71 နှစ်မှာ အပြာ မင်းသမီးဘ၀ကို စတင်ခဲ့ပြီး အသက် 80 မှာ အနားယူခဲ့တဲ့ ဂျပန်အမျိုးသမီးကြီး
အာရှမှာ အကြီးမားဆုံး အပြာ ဇာတ်ကားထုတ်လုပ်ရေး ဈေးကွက်ကြီးကို လွှမ်းမိုးချုပ်ကိုင်ထားတဲ့ ဂျပန်နိုင်ငံမှာ၊ အပြာဇာတ်ကားတွေ တစ်လလျှင် ငါးထောင်အထိ ထွက်ရှိနေကြောင်း သိရပါတယ်။ ဒီအတွက် သရုပ်ဆောင်တွေလည်း လိုအပ်လျှက်ရှိပြီး၊ အထူးသဖြင့် အမျိုးသားသရုပ်ဆောင်တွေ ပိုလိုအပ်နေတယ်လို့ သိရပါတယ်။
အဆိုပါ အပြား ဇာတ်ကားထုတ်လုပ်ရေးတွေမှာ အများအားဖြင့် လူငယ်၊ လူလတ်ပိုင်းသရုပ်ဆောင်တွေသာ ရှိခဲ့ပေမယ့် အဖွား Maori Tezuka ကတော့ အသက် 71 နှစ်မှာမှ အပြာဇာတ်ကားတွေမှာ စတင်သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ သူမဟာ အခုအခါမှာ ကိုးနှစ်ကြာကြင်လည်ခဲ့ရတဲ့ ဇာတ်ကားရိုက်ကူးမှုတွေကနေ အနားယူခဲ့ပြီ ဖြစ်ပါတယ်။
အဖွား Moari က ” အလင်းရောင် ရှိတုန်းလေး အကောင်းဆုံးဖြစ်အောင် အလုပ်လုပ်ကြပါ … တကယ်တော့ ကျွန်မ ရွေးချယ်ခဲ့တာတွေအတွက် နောင်တမရပါဘူး .. ဒါပေမယ့် တွဲဖက်သရုပ်ဆောင်မယ့်သူတွေက ကျမနဲ့အလှမ်းကွာဟ လွန်းတော့ ရိုက်ကူးရေးမှာ အခက်အခဲတွေ ရှိလာခဲ့ပါတယ် “လို့ ပြောခဲ့ပါတယ်။
Moari ဟာ ဒီလုပ်ငန်းကို ငွေရေးကြေးရေး သက်သက်သာ လုပ်ခဲ့တာ မဟုတ်ကြောင်း၊ လူတွေဘ၀မှာ မကင်းရာမကင်းကြောင်းတွေကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုစေဖို့ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းပြပါတယ်။ ဂျပန်နိုင်ငံမှာ Geronto porn လို့ခေါ်တဲ့ သက်ကြီးအပြာရုပ်ရှင်တွေကို Silver porn လို့လည်း ခေါ်ကြပါတယ်။
အဆိုပါရုပ်ရှင်တွေကလည်း အံ့မခန်းအောင်မြင်မှုတွေ ရနေပြီး၊ နိုင်ငံရဲ့ လေးပုံတစ်ပုံဖြစ်တဲ့ အသက် 65 ၀န်းကျင် အဖိုးအဖွား 34 သန်းအတွက် သီးသန့်ထုတ်လုပ်ခဲ့တာမျိုးဆိုပေမယ့် လူငယ်ထုကြားမှာလည်း ယင်းအပြာဇာတ်ကားတွေဟာ ဈေးကွက်ခိုင်မာကြောင်း သိရပါတယ်။
AFP သတင်းဌာနရဲ့ အဆိုအရ Moari အပါအ၀င် သက်ကြီးအပြာသရုပ်ဆောင်တွေ ပါဝင်ခဲ့တဲ့ Forbidden Elderly Care ဇာတ်ကားနဲ့ Manic Training of Lolitas ဇာတ်ကားတွေဟာ အပြာဇာတ်ကားထုတ်လုပ်မှုမှာ ကြောက်ခမန်းလိလိ ၀င်ငွေရခဲ့တဲ့ဇာတ်လမ်းတွေဖြစ်ကြောင်း သိရပါတယ်။
source : metro.co.uk
Credit: ညီလင်းထက် (Shwemom)
Post a Comment