Header Ads

ဘဝလက်တွဲဖော်ဆိုတာ တည်ငြိမ်တဲ့ အရွယ်တစ်ခုမှာ စတွေ့တတ်တယ်


လက်တွဲဖော်ဆိုတာမျိုးက ကိုယ့်ဘေးနားမှာ 'တောက်တဲ့' တစ်ကောင်လို မခွဲဘဲ အမြဲနေပေးတတ်တယ်။ ကိုယ်လည်း အတူတူပါပဲ။ သူနဲ့ ရှိနေရင် ပျော်တယ်။ သူနဲ့စတွေ့ပြီးတာနဲ့ တခြားသူတွေအပေါ်မှာ သူ့လောက်စိတ်မ၀င်စား တော့ဘူး။ ပြီးတော့ အနာဂတ်ကို ဖန်တီး တည်ဆောက်ဖို့အတွက် အလုပ်အကိုင်တွေ ကိုယ်စီရှိနေတဲ့ သူတစ်ယောက်ပါ။ သူ့အလုပ်လေးနဲ့ သူ့ဘာသာသူ ရှု့ပ်နေတတ်သလို ကိုယ်နဲ့လည်း မကြာခဏတွေ့ပြီး ကိုယ့်ကို အချိန်ပေးတတ်သူပေါ့။ 

ဒါထက် ကိုယ့်သူငယ်ချင်းတွေ သူ့သူငယ်ချင်းတွေကလည်း ကိုယ်တို့နှစ်ယောက်တွဲနေတာကို တရားဝင်သိနှင့်ပြီးသား ဖြစ်နေကြတယ်။ ပြောချင်တာက အသိုင်းအ၀ိုင်းတစ်ခုရဲ့ အစိတ်အပိုင်းလေးထဲ ၀င်စပြုနေပါပြီ။ ရင့်ကျက်တဲ့ အရွယ်မို့ စိတ်ကောက်တာတွေနည်းပြီး နားလည်မှုကများမယ်။ Relationship တစ်ခုက ပျော်စရာကောင်းနေပြီး ဘေးလူဝင်တာနည်းလာမယ်။ 

ဒါထက်ထက် လက်ထပ်ဖို့အတွက်ကို မကြာခဏဆွေးနွေး တိုင်ပင်တတ်လာတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ မကောင်းတဲ့ အမူအရာလေးတွေကို လူကြီးဆန်ဆန် ပြောပြတတ်တယ်။ ညှိနှိုင်းတတ်လာပြီး သူ့အားနည်းချက်တွေကို အားမနာတမ်း ပြောတတ်လာတယ်။ ရန်ဖြစ်တာတွေ နည်းသထက် နည်းလာတယ်။ ရန်ဖြစ်ပြီးသွားရင်လည်း အလိုလိုနေရင်း စိတ်ကောက်ပြေသွားကြတယ်။ ဘယ်သူပြစချော့ရယ်မှ မဟုတ်ဘူး။ စိတ်ပူပေးတဲ့အခါတွေမှာ သူ့နားကို ရောက်လာတတ်တယ်။ လက်တွေ့ကျကျ ပြုစုဂရုစိုက်ပေးတတ်တယ်။ 

ဒီလိုအခြေအနေတွေနဲ့ အနည်းဆုံး ကိုက်ညီနေရင်တော့ ဘ၀လက်တွဲဖော်ဖြစ်ဖို့ သေချာနေပါပြီ ..


‎Credit - LuAh‬(Aung Khin Sitt)








ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments