Header Ads

ယောကျာ်းလေးတစ်ယောက်ကချစ်မိရင်



ချစ်သူကို ဂရုစိုက်လာလိမ့်မယ်
အနမ်းလေးတွေကို မက်မောလာလိမ့်မယ်
အရာရာစိတ်ပူလာလိမ့်မယ်
သူ့အလိုထက် ချစ်သူ့အလိုကိုဖြည့်ပေးဖို့ ကြိုးစားနေလိမ့်မယ်
လမ်းခွဲစေမယ့် စကားမျိုးကိုရှောင်လိမ့်မယ်

ဝမ်းနည်းတတ်လာလိမ့်မယ်
ချစ်သူရဲ့ချစ်တယ်စကားကို အချိန်ပြည့်ကြားချင်နေလိမ့်မယ်
ဘယ်သူလာမေးမေး ချစ်သူကို ကြွားချင်စိတ်လေးဖြစ်လိမ့်မယ်
တခါတခါ ဆရာကြီးလုပ်လိမ့်မယ်
တခါတခါ ကြောင်လေးတစ်ကောင်လိုဖြစ်နေလိမ့်မယ်

ချစ်သူကဖုန်းဆက်ရင်
ပြောချင်နေတဲ့ စကားတွေရင်ထဲပြည့်ကြပ်နေလိမ့်မယ်
ချစ်သူနူတ်ဖျားလေးက ကျသမျှ နူတ်မိန့်ကို လိုက်နာလိမ့်မယ်

မုန်းတယ်လို့ ခဏ ခဏ ( မကြားအောင် )
တစ်ယောက်တည်းကြိတ်အော်လိမ့်မယ်
မနေနိုင်လို့ သူပဲနောက်ဆုံးချော့လိမ့်မယ်

သံသယတွေကို သူတစ်ယောက်တည်းကြိတ်ခံစားလိမ့်မယ်
ချစ်သူငြိုငြင်စေမယ့် အရာမှန်သမျှရှောင်လိမ့်မယ်
ချစ်သူကို ကာကွယ်ပေးချင်လာလိမ့်မယ်
ချစ်သူကို ပျော်ရွှင်စေချင်နေမိတယ်
ချစ်သူဘက်က အမြဲရပ်တည်နေမိတယ်

ပြီးနောက် သူအူတိုလာလိမ့်မယ်
မေးခဲ့ရင်တော့
ဒါပေမယ့် တတ်နိုင်သလောက် ငြင်းလိမ့်မယ်
အနာဂတ်ရဲ့ အိမ်လေးကို စိတ်ကူးနဲ့အမျိုးမျိုး တည်ဆောက်လိမ့်မယ်
တွေးလိုက် ပျော်လိုက်နဲ့ဘဝလေးကို သူကြည်နူးနေလိမ့်မယ်
ကပ်စေးနည်းတတ်တယ့် စရိုက်လေးလည်း
သိသိသာသာပျောက်သွားလိမ့်မယ်

ချစ်သူက လွမ်းတယ်ပြောရင်
စိတ်လွတ်တဲ့ထိ ပျော်လိမ့်မယ်
ချစ်သူကများ နမ်းရင်
အချိန်ပြည့်တွေးလိုက် ကျေနပ်လိုက်ဖြစ်နေလိမ့်မယ်

မနက် နေ့လည် ည
မအားတယ့်ကြားက စာအဆက်မပြတ်ပို့လိမ့်မယ်
ချက်ချင်းစာပြန်မပို့ရင်
အမျိုးမျိုးတွေး အမျိုးမျိုးစိတ်ပူ
အမျိုးမျိုးသံသယဖြစ် အမျိုးမျိုးပေါင်းစုံတွေး
အမျိုးမျိုးဒေါသထွက်
နေမထိ ထိုင်မသာ
ဘာမှလုပ်မရဖြစ် တွေ့ရင်ပြောမယ်ဆိုပြီး
ဒေါသစကားတွေ စီထားလိမ့်မယ် .
ဒါပေမယ့် ချစ်သူက
ချစ်တယ်တစ်ခွန်းပြောလိုက်တာနဲ့ ချက်ချင်းအကုန်မေ့ပျောက်သွားလိမ့်မယ်

ဒါတွေအားလုံးဖြစ်ပါလိမ့်မယ်
ယောက်ျားလေးတစ်ယောက်က
မိန်းကလေးတစ်ယောက်ကိုချစ်မိသွားတဲ့အခါ . . . မှာပေါ့ ။

‪Credit: ‎ကိုလင်း‬

ဟုတ်လို့လား :P



အောင်မြင့်မြတ်(Myanmar Youths)

No comments