Header Ads

ခံစားဖူးလား.,ဖြစ်ဖူးလား



စာရိုက်နေရင်း မျက်ရည်လေးတွေ ဝဲလာတာမျိုး
ခံစားဖူးလား....?

ရင်ထဲက ခံစားချက်တွေမြိုသိပ်ရင်း ဘာမှမဖြစ်ပါဘူး
အဆင်ပြေပါတယ်လို့ ဖြေခဲ့တာမျိုး
ခံစားဖူးလား....?

မီးစိမ်းလေး မြင်ပြီး သူ ငါ့ကို ခေါ်မလားဆိုပြီး စောင့်နေတာမျိုး
ဖြစ်ဖူးလား....?

သူ တင်တဲ့ status လေးကြည့်ပြီး စိတ်ပူနေတာမျိုး၊ သဝန်တိုနေမိတာမျိုး
ကြုံဖူးလား.....?

သူ့ဓာတ်ပုံလေးကို ထုတ်ကြည့်ရင်း အရမ်းပဲလွမ်းနေမိတာမျိုး
ခံစားဖူးလား....?

သူ့မီးစိမ်းလေး ပျောက်ကွယ်သွားတဲ့အထိ ထိုင်ကြည့်ပြီး ဒေါသထွက်နေတာမျိုးတွေ
ကြုံဖူးလား.....?

သူ ဘယ်သူနဲ့ Q နေမလဲဆိုပြီး တွေးမိရင်း မျက်ရည်စီးကျလာတာမျိုး
ကြုံဖူးလား....?

သူ လိုင်းပေါ်မတက်တာ ကြာလာတော့ နေမထိ ထိုင်မရ ဖြစ်တာမျိုး
ခံစားဖူးလား.....?

သူ့ cb ကို message လှမ်းပို့တော့ ရောက်သွားပေမယ့်
Replyတန်း ပြန်မလာလို့ အရမ်းဝမ်းနည်းမိတာ ၊ အရမ်းစိတ်တိုမိတာမျိုး
ဖြစ်ဖူးလား.....?

သူ့ ဓာတ်ပုံ cover photo ကို like တွေအများကြီးပေးပြီး
ရိသဲ့သဲ့ com တွေဖတ်ရင်း အရမ်းစိတ်တိုမိတာမျိုး
ဖြစ်ဖူးလား.....?

ကိုယ်နေမကောင်းဖြစ်နေတော့ သူ့ဆီက ဂရုစိုက် နွေးထွေးတဲ့
စာလေးတစ်စောင် ၊
ဖုန်းလေး တစ်call ရောက်မလာလို့ အရမ်းမကျေမနပ်ဖြစ်မိတာမျိုး
ခံစားဖူးလား....?

အပြန်အလှန်စာရိုက်ကြရင်း စာပို့တာကြာနေလို့ အတွေးမျိုးစုံနဲ့
မယုံသင်္ကာ ဖြစ်မိတာမျိုးတွေ
ကြုံဖူးလား.....?

အပြန်အလှန်စိတ်ကောက်ကြရင်း နှစ်ဦးစလုံးက မာန တွေကြောင့်
မီးစိမ်းပျောက်ကွယ်သွားတဲ့အထိ စမခေါ်ဘဲ ထိုင်ကြည့်နေတာမျိုး
ဖြစ်ခဲ့ဖူးလား.....?

နှစ်ဦးစလုံးအပြန်အလှန် "စ" ကြရင်း စိတ်ခုသွားကာ နုတ်မဆက်ဘဲ
လိုင်းပေါ်က ဆင်းသွားတာမျိုးတွေ
ဖြစ်ဖူးလား.....?

ရယ်မောပျော်ရွှင်စွာ ပြောနေကြရင်း မခေါ်ဘဲနေနိုင်လားဆိုပြီး
တစ်ယောက်ကို တစ်ယောက် စိန်ခေါ်ရင်း ပြိုင်ပွဲလေးတစ်ခု လုပ်မိခဲ့တာမျိုး
ဖြစ်ဖူးလား.....?

ချစ်သူကို အထင်လွဲပီး ပြောချင်ရာ ပြောပီးမှ သူ့မီးစိမ်းလေး ပြန်စိမ်း
လာတဲ့အထိ ရင်တခုန်ခုန်နဲ့ စောင့်နေမိတာမျိုးတွေ
ခံစားဖူးလား.....?

ချစ်သူကို အရမ်းရစ်ခဲ့ပြီး ၊ရန်လုပ်ခဲ့ပြီးမှ ငါ များလွန်သွားပီလားဆိုပြီး သနားနေတာမျိုး
ခံစားဖူးလား.....?

ချစ်သူတိုင်း အားလုံးမဟုတ်ရင်တောင် အနည်းအများတော့ ကြုံဖူး၊
ခံစားခဲ့ဖူး၊ ဖြစ်ခဲ့ဖူး ကြမယ်လို့ ယူဆပါတယ်။

လေးစားစွာဖြင့် ♥ ♥ ♥
ဇင်းနစ် မကွေး

Ph....cd


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments