Header Ads

ချစ်သူတွေတစ်ယောက်နဲ့တစ်ယောက် စိတ်ဆိုးနေရင်ဘာတွေလုပ်သင့်သလဲ?






ချစ်သူတွေ စိတ်ဆိုးကြပီဆိုရင် ကောင်လေးဘက်က စိတ်ဆိုးတာဖြစ်နိုင်သလို ကောင်မလေးဘက်က စပီး ရစ်လိုက်လို့လည်း
စိတ်ဆိုး စိတ်ကောက်တာတွေဖြစ်နိုင်ပါတယ်။

ဒီအခြေအနေမှာ နှစ်ယောက်လုံး တင်းနေကြမယ်ဆို အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်တတ်ပါတယ်နော်…

ကောင်လေးဘက်ကဘဲ အလျှော့ပေးနေရတယ် ဆိုတာ ရေရှည်မှာ အဆင်မပြေတွေ ဖြစ်လာနိုင်ပါတယ်…

ချစ်သူတွေ အဆင်မပြေ ဖြစ်ကြပီဆို အောက်ပါအချက်လေးတွေ လုပ်သင့်ပါတယ်…

- ကိုယ့်ဘက်က မှားနေမှန်းသိရဲ့နဲ့ မသိမသာမနေပါနဲ့ ။စိတ်ရှည်ရှည်နဲ့ ပြန်ချော့ပါ။

- နှစ်ယောက်စလုံး အတွက် အရမ်းအရေးကြီးတဲ့ အကြောင်းအရာဆို အချိန်မဆွဲဘဲ ကိုယ့်ချစ်သူကို ရှင်းပြပေးပါ။

- အတတ်နိုင်ဆုံး ကိုယ့်ချစ်သူအပေါ် နားလည်မှုလေးထားပါ။

- အထင်လွဲစရာတွေ သံသယဖြစ်စရာတွေက ချစ်သူဘဝကို ပြိုကွဲစေတတ်လို့ စိတ်ရှည်ရှည်နဲ့ ရှင်းပြပေးပါ ။

- ကိုယ့်ချစ်သူကို "ဘာလို့ ခဏခဏ ရစ်နေတာလဲ "လို့ မပြောမိပါစေနဲ့ ။ သူက ကိုယ့်ကို အရမ်းလွမ်းလာလို့ ရစ်တာပါ။ ဒါကို ကိုယ်က သိထားရင် သူအလွမ်းပြေအောင် အမှတ်တရလေးတွေ ပြန်ပြောပြလိုက်ပါ ။ သူ တန်းပီး စိတ်ဆိုးပြေသွားပါလိမ့်မယ်…

- ကိုယ့်ချစ်သူက စိတ်ပူလို့ မှာနေရင် မလိုလားတဲ့ ပုံစံမပြပါနဲ့။ စိတ်ပါလက်ပါနဲ့ နားထောင်ပါ …

- ချစ်သူတွေ စိတ်ကောက်ရင် အကြာကြီး မကောက်သင့်ပါဘူးနော်…

- နောက်ဆုံးတစ်ချက်ကတော့ ချစ်သူနှစ်ယောက်ကြား ဘာပြသနာပဲဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက် ချစ်နေကြတယ်ဆို လမ်းခွဲဖို့ လုံးဝ မဆုံးဖြတ်ပါနဲ့။

Written By: လင်းလင်းမောင်



ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments