Header Ads

အချစ်တွေပေးသော်လည်း




ကိုယ်ချစ်တဲ့သူက ကိုယ့်ကို ဘာလို့ ပြန်မချစ်တာလဲတဲ့.. ဒီလိုအဖြစ်မျိုးလေးတွေ
ရံဖန်ရံခါ ကြားရတတ်ပါတယ်။ အမှန်တော့လေ ကိုယ်က စွဲစွဲလန်းလန်းနဲ့ 
ချစ်မြတ်နိုးနေပေမယ့်လဲ တဖက်လူက ကိုယ့်ကို လုံးဝစိတ်ထဲထည့်လို့မရတဲ့
အခြေအနေမျိုးတွေ ရှိတတ်ပါတယ်။ ကိုယ် ဒီလောက်တောင် ချစ်ရက်နဲ့ ကိုယ့်ကို
တချက်ကလေးမှ ပြန်မကြည့်ဘူးဆိုပြီး အပြစ်ပြောလို့ မရပါဘူး။ ဘာလို့လဲဆိုတော့
ဒါက သူ့ရွေးချယ်ခွင့်ပါ။ သူသဘောကျတဲ့သူကို ရွေးချယ်ပိုင်ခွင့် သူ့မှာ အပြည့်ရှိပါ
တယ်။ 
အဲ့ဒီတော့ ကိုယ်ချစ်တဲ့သူက ကိုယ့်ကို ပြန်ပြီးမချစ်တာက ပြန်မချစ်နိုင်တဲ့ 
အကြောင်းတစ်ခုခု ရှိပါလိမ့်မယ်။ အဲ့ဒီအကြောင်းအရာကို ကိုယ်က သိအောင်ပဲ
ကြိုးစားရမှာပါ။ ကိုယ်ချစ်နေတဲ့ ကောင်မလေးက ကိုယ့်ကို ငြင်းရတဲ့အကြောင်းရင်း
ကိုတော့ သိအောင် လုပ်နိုင်ရမှာပေါ့။ အကြောင်းအရင်းကိုသိမှ သူချစ်လာအောင် 
ဘယ်လိုနည်းနဲ့ ကြိုးစားမလဲဆိုတဲ့ အဖြေကိုသိမှာပါ။ ကိုယ့်ဖက်က အမျိုးမျိုးကြိုးစားတာ
တောင်မှ သူ့ဖက်က ဘယ်လိုမှလက်မခံနိုင်ဘူးဆိုရင်တော့ သူ့ရဲ့သဘောထားကို 
နားလည်လက်ခံပေးနိုင်ဖို့ လိုပါတယ်။ ကိုယ်ချစ်တဲ့သူရဲ့ရွေးချယ်မှုကို အလေးထားပြီး 
လက်ခံပေးရမှာပါ။

ရွှေရသော်(BeeTalk)


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

No comments