မိဘတွေသဘောမတူတဲ့သူကိုလက်ထပ်သင့်ပါသလား?
တကယ်တော့ ကိုယ်လက်ထပ်တဲ့သူဟာ မိဘတွေကြည်ဖြူသဘောတူမယ်
ဆိုရင်တော့ ပိုကောင်းပါတယ်။ အရင်ဆုံး မိဘတွေကဘာကြောင့်သဘော
မတူတာလဲ။ မိဘတွေရဲ့ အတ္တကြောင့်လား။ ချစ်သူရဲ့အားနည်းချက်တွေ
ကြောင့်လား။ အဲ့ဒီအားနည်းချက်တွေက မိဘတွေနဲ့ပြန်လည်ညှိနှိုင်းလို့ရမယ်
ပြုပြင်နိုင်မယ်ဆိုရင်တော့ အချိန်ယူညှိနှိုင်းပြီးမိဘတွေနားလည်လက်ခံတဲ့
အထိစောင့်ဆိုင်းလက်ထပ်သင့်ပါတယ်။ မိဘတွေရဲ့အတ္တကြောင့် လက်မခံ
တာဆိုရင်တော့ ချစ်သူကိုလက်ထပ်လိုက်ပါ။ မိဘတွေဆိုတာ အချိန်ကြာကြာ
သားသမီးကို ပစ်မထားနိုင်ပါဘူး။
ဒီလိုတွေမဟုတ်ဘဲ ကိုယ့်ချစ်သူကို မိဘတွေလက်မခံနိုင်တဲ့အချက်က အရမ်း
ကိုဆိုးဝါးတယ်။ သူ့မှာမကောင်းတဲ့အကျင့်စရိုက်တွေရှိနေတာကြောင့်ဆိုရင်
တော့ လက်ထပ်ဖို့ မသင့်ပါဘူး။
မုန်း (BeeTalk)
အောင်မြင့်မြတ်(Myanmar Youths)
Post a Comment