ဦး၏ စွမ်းရည်​သည်​ မြန်​မာအင်​ဂျင်​နီယာ ဘယ်​နှစ်​ဦး၏ စွမ်းရည်​ ဖြင့်​ ညီမျှသနည်း ဟူ​သော ​မေးခွန်း သည်​ ကိုယ့်​လူမျိုးအတွက်​ အလိုလို​​ရောက်​လာရ​တော့သည်​။ အ​မေရိကန်​ဘွဲ့ရတစ်​ဦး က မြန်​မာဘွဲ့ရဘယ်​နှစ်​ဦးဖြင့်​ ညီမျှသနည်းဟူ​သော သု​တေသနကို ဆက်​လက်​လုပ်​​ဆောင်​သင့်​သည်​ဟု မြင်​လာရသည်​။ ကိုယ့်​အ​ခြေအ​နေမှန်​ကို သိ၍ မည်​မျှ ကြိုးစားရဦးမယ်​ မည်​မျှဆည်းပူးရ​ပေဦးမည်​ ဟူ​သော အသိကို ရရှိမည်​ ဖြစ်​သည်​။ ​ကျေနပ်​နိုင်​​သောအဆင့်​ အ​ခြေအ​နေ မဟုတ်​​သေးသည်​မှာ​တော့ ​သေချာပါသည်​ ။ မည်​မျှ ဖြည့်​ဆည်းရမည်​ဟူ​သော အချက်​ကို ထင်​ထင်​ရှားရှား ရှိ​နေဖို့ လိုသည်​ဟု ယုံကြည်​ရပါသည်​ ။
        Yi Mon Htet Htet Aung


No comments