Header Ads

ရုပ်မချောပေမဲ့လှအောင်ဘယ်လိုနေမလဲ





ယုံကြည်မှုရှိမယ်လို့ထင်တဲ့အရာမျိုးကို လေ့လာဆည်းပူးပါ။ ဥပမာ - ရုပ်ရည်အားနည်းနေပေမဲ့ နယ်ပယ်တစ်ခုမှာ ထူးချွန်တာမျိုးပါ။


၁ - ခန္ဓာကိုယ်ပုံစံ
ရုပ်ရည်ပိုင်းအားနည်းပေမဲ့ ခန္ဓာကိုယ်ပိုင်းက ပြင်ဆင်လို့ရပါတယ်။ ဥပမာ- လက်ပြင်ကုန်းရင်ပြင်ဆင်ပြီး ခန္ဓာကိုယ်ကို မတ်မတ်လျှောက်ပါ။

၂ - သန့်ရှင်းစွာ
ဆံပင်၊အသားအရေစတာတွေကို သန့်သန့်ရှင်းရှင်းထားပါ။ တစ်ကိုယ်ရေသန့်ရှင်းမှုရှိပါ။

၃ - ယုံကြည်မှု
ယုံကြည်မှုရှိမယ်လို့ထင်တဲ့အရာမျိုးကို လေ့လာဆည်းပူးပါ။ ဥပမာ - ရုပ်ရည်အားနည်းနေပေမဲ့ နယ်ပယ်တစ်ခုမှာ ထူးချွန်တာမျိုးပါ။




၎ - ဆံပင်ပုံစံ
ဆံပင်ဟာ ဒုတိယမျက်နှာပါ။ ရုပ်ရည်ပြေပြစ်သူတောင် လိုက်ဖက်တဲ့ဆံပင်ပုံစံမရှိရင် ရုပ်ဆိုးသွားတတ်ပါတယ်။ လိုက်ဖက်တဲ့ဆံပင်ပုံစံကို ရှာဖွေပြီးညှပ်ပါ။

၅ - မျက်နှာ
မျက်နှာကို ဂရုစိုက်ပါ။ ပုံမှန်ပေါင်းတင်ပါ။ ဖြစ်နိုင်ရင် ယုံကြည်ရတဲ့ တန်ဖိုးမြင့်အလှကုန်ပစ္စည်းကိုပဲ သုံးပါ။

၆ - မိတ်ကပ်
မိတ်ကပ်သုံးပါ။ အလွန်အကျွံပြင်ဆင်တာမျိုးကို မလိုအပ်ဘဲ မလုပ်ပါနဲ့။




၇ - စိတ်ထားကောင်းပါ
စိတ်ထားကောင်းဖို့လိုပါတယ်။ ကိုယ့်စိတ်ထားဟာ မျက်နှာမှာဖော်ပြပါတယ်။ တစ်ချို့လူတွေဟာ ရုပ်ရည်ပိုင်းအားနည်းပေမဲ့ လူချစ်လူခင်ပေါတာ စိတ်ထားကြောင့်ပါ။

၈ - ပြုံးပါ
မျက်နှာချိုတာကလည်း လူတွေကို ဆွဲဆောင်နိုင်ပါတယ်။ အမြဲပြုံးပါ။




၉ - အဝတ်အစား
လိုက်ဖက်တဲ့အဝတ်အစားကိုပဲ ဝတ်ပါ။ ခေတ်စားနေတဲ့ စတိုင်တွေနောက်ကိုမလိုက်ပါနဲ့။

၁၀ - အစားအသောက်
ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေပဲစားတဲ့ အလေ့အကျင့်လည်းရှိပါ။ နေ့စဉ်အသီးအနှံဖျော်ရည် တစ်ခွက်သောက်ပါ။
Credit - Duwun
အောင်မြင့်မြတ်(Myanmar Youths)

နေ့စဉ်ဗဟုသုတတွေကို မြန်မာလူငယ် Apk လေးကို ဒီနေရာကိုနှိပ် ပြီး Download ရယူ၍ သင့် Android ဖုန်းလေးထဲကို ထည့်သွင်းဖတ်ရှုနိုင်ပါပြီ


No comments