Header Ads

စွန်ရဲအင်း(သို့)နှစ်သက်မိသောနေရာ



<<< Zawgyi Version >>>


စွန်ရဲအင်း တဲ့ .....










မြန်မာ့ပုံရိပ်နဲ့အတူ မြန်မာ့အလှအပ ဗဟုသုတတွေကို

 ကြည့်ရှုခံစားကြရအောင်...


(ပို့စ် အဟောင်းများကို ပြန်လည်ဖတ်ရှုလိုပါက ဒီကိုနှိပ် ပါ။)



















<<< Unicode Version >>>


စွန်ရဲအင်း တဲ့ .....

မန္တလေး - ကျောက်ဆည် လမ်းမကြီးကနေ သွားရတာ ... ရွှေသိမ်တော် ဘုရား မရောက်ခင်လေးပဲ .. ဘဲလင်း ကျောက်ပြားဆပ်ရုံ ဆိုလား .. အာ့လမ်းလေးကနေ အရှေ့ကို တက်သွားလိုက် ......

လမ်းက ကတ္တရာလမ်း တစ်ဝက် မြေသားလမ်း တစ်ဝက် . သိပ်တော့ မကြမ်းဘူး . ဖုန်နဲနဲ ထရုံလောက်ပဲ ..... မိနစ် ၂၀ လောက် ဆို ရောက်ပြီ ....

အရမ်းကြီး ထူးခြားတာမျိုး မဟုတ်ပေမယ့် ... ရောက်သွားတဲ အခါ စိတ်တွေပေါ့ပါး ပျော်ရွှင်သွားတာတော့ အမှန်ပဲ .... 

ဆိုင်ဆိုလို့ ငါးကင် . လက်ဖက်သုတ် ဂျင်းသုတ်နဲ့ ထမင်းဆီဆမ်း ရောင်းတဲ့ ဆိုင် တစ်ဆိုင်တော့ရှိတယ် ... Beer ဘာညာ ကတော့ အပြင်က ပါဆယ်သာ ဆွဲသွား ...

ပြီးရင် လှေငှား တစ်ယောက် ၁၅၀၀ တဲ့ ကျွန်တော် ကတော့ ၂၀၀၀ ပေးခဲ့တယ် အရမ်း သဘော ကောင်းလွန်းလို့ လှေလှော်တဲ့ ဦးလေးကြီးတွေက .... လှေငှားပြီးတာ နဲ့ လိုက်ပို့ပေးလိမ့်မယ် ... ကြာပန်းတောထဲ ... အာ့မှ စိတ်ရှိလက်ရှိ စိတ်တိုင်းကျ ရိုက်ပေတော့ ... ဟီး အားမနာ နဲ့ နော် စိတ်လွတ်ကိုယ်လွတ်သာရိုက် လှေလှော်ပေးတဲ့ ဦးလေးကြီးတွေ အရမ်းသဘောကောင်းတာ ..... ကျွန်တော့်သာကြည့် ... 

သေချာတာ တစ်ခုကတော့ ခင်ဗျားတို့ အဲဒီရောက်ရင် ပျော်သွားမှာပါ .......


Credit : Cristriano Chilli



ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments