Header Ads

သံယောဇဉ်ကြိုးလေးတစ်မျှင်

တစ်ခါတုန်းကပေါ့ ။ အသက်ဆယ်ခြောက်နှစ်အရွယ် ကောင်လေးနဲ့ ကောင်မလေး တို့ဟာ အင်တာနက်မှာတွေ့ရင်း တစ်ယောက်ကို တစ်ယောက် ခင်သွားခဲ့ကြတယ် ။ ကောင်မလေးကတော့ New York မှာနေပြီး ကောင်လေးကတော့ England မှာနေပါတယ် ။ ကြာလာတော့ တစ်ယောက်နဲ့ တစ်ယောက် အရမ်းခင်သွားတယ် ။ အနေဝေးပေမဲ့လည်း တစ်ယောက်ရဲ့ အကူအညီကို တစ်ယောက်ကကူညီလိုက်ဆိုတော့  မိတ်ဆွေတွေလိုဖြစ်လာကြတယ် ။

(တစ်ယောက်အပေါ်တစ်ယောက်သံယောဇဉ်တွေတွယ်မိတယ်ဆိုရင်လည်း မမှားဘူးပေါ့ :D)

တစ်ညမှာတော့ သူတို့ ဟာ Online မှာတွေ့ရင်း စကားတွေပြောကြတယ် ။  

♦ ကောင်မလေး ။      ။ ငါနင့်ကို တစ်ခုခုပြောသင့်ပြီလို့ ငါထင်တယ် ......

   ကောင်လေး ။      ။ အင်း ပြောလေ ဘာပြောမလို့လဲ  ........

♦ ကောင်မလေး ။       ။ ငါနင့်အပေါ်သံယောဇဉ်တွယ်နေမိပြီ ။

   ကောင်လေး ။      ။ ငါလည်းဘဲ နင့်ကိုချစ်နေမိပြီ .... 

ကောင်လေး (Offline) ဖြစ်သွားတဲ့အချိန်မှာ တော့ ကောင်မလေးက ငိုပြီးစဉ်းစားမိတယ် ။ ငါမှားပြီလား သူငယ်ချင်း ဆိုတဲ့ အဖြူရောင်ပု ၀ါလေးကို ငါဖျက်ဆီးခဲ့မိပြီလား ........ အဲသည်ညမှာပဲ ကောင်လေးက ကောင်မလေးဆီကိုဖုန်းဆက်ခဲပါ့တယ် .......

♦ ကောင်မလေး ။      ။ ဟဲလို .. ?

   ကောင်လေး ။      ။ ဟေးးးးး ငါပါ .....

♦ ကောင်မလေး ။      ။ ငါအခုစိတ်ညစ်နေတယ် ကောင်လေးရယ် ...... 

   ကောင်လေး ။      ။ ဘာလို့စိတ်ညစ်နေတာလဲ ငါလည်း နင့်ကိုချစ်တာပဲ .....

♦ ကောင်မလေး ။      ။ ဟုတ်လို့လား ? ငါတို့ ဘယ်တော့မှတွေ့ကြမှာလဲ (သက်ပြင်းချရင်း) ငါ့မိဘတွေက သည်အချိန်မှာ ငါ့ကိုဘယ်မှမပေးသွားဘူး ... ငါ ကျောင်းတတ်ရဦးမှာလေ . စာမေးပွဲတွေဖြေရဦးမယ် .....

 ကောင်လေး ။       ။ ငါနားလည်ပါတယ် ......ငါလည်း နင့်လိုပဲ ကျောင်းတတ်ရဦးမယ်လေ ငါ့မိဘတွေလည်း အခုချိန်မှာ ငါ့ကို New York မပေးသွားလောက်ဘူး ငါလည်း နင့်နဲ့တွေ့ချင်ပါတယ် ဟာ (သက်ပြင်းချရင်း)

♦ ကောင်မလေး ။      ။ နင်ငါ့ကို စောင့်နိုင်မှာလား ?

   ကောင်လေး ။      ။ ငါစောင့်နိုင်ပါတယ် .... နင်တဲ့အတူနေဖို့ နှစ်ပေါင်းများစွာကိုငါစောင့်နေမှာပါ ....ကောင်မလေးရယ် ...ငါနင့်ကိုအရမ်းချစ်တယ်....

♦ ကောင်မလေး ။    ။ ငါလည်းနင့်ကိုချစ်တယ် ......(ဖုန်းချ လိုက်သည်)

နှစ်အတော်ကြာသောအခါ ........................

တစ်နေ့မှာ သူတို့နှစ်ယောက် ဟာ Online မှာပြန်လည်တွေ့ရင်း စကားပြောဖြစ်ကြသည် ...

♦ ကောင်မလေး ။      ။ ငါစာမေးပွဲတွေပြီး ကုန်ပြီ ပိုက်ဆံတွေလည်း တော်တော်စုမိပြီ ! (၀မ်းသာအားရစွာဖြင့်ပြောလိုက်သည် )

   ကောင်လေး ။      ။ ငါလည်း အတူတူပဲ ငါတို့ အပြင်မှာတွေ့ကြရအောင်.....

♦ ကောင်မလေး ။     ။ ဟုတ်ပြီ ဘယ်ချိန်မှာတွေ့မှာလဲ ........

( အပြင်မှာတွေ့ဖို့ အတွက် အစီအစဉ်များကို နှစ်ယောက်သားတိုင်ပင်ခဲ့ကြသည် )

ရက်အနည်းငယ်ကြာသောအခါ ............... ကောင်လေးမှာ လေဆိပ်(Airport) သို့သွားလျှက် ကောင်မလေးအလာကိုစောင့်နေခဲ့တယ် (ပီတိတွေအပြည့်နဲ့ပေါ့ ) အဲသည်အချိန်မှာ လေဆိပ်မှာ ရှိတဲ့ တီဗီ(TV) မှ ရုတ်တစ်ရက်သတင်းတစ်ခု(Breaking News)ကို တွေ့လိုက်တယ် .... (New York မှ England သို့ဆိုဒ်ရောက်မည့် လေယာဉ်မှာ လမ်းခရီးတွင်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး လူပေါင်းထောင်ကျော်သေဆုံးကြောင်း သိခဲ့ရပါတယ် )

ကောင်လေးဧ။် ပါးပြင်မှ မျက်ရည်များ လိမ့်ဆင်းလာသည် .... ကောင်လေးမှာ ၀မ်းနည်းစွာဖြင့် အိမ်ကိုပြန်ခဲ့တယ် .... အဲသည်ညမှာပဲ ကောင်လေးဟာသူ့ကိုသူ အဆုံးစီရင်လိုက်တယ် ....

နောက်တစ်နေ့မနက်မှာပဲ ကောင်လေး မိဘများကို အိပ်ခန်းထဲမှာ အသက်ကင်းမဲ့စွာ အိပ်နေသော သူတို့ဧ။် သားကိုတွေ့လိုက်ရတယ် ...

(လက်ထဲမှာတော့ ကောင်မလေးရဲ့ ဓာတ်ပုံတစ်ပုံနဲ့ စာရွက်လေးတစ်ရွက်ကိုကိုင်ထားဆဲ)

စာရွက်လေးထဲမှာ ရေးထားတာတော့ " ငါတို့ အချစ်ဟာ နောက်ကျခဲ့ပြီ " တဲ့

ကောင်မလေးဧ။် မိဘများလည်း ကောင်မလေးအခန်းကို သိမ်းဆည်းတဲ့အချိန် ကောင်မလေးရဲ့ နေ့စဉ်မှတ်တမ်း(ဒိုင်ယာရီ) ထဲမှာ ကောင်လေးဓာတ်ပုံ နဲ့ စာလေးအနည်းငယ်ကိုတွေ့လိုက်မိတယ် အဲစာလေးက " တစ်ကယ်လို့ငါသေသွားခဲ့ရင်တောင် နင့်ကိုတွေ့ချင်တယ် " တဲ့ နောက်ဆုံးတော့လည်း သူတို့နှစ်ယောက် ဟာ တွေ့ခဲ့ကြပါတယ်  ... လှပတဲ့ " ကောင်းကင်ဘုံ " ကြီးမှာပေါ့ ......

Credit - အိပ်မက်ကောင်းကင်





ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments