နှောင်းနောင်တ
စစ်ပွဲအပြီး အိမ်ကိုပြန်လာရတော့မယ့်စစ်သားလေးက သူ့မိဘတွေဆီကို သူပြန်လာတော့
မယ့်အကြောင်း ဖုန်းဆက်အကြောင်းကြားခဲ့ပါတယ်။
"အမေ နဲ့ အဖေ -----သဘက်ခါလောက်ဆိုရင် သားအိမ်ကိုပြန်လာရတော့မယ်"
"ကောင်းတာပေါ့သားရယ်-----အမေတို့ကလည်းသားကိုတွေ့ချင်လွန်းလို့မျှော်နေ
ရတာပဲကွယ်"
"ဟုတ်ကဲ့----သားတစ်ခုတော့ကြိုခွင့်တောင်းပါရစေ။ သားနဲ့အတူ သားသူငယ်ချင်း
တစ်ယောက်ကိုပါ တစ်ခါတည်းခေါ်လာခဲ့ချင်တယ်"
"ခေါ်လာခဲ့လေ သားရဲ့-----သားရဲ့သူငယ်ချင်းက မေမေတို့သားပဲပေါ့"
"သားကအားနာလို့ပါမေမေ----သူကဖြေတစ်ဖက်နဲ့လက်တစ်ဖက်ပြတ်နေတဲ့ ဒုက္ခိ
တ တစ်ယောက်ဖြစ်နေလို့ပါ"
"ဘုရားရေ-----ဒါဆိုရင်တော့ မဖြစ်နိုင်ဘူးသားရေ----ဒုက္ခိတတစ်ယောက်ကို အိမ်ပေါ်ခေါ်
တင်ထားဖို့ဆိုတာလွယ်တာမှတ်လို့။ သူ့ရဲ့ဝေယျာဝစ္စကအစ မေမေတို့ကလိုက်လုပ်
ပေးနေရမှာလေ။ဘာမှအသုံးမကျတဲ့လူပိုတစ်ယောက်ကို ဒုက္ခခံပြီးပြုစုထားဖို့ဆို
တဲ့ သားရဲ့စိတ်ကမိုက်မဲလွန်းလှပါတယ်ကွယ်။သူ့ထိုက်နဲ့သူကံပဲပေါ့။သူ့ဘဝနဲ့သူပဲ
ရှိပါစေသားရယ်----သားတစ်ယောက်တည်းပဲ မေတေို့ဆီပြန်လာခဲ့ပါကွယ်"
"ဟုတ်ကဲ့ ပါမေမေ"
သားဖြစ်သူက စိတ်ပျက်အားလျော့နေတဲ့လေသံဖျော့ဖျော့နဲ့ဖုန်းချသွားခဲ့ပါတယ်။
အဲဒီလိုဖုန်းဆက်ပြီးတော့ သူပြောထားတဲ့သဘက်ခါလည်းရောက်ရော သူ့မိဘတွေ
ဆီ သူတာဝန်ကျရာမြို့ မှ ရဲမှူးကဖုန်းဆက်အကြောင်းပါတယ်။
"ဝမ်းနည်းပါတယ် ခင်ဗျား------လူကြီးမင်းတို့ရဲ့သားဟာသူနေတဲ့ဆေးရုံပြတင်း
ပေါက်ကနေ ခုန်ချပြီးကိုယ့်ကိုယ်ကိုယ်သတ်သေသွားခဲ့ပါပြီ"
မိဘတွေကကြားရတဲ့သတင်းကြောင့်ဆောက်တည်မရဖြစ်ပြီး သားရှိရာဆီကိုချက်ချင်း
လိုက်လာခဲ့ကြတော့တယ်။ သားရဲ့အလောင်းကိုအတည်ပြုချက်ယူဖို့ရင်ခွဲရုံကိုရောက်
တဲ့အခါမှာ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်မိဘနှစ်ပါးဟာထိတ်လန့်ခြင်း၊ မယုံနိုင်ခြင်း၊
ယူကြုံးမရဖြစ်ခြင်းတွေနဲ့အတူ ဖော်မပြတတ်အောင်ဝမ်းနည်းကြေကွဲသွားကြတော့တယ်။
သူတို့ရှေ့မှာရှိနေတဲ့ သူတို့သားရဲ့သက်မဲ့ရုပ်အလောင်းမှာခြေတစ်ဖက်နဲ့ လက်တစ်
ဖက်ပါမနေခဲ့ဘူးလေ။
••••••••••••••••••••••••••••••••••
(နိုင်ငံခြားWebpage တစ်ခုမှာဖတ်မိခဲ့တဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းလေးကိုဆီလျှော်အောင်
ပြန်လည်ရေးသားမျှဝေခြင်းပါ)
Credit : မနောဖြူ
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
Post a Comment