Header Ads

မိုက်မဲဆုံးလက်ထပ်ခြင်း


လက်ထပ်ခြင်းဟာ ယောက်ျားတစ်ယောက် အတွက် "ပိုင်ဆိုင်ခြင်း" လို့ 

အဓိပ္ပါယ်ရပေမယ့် မိန်းမတစ်ယောက် အတွက်တော့ "ပိုင်ဆိုင်ခံရခြင်း" 

လို့ပဲ အဓိပ္ပါယ်ရတယ်။

ဘာဖြစ်လို့လဲဆိုတော့ "တစ်မယား ၊ တစ် လင်" ထုံးတမ်းရှိပေမယ့်

"တစ် လင် ၊ တစ် မယား" ထုံးတမ်း မရှိတဲ့ ကိုယ်တို့ ပတ်ဝန်းကျင်မှာ 

မိန်းမတွေဟာ သူတို့ ချစ်တဲ့ ယောက်ျားကို လက်ထပ်ထိန်းမြားခြင်း ဥပဒေနဲ့ 

တစ်ဦးတည်းပိုင် အဖြစ် ထိန်းချုပ်ထားခွင့်မရနိုင်လို့ပဲ။

လက်ထပ်ခြင်းဟာ ကြိုးတစ်ချောင်းဖြစ်တယ်ဆိုရင် ဒီကြိုးဟာ လင်ယောက်ျားကို 

ချည်တဲ့ ကြိုးမဟုတ်ပဲ ဇနီးကိုသာ ချည်နှောင်ထားတဲ့ ကြိုးပဲ။

ဒါနဲ့များတောင် ယောက်ျားတွေရဲ့ အနှောင်တည်းခံ သားကောင်ဖြစ်ခွင့်ရဖို့ 

အရေး ကိုယ်တို့မိန်းမတွေဟာ တောင်းဆိုအသနားခံနေရသေးတယ်ဆိုတော့ 

ဒါဟာ မိုက်မဲတာလို့ ကိုယ်ရှုံ့ချခဲ့ဖူးပါတယ်။

ဒါပေမယ့် အခုတော့ ကိုယ်ဟာ ကမ္ဘာပေါ်မှာ အမိုက်မဲဆုံး မိန်းမ ဖြစ်ခဲ့ပြီပေါ့။


Credit - ဂျူး



အောင်မြင့်မြတ်(Myanmar Youths)

No comments