Header Ads

သင်္ကြန်ပွဲ





ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ရေးသားသော ဆောင်းပါးဖြစ်ပါသည်။
@@@@@@@@@@@@@@@@@@@@

မြန်မာပြည်က ဧပြီလရဲ့ရက်စက်မှုကတော့ နေရဲ့ ချစ်ချစ်တောက်အပူရှိန်နဲ့ ၀င်းဝင်းတောက်ထိန်နေတဲ့ အလင်းရောင်နဲ့ဆိုင်ပါတယ်။ လူတွေရဲ့အင် အားတွေ၊ စွမ်းအားတွေကို ယုတ်လျော့အားနည်းစေတဲ့အတွက် ကွဲအက်နေတဲ့မြေကြီးပမာ တစ်ကိုယ်လုံးပူချစ်နေပြီး ပင်ပန်းနွမ်းနယ်စေ ပါတယ်။ ဒီလိုပူပြင်းခြောက်သွေ့တဲ့လမှာပဲ ကျွန်မတို့မြန်မာလူမျိုးတွေ ရဲ့ နှစ်သစ်အချိန်ကျရောက်ပါတယ်။ ပူပြင်းခြောက်သွေ့မှုနဲ့ လိုက်ဖက်ညီစွာ ပဲ နှစ်သစ်ကူးအခါသမယကို ရေသဘင်ပွဲခင်းပြီး ဆင်ယင်ကျင်းပကြပါတယ်။

ဒီပွဲတော်ရဲ့ နာမည်ကတော့ “သင်္ကြန်ပွဲတော်”ပါပဲ။ သင်္ကြန်ဆိုတာ ကူးပြောင်းခြင်းကို ဆိုလိုပါတယ်။ သင်္ကြန်မှာ မဟာ (ကြီးမြတ်သော) ဆိုတဲ့စကားလုံးကို တစ်ခါတစ်ရံ တွဲဖက်သုံးလေ့ရှိပါတယ်။ နှစ်ဟောင်း ကုန်လို့ နှစ်သစ်ကို ကူးပြောင်းတာဟာ ကြီးကျယ်တဲ့ပြောင်းလဲမှုဖြစ်တဲ့ အတွက် ပွဲလမ်းသဘင်တွေ ဆင်ယင်ကျင်းပကြလို့ မဟာဆိုတဲ့စကားလုံးကို သုံးတာ ဖြစ်ပါတယ်။ ဒါတင်မကပါဘူး။ ကျွန်မတို့တစ်တွေ “အတာ” (ပြီးဆုံးခြင်း)ဆိုတဲ့ စကားလုံးကိုလည်း သုံးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီပွဲတော်ဟာ နှစ်ဟောင်းရဲ့နောက်ဆုံးလေးရက်မှာကျင်းပပြီး အဲဒီမှာ အတာရေကို တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ပက်ကြလောင်းကြ ပါတယ်။

ဒီလို အပြန်အလှန်ရေပက်လောင်းကြတာဟာ ငြိမ်းချမ်းတဲ့ အထိမ်း အမှတ်၊ သာယာဝပြောတဲ့အထိမ်းအမှတ်၊ အညစ်အကြေးတွေကို ဖယ်ရှားပစ် တဲ့ အထိမ်းအမှတ်ပါပဲ။ ဒါပေမဲ့ သင်္ကြန်မှာ ရေပက်ရုံ၊ ပျော်ပါးကြရုံ အဓိပ္ပာယ်တစ်ခုတည်း မကပါဘူး။ နှစ်သစ်မရောက်ခင် နှစ်ဟောင်း ရဲ့နောက်ဆုံးရက်တွေမှာ ကုန်ခဲ့တဲ့နှစ်ကို ပြန်သုံးသပ်ပြီး ကုသိုလ်ကောင်းမှုတွေပြုကြ ယူကြတာတွေလည်း ရှိပါတယ်။ တချို့သူတွေက သင်္ကြန်အခါအတွင်းမှာ တရားစခန်းဝင်ပြီး တရား ထိုင်ကြ၊ စေတီ ဘုရားပုထိုး၊ ကျောင်းကန်များကိုသွားပြီး ရှိခိုးပူဇော်ကြ၊ ရှစ်ပါးသီလဆောက်တည်ကြ၊ ငါးလွှတ်၊ ငှက်လွှတ်တာတွေလုပ်ကြ၊ တခြားကုသိုလ်ကောင်းမှုတွေကိုလည်း ပြုလုပ်ကြပါတယ်။

(ဒေါ်အောင်ဆန်းစုကြည်)

Eternal Light Magazine
.
Credit ... Eternal Light Magazine (April 2013)



အောင်မြင့်မြတ်(Myanmar Youths)

No comments